2021-03-05
ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ခန့်အပ်ထားတဲ့ ဒေါက်တာဆာဆာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ မတ်လ ၅ ရက် ဒီကနေ့ ညပိုင်းမှာ ဆွေးနွေးခဲ့ပါတယ်။
2021-03-05
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က စစ်တပ်နဲ့အစိုးရကို အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားလေးဦးကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ နဲ့ ထပ်တိုးအမှုဖွင့်လိုက်ပါတယ်။
2021-03-05
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနဲ့ သူ့အမှုလိုက်ရှေ့နေတွေ မတ်လ ၅ ရက် ဒီနေ့ထိ တွေ့ခွင့်မရသေးဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထူးဦးကပြောပါတယ်။
2021-03-05
ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ဆက်လက်အနှောင့်အယှက်ပေး ပစ်ခတ်သတ်ဖြတ်နေမယ်ဆိုရင် ခုခံကာကွယ် သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
2021-03-05
ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ အပါအဝင် လက်မှတ်မထိုးထားတဲ့အဖွဲ့တွေနဲ့ပါ ဆက်သွယ်ဆွေးနွေးဖို့စီစဉ်နေကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်(ခေါ်) မောင်တင်သစ်က ပြောပါတယ်။ တိုင်းရင်းသားတွေကလည်း ၂၀၀၈ ဖျက်သိမ်းရေးကို လိုလားတယ်လို့ ဆိုပါတယ်။
2021-03-05
မြန်မာနိုင်ငံက ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို အလွန်အကျွံအင်အားသုံးပြီး ပစ်ခတ်သတ်ဖြတ်တဲ့ စစ်သားနဲ့ ရဲတွေကို နိုင်ငံတကာဥပဒေအရ အရေးယူ အပြစ်ပေးလို့ရတယ်လို့ အမေရိကန်တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ယူခဲ့ဖူးတဲ့ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က သတိပေးလိုက်ပါတယ်။
2021-03-05
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က စစ်တပ်နဲ့ အစိုးရကို အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသား လေးဦးကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှု ဥပဒေပုဒ်မ ၂၉ နဲ့ ထပ်တိုးအမှုဖွင့်လိုက်ပါတယ်။
2021-03-05
လားရှိုးမြို့နဲ့ ခြောက်မိုင်လောက်အကွာမှာရှိတဲ့ မယ်ဟန်ကျေးရွာမှာ TNLA တပ်ဖွဲ့တွေ လှုပ်ရှားတာဟာ ပုံမှန်အတိုင်း နယ်မြေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ကင်းလှည့်ဆောင်ရွက်တာသာဖြစ်တယ်လို့ TNLA ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ လားရှိုးဟာ TNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
2021-03-05
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်းမှာ ဆန္ဒပြသူတွေအတွက် လမ်းရှင်းပေးနေသူ ကိုဇော်မျိုး အသက် ၂၇ နှစ်ဟာ စစ်တပ်နဲ့ရဲတို့က သေနတ်နဲ့ပစ်လိုက်လို့ လည်ပင်းသေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာလည်း နေ့စဉ်ဆက်တိုက်ဆန္ဒပြနေကြပြီး စစ်တပ်၊ ရဲတို့နဲ့ ထိပ်တိုက်တွေ့တာမျိုးတွေကိုရှောင်ပြီး ဆန္ဒပြနေကြပါတယ်။
2021-03-04
လက်ရှိဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲတွေက ဥပဒေမဲ့ သတ်ဖြတ်မှုနေရချိန်မှာ သြဇာတိက္ကမကြီးမားတဲ့ ဆရာတော်ကြီးတွေ အနေနဲ့ မိမိတို့ရဲ့ ဒါယိကာ ဒါယိကာမတွေဖက်က ဝင်ရောက်ရပ်တည်ပြီး အာဏာသိမ်းစစ်အုပ်စုကို မိန့်ကြား တားမြစ်သင့်တယ်လို့ ပြည်သူတွေ နဲ့ ဆရာတော် အများအပြားက ရှုမြင်နေကြပါတယ်။
2021-03-04
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ UN Fact Finding mission အဖွဲ့ဝင်တွေဟာ Special Advisory Council for Myanmar လို့ခေါ်တဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
2021-03-04
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြရုံသက်သက်နဲ့ လက်နက်မဲ့သူတွေ၊ အပြစ်မဲ့ပြည်သူတွေကို လက်ဖြောင့်သေနတ်သမားက ခေါင်းတည့်တည့်ပစ်၊ ကျည်အစစ်တွေ၊ လေယဉ်တွေပါ သုံးပြီး အကြမ်းဖက်ဖြိုခွင်းနေတဲ့ မြန်မာစစ်တပ်နဲ့ ကမ္ဘာ့ ၁၃ နိုင်ငံဟာ စစ်ရေးသင်တန်း ဒါမှမဟုတ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတယ်လို့ Burma Campaign –UK ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဒီလ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
2021-03-04
မြန်မာပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်မခံရအောင် ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းနဲ့အညီ သက်ဆိုင်ရာ ဒေသတွင်း အဖွဲ့အစည်းတွေကိုနဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂအနေနဲ့ “R2P” ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူကို လိုက်နာ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ က မတ်လ ၄ ရက် ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2021-02-28
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနေ့က အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စစ်တပ် နဲ့ ရဲက ကျည်ဆန်အစစ်တွေအပါအဝင် ရာဘာကျည်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အတော် များများမှာ သေဆုံးသူ ၁၈ ဦး ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူတွေ အများအပြားရှိခဲ့ပါတယ်။
2021-02-28
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနောက်ကွယ်မှာ တရုတ်နိုင်ငံ ပါဝင်ပတ်သက် တဲ့အကြောင်းနဲ့ စစ်ခေါင်းဆောင်ရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ သုံးသပ်တဲ့ အကြောင်း အချက်အလက်တချို့ကို တင်ပြထားပါတယ်။
2021-02-26
စစ်အာဏာသိမ်းပြီး ဒုတိယမြောက်သီတင်းပတ်လောက်ကစပြီး စစ်တပ်ကို ထောက်ခံကြောင်း တန်ပြန်အင်အားပြတဲ့ပွဲတွေကို ကြိုကြားကြိုကြားတွေ့လာ ရပါတယ်။ အဲဒီလိုအင်အားပြသူတွေကို လူထုက တားဆီး မေးမြန်းတဲ့အခါ အကြောင်းပြချက် အမျိုးမျိုးပေးကြပေမဲ့ စစ်တပ်နဲ့ တပ်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေက ခိုင်းလို့လုပ်ရပါတယ်ဆိုတဲ့ အဖြေကတော့ အတူတူပဲဖြစ်ပါတယ်။
2021-02-25
CMP လက်ခစားအထည်ချုပ်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်ပအပ်ထည်တွေ ဆုံးရှုံးခဲ့ရတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေခဲ့ရပြီး ကာကွယ်ဆေးရောင်ခြည်သန်းမှုကြောင့် အထည်ချုပ်လုပ်ငန်းတွေက အပ်ထည်တွေပြန်ရမယ့်အခြေအနေမှာ စစ်တပ်အာဏာသိမ်းလိုက်လို့ ပြည်ပအပ်ထည်တွေ ပြန်လည်ဆုံးရှုံးသွားကြပြီဖြစ်ပါတယ်။
2021-02-24
မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ စစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ၊ CDM လို့ခေါ်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ ဒီနေ့အထိ ဆန္ဒပြလှုပ်ရှားမှုတွေ လုံးဝ မရှိပါဘူး။
2021-02-23
လက်ရှိ ပြည်တွင်းဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ သံဃာအရေအတွက် တနေ့တခြား များလာနေပေမယ့် အရင်လှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေဆဲဖြစ်ပါတယ်
2021-02-22
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖြစ်ရပ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံအသီးသီးက တုံ့ပြန်ပြောဆိုမှုတွေဟာ အာဏာသိမ်း အစိုးရက ရှေ့ဆက်မယ့် လုပ်ဆောင်ချက်တွေအတွက် ကြီးမားတဲ့ သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
2021-02-22
အရင်အစိုးရနဲ့ NCA အပစ်အခတ်ရပ်စဲရေးချုပ်ဆိုထားတဲ့ တိုင်းရင်းသားတွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေး နွေးမှုတွေကို ရပ်ဆိုင်းပြီး ပြည်သူ့လှုပ်ရှားမှုတွေကို ထောက်ခံမယ်လို့ ကြေညာခဲ့တာကို CRPH ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီက ကြိုဆိုထောက်ခံခဲ့ပါတယ်။