လွတ်လပ်သောအာရှအသံ၏ တာဝန်နှင့် ရည်ရွယ်ချက်

လွတ်လပ်သောအာရှအသံ၏ တာဝန်နှင့် ရည်ရွယ်ချက်များ၊ သက်ဆိုင်ရာ အစိုးရများ၏ ပိတ်ပင်ဟန့်တားမှုများကြောင့်၊ သတင်းလွတ်လပ်ခွင့် မရှိသော အာရှနိုင်ငံများမှ သောတရှင်များထံ၊ တိကျမှန်ကန်ပြီး၊ အချိန်ကိုက်ဖြစ်သော သတင်းနှင့် သတင်းအချက်အလက်များ ထုတ်လွှင့်ပေးရန် ဖြစ်ပါသည်။
လွတ်လပ်သောအာရှအသံ၏ တာဝန်နှင့် ရည်ရွယ်ချက်
Photo: RFA

လွတ်လပ်သောအာရှအသံ၏ တာဝန်နှင့် ရည်ရွယ်ချက်များ၊ သက်ဆိုင်ရာ အစိုးရများ၏ ပိတ်ပင်ဟန့်တားမှုများကြောင့်၊ သတင်းလွတ်လပ်ခွင့် မရှိသော အာရှနိုင်ငံများမှ သောတရှင်များထံ၊ တိကျမှန်ကန်ပြီး၊ အချိန်ကိုက်ဖြစ်သော သတင်းနှင့် သတင်းအချက်အလက်များ  ထုတ်လွှင့်ပေးရန် ဖြစ်ပါသည်။

လွတ်လပ်သောအာရှအသံသည်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ ချမှတ်ထားသည့်၊ ပဓာနကျသည့် ကျင့်ဝတ်စည်းကမ်းများအား တစိုက်မတ်မတ် လိုက်နာကျင့်သုံးသွားမည့် ကိစ္စများ ဆုံးဖြတ်ဆောင်ရွက်ရာ၌ မရှိမဖြစ် လိုအပ်သော သတင်းအချက်အလက်များအား၊ သောတရှင်များ အကြားအမြင်များစေရန်အတွက်၊ လွှတ်လပ်သောအာရှအသံက ထုတ်လွှင့်ပေးနေပါသည်။

ကျွန်ုပ်တို့၏ တာဝန်ှမှာ တိကျမှန်ကန်ေသာ၊ အချိန်ကိုက်လည်းဖြစ်သော သတင်း၊ သတင်းအချက်အလက်များ ဝေဖန်သုံးသပ်ချက်များကို ထုတ်လွှင့်ပေးရန်၊ အာရှနိုင်ငံများက ပြည်သူများအနေဖြင့်၊ မိမိတို့၏ အမြင်အယူအဆအများကို ထုတ်ဖော်ပြောဆိုနိုင်ရန်ဖြစ်သည်။

ကျွန်ုပ်တို့ အင်တာနက်စာမျက်နှာ၏ ရည်ရွယ်ချက်မှာလည်း ဤနည်းအတိုင်းဖြစ်ပြီး၊ မိမိတို့ဌာနများ၏ အသံလွှင့်ချက်များကို တကမ္ဘာလုံးအတိုင်းအတာထိ ပျံ့နှံ့နိုင်အောင်၊ ထပ်မံ အားဖြည့်ထားခြင်းဖြစ်သည်။ သတင်းအစီအစဉ်များအပြင်၊ သက်ဆိုင်ရာနိုင်ငံများ၌ ပိတ်ပင်တားမြစ်ခံထားရသည့်၊ စာပေနှင့်  အသိဉာဏ်ပွားဖွယ်ရာ ရေးသားချက်များကိုလည်း ထုတ်လွှင့်ပေးပါသည်။

လွတ်လပ်သောအာရှအသံသည် သတင်းလုပ်ငန်းဆိုင်ရာ၊ အမြင့်မားဆုံး စံသတ်မှတ်ချက်များအား၊ မြဲမြံစွာခံယူကျင့်သုံးပါသည်။ သတင်းထုတ်လွှင့်ချက်များ၌ တိကျမှု၊ မျှတမှုရှိရုံမက၊ တဖက်ဖက်သို့တိမ်းစောင်းမှု ဘက်လိုက်မှု မရှိရအောင်လည်း၊ အားသွန်ခွန်စိုက် ကြိုပမ်း အားထုတ်ပါသည်။

လွတ်လပ်သောအာရှအသံသည်၊ တရုတ်ဌာနမှ မန်ဒရင်း၊ ကန်တုန်၊ ဝီဂါဘာသာ စကားများဖြင့်လည်းကောင်း၊ မြန်မာဌာန၊ တိဘက်ဌာန၊ လာအိုဌာန၊ ကမ္ဘောဒီးယားဌာန၊ ဗီယက်နမ်ဌာန၊ ကိုရီးယားဌာနတို့မှ သက်ဆိုင်ရာ ဘာသာစကားများဖြင့်လည်းကောင်း ထုတ်လွှင့်ပေးနေပါသည်။

သောတရှင်မှ ကိုယ်တိုင် မိမိတို့၏ ကိုယ်ပိုင်အမြင်၊ အယူအဆများကို တိုက်ရိုက်ထုတ်ဖော်ဆွေးနွေးခွင့်၊ မိမိတို့ သိလိုသည့် အကြောင်းအရာများအား တိုက်ရိုက် ပါဝင်မေးမြန်းနိုင်ခွင့်ရှိသည့် အစီအစဉ်တစ်ရပ် ကိုလည်း လွတ်လပ်သောအာရှအသံက ဖန်တီးပေးထားပါသည်။ ထိုအစီအစဉ်များ ကန်တုန်ဌာနမှာ ၁ ခု၊ မန်ဒရင်းဌာနမှာ ၅ ခု၊ တိဘက်ဌာနမှာ ၄ ခုနှင့် ဝီဂါဌာနမှာ ၁ ခု၊ စုစုပေါင်း ၁၂ ခု စီစဉ်ပေးထားပါသည်။

လွတ်လပ်သောအာရှအသံသည် အမြတ်အစွန်းရရေးအတွက် မရည်ရွယ်သော၊ တသီးပုဂ္ဂလ အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ အမေရိကန်ကွန်ဂရက်လွှတ်တော်က လွတ်လပ်သောအာရှအသံကို ထူထောင်ခွင့်ပြုထားပြီး၊ ပြည်ထောင်စုအစိုးရက နှစ်စဉ် ရန်ပုံငွေချပေးနေသော်လည်း၊ လွတ်လပ်သောအာရှအသံသည် အမေရိကန်အစိုးရ၏ ဌာနတစ်ခု မဟုတ်သလို၊ ကျွန်တော်တို့သည်လည်း အမေရိကန်အစိုးရဝန်ထမ်းများ မဟုတ်ကြပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2015-04-27 04:59

စဈပှဲတှေ အေး၁မြျးပာစေ
မွနျမာပွညျ သာယာမညျ

Anonymous
2012-11-29 09:19

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံ ပြည်နယ်သာသနာရေး
မှူးရုံး၏ခရစ်ယာန်အသင်းတော်များအပေါ်ခြိမ်းခြောက်နေမှုအီးမေးသတင်းအားဖေါ်ပြစေချင်ပါသည်။

Anonymous
2012-04-01 12:12

ျမန္မာ့စား

Anonymous
2015-05-14 14:23

ကိုယ်ထူ ကိုယ်ထဆိုပြီး လက်လုပ်လက်စားများ ထံမှ ငွေကောက်ခံ၍ အသံချဲ့စက်ဖွင့်ကာ နာမည်ကောင်းယူတတ်သည့် အဖွဲ့အစည်းများ မြန်မာပြည်တွင်ရှိကြောင်း ထောက်ခံပါသည် မပြေလည်၍ မပါဝင်နိုင်လျင် ယုတ်ညံ့သော တုန့်ပြန်မှုများ နှင့် လူရာမသွင်းကြောင်း ထောက်ခံအပ်ပါသည်

Anonymous
2011-02-15 07:49

To Webmaster,

You changed the font on Burmese pages to Burmese Unicode font that truly and fully complies to Unicode encoding ver 6.0.
http://imageupload.org/?di=13129780976413

Why you stop using stolen-material Zawgyi font, abused -Unicode font, abused-US Tax-payers font ?
Are you getting out of morally-reprehensible status ?
Getting to moral upright is hard for you.

Anonymous
2012-12-09 08:49

ရန်ကုန်လှိုင်သာယာမြို့နယ် ၇ရပ်ကွက် တေးဥယျာဉ် ၁
လမ်းမှာ လက်လုပ်လက်စားများထံမှ မိသားစုတစ်စုလျှင်
ကျပ်တစ်သိန်းခွဲ ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းခင်း
ဖို့ အတင်းအဓမ္မကောက်ခံနေတာကို ထုတ်လွှင့်ပေးစေချင်ပါတယ် ။ အီးမေးလ်ပေးပို့ထား
ပြီးဖြစ်ပါတယ် ။

Anonymous
2012-02-18 19:27

rfaရေကျေးဇူးပြုပြီးတိရစ္ဆာန်နဲ.သစ်ပင်လေးတွေကိုကယ်တင်ပေးပါနော်။လိပ်စာကစောစံဖိုးသင်။ပါ.၀ကvoaဖုံးနံပတ်12023825554ပါ။rfaအိုဆူအိုခလေးနော်။ဝါကညောကလော်ယှဲတဲသေး။ဝါကညောလီဝါရေးတတေးပါ။ခဲနယ်အီ ယဲအီးမေးနဲ.ပါစ်ဝ ဘ၀ါသီညားဟိုးသ ဒလုံခြုံပါ။I need RFA HELP.သားအီးမေးနဲ.ပ၀ကိုrfa ကိုအပ်ပါတယ်။gtalkက sawksoe854 ပ၀က095401604ပါ။သားရဲဖေ.ဘွတ်ကိုပါ.၀ပြောင်းပေးပါနော်။ဒါပလုနော်။thank

Anonymous
2013-04-12 14:42

YES

Anonymous
2012-10-15 13:21

အကျင့်ပျက်နေသောဝန်ထမ်းများအကြောင်းဖော်ထုပ်စေလိုပါသည်။

Anonymous
2011-02-02 00:54

bgtdr1

Anonymous
2012-11-29 04:23

i want to know about gurkha myanmar (nepali )news , when i was young i never listen about goukha myanmar , how to live in myanmar, pls you inform to us

Anonymous
2012-09-17 01:48

မင်္ဂလာပါrfaစစ်ကိုင်တိုင်ဒေသြွကီးမုံရွာမြို့အောင်ချမ်သာရပ်ကွပ်ဆေးဘုန်ကြီးကျောင်းလငငငင်မ်း။လမ်းသွယ်သုံးလမ်းကိုရပ်ကွပ်အုပ်ချုပ်ရေးမူနှင်အဖွဲ့ဝင်များနှင်ပူပေါင်းလပ်းပိတ်ထားပါသည်။တိုင်ဒေသကြီးဝန်ကြီးချုပ်အနေဖြင့်ကူညီဖြေရှင်းပေပါရနိတင်ပြအပ်ပါသည်။