ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စုက တာမခန်၊ ဟောင်ပါး၊ ဟွေဆိုင်းရွာ သုံးရွာ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းကို ၂၀၂၁၊ ဧပြီ ၁၀ ရက်နေ့က လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြစဥ်

ဖားကန့်မြို့နယ်နဲ့ မိုးကုတ်မြို့ ပြည်သူတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုများ

ဧပြီ ၁၀ ရက်၊ ဒီနေ့မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စုက တာမခန်၊ ဟောင်ပါး၊ ဟွေဆိုင်း ရွာသုံးရွာ စုပေါင်းပြီး လူထုအင်အား (၄၀၀) ခန့် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြသလို မန္တလေးတိုင်း၊ မိုးကုတ်မြို့ (အရှေ့ပိုင်း) က ပြည်သူတွေကလည်း စစ်အာဏာရှင် စနစ်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

သိစရာကြည့်စရာ
RFA Here and Now



မေးမြန်းခန်း

စစ်အာဏာရှင်ပြုတ်ကျရေး အစွမ်းကုန်ပံ့ပိုးမယ်လို့ ချမ်းချမ်းပြော

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်မရောက်မချင်း စစ်အာဏာရှင်ပြုတ်ကျရေးကို ရရာနေရာကနေ အစွမ်းကုန် ပံ့ပိုးကူညီ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အဆိုတော် ချမ်းချမ်းက ပြောလိုက်ပါတယ်။

ခမရ ၅၂၈ က ဗိုလ်ကြီးလင်းထက်အောင် လွတ်မြောက်နယ်မြေ ရောက်ရှိ

တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုင်းပြင်းမြို့နယ်ရှိ ခမရ ၅၂၈ က ဗိုလ်ကြီး လင်းထက်အောင်ဟာ အာဏာရှင်စစ်ကောင်စီကို ဆန့်ကျင်ဖီဆန်ကာ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းလိုက်ပါပြီ။

သတင်းထောက်နှစ်ယောက်ကို တတိယအကြိမ် ရုံးထုတ်စစ်ဆေး

တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းဌာနက သတင်းထောက် မကေဇွန်နွေးနဲ့ အလွတ်သတင်းထောက် ကိုစိုးရာဇာထွန်းတို့ကို ဧပြီလ ၈ ရက်နေ့ က အင်းစိန်အကျဉ်းထောင်မှာ တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

CRPH နဲ့ လက်တွဲနေတဲ့ ၈၈ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်

အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် ဧပြီလအတွင်းမှာ အလှည့်အပြောင်းတွေပေါ်ပေါက်လာမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

တိုင်းရင်းသားတွေစုပေါင်းရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အတည်ပြုဖို့ KNU ပြော

ဒီလိုအတည်ပြုလိုက်ရင် ပြည်သူအများစုလိုလားတောင်းတနေတဲ့ ဖက်ဒရယ် တပ်မတော်တရပ် အမြန်ဆုံး ဖြစ်လာနိုင်မယ်လို့ KNU တပ်မဟာ ၅ နယ်မြေ ပြောခွင့်ရ ပဒိုမန်းမန်းက RFA ကိုပြောပါတယ်။

ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးထုတ်လုပ်မှု
drug-160

"လူကုန်ကူးသူတွေကို သတိထားပါ"
e-book ရုပ်ပြဇာတ်လမ်း
လူကုန်ကူးသူတွေကို သတိထားပါ (E-Book စာအုပ်)

View Full Site