ဧရာဝတီကို ကယ်တင်ရေး

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ မြစ်ဆုံရေကာတာ နဲ့ နောက်ထပ် ရေကာတာ ၆ ခုကြောင့် ဧရာဝတီ မြစ်ကြီးကို ပျက်စီးစေနိုင်ပြီး ကချင်ပြည်သူတွေနဲ့ မြစ်ရိုးတလျှောက် အသက်မွေးဝမ်းကြောင်းနေတဲ့ ပြည်သူ သန်းပေါင်းများစွာ ဘဝတွေ ပျက်သုဉ်းသွား နိုင်တဲ့အကြောင်း ဆွေးနွေးထားကြပါတယ်။

2011.08.14
kachin_myitsone_dam_305_z.png ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား အထက်ဖက် ၂၅ မိုင်အကွာတွင် တည်ဆောက်နေသည့် မြစ်ဆုံ ရေကာတာ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ ထိုနေရာ အနီးမှာပင် တရုတ်နှင့် အိန္ဒိယသို့ ဖောက်လုပ်မည့် လီဒိုလမ်းအတွက် ဧရာဝတီ မြစ်ကူးတံတား အသစ်တခု တည်ဆောက်မည်။ (RFA Map)
RFA Map

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ ညွှွန့်ပေါင်းအစိုးရအဖွဲ့ဝင်၊ ဆည်မြောင်းဝန်ကြီးဌာန အင်ဂျင်နီယာဟောင်း ဦးဘိုလှတင့်၊ USCB မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မူဝါဒ ညွန်ကြားရေးမှူး ဦးအောင်ဒင်နဲ့ အမေရိကန်ပြည်ထောင်စု ဘာကလေ တက္ကသိုလ်က ကိုမင်းဇင်တို့ ဖြစ်ပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-20 19:04

Correct, we must do anti-china as Vietnam.....even we should boycott Made in China