အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး

အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ဝိုင်းဝန်းပါဝင်ကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်ခဲ့ တာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။

2011.05.08
free_prisoners_305_z မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀ဝ၇ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့က တောင်းဆို ဆန္ဒပြနေသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ အရှင် ပညာဇောတ၊ ကနေဒါနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာနဲ့ အခွင့်အရေးများဆိုင်ရာအဖွဲ့က ဒေါ်မော်လီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)- ဗြိတိန်ဌာနခွဲ ဥက္ကဋ္ဌ ဦးဝင်းနိုင်နဲ့ နော်ဝေနိုင်ငံရောက် ၁၉၉ဝ ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သွင် တို့ ဖြစ်ကြပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။