ရွေးကောက်ခံထားရတဲ့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရိုက်ခံရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြည်နယ်လွတ်တော် အတွက် အရွေးချယ်ခံ အမတ်လောင်းတဦးကို လူငယ်တစုက ဝိုင်းရိုက်တာကြောင့် ဆေးရုံတင်ထားရကြောင်း ကျောက်တော်မြို့ခံတွေက ပြောပါတယ်။

2010.11.23
Share on WhatsApp
Share on WhatsApp

အရိုက်ခံရသူ အရွေးချယ်ခံ အမတ်လောင်းဟာ RNDP ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီက ဦးစောငြိမ်း ဖြစ်ပြီး ကျောက်တော် မဲဆန္ဒနယ် အမှတ်၂ မှာ ပြည်နယ်အဆင့် အရွေးချယ်ခံရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက အရိုက်ခံရတာ ဖြစ်ပြီး အရက်သောက်နေတဲ့ လူုငယ်တွေကို သွားပြီး ပြောဆိုရာက အရိုက်ခံရတာ ဖြစ်တယ်လို့ ကျောက်တော် ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ကျောက်တော်ဒေသခံတွေ အဆိုအရ ဦးစောငြိမ်းကို ရပ်ကွက်တွင်း နေထိုင်သူ တော်တော်များများက သဘောကျခြင်း မရှိတာအပြင် ရွေးကောက်ပွဲနေ့က ကျေးရွာတချို့မှာ မဲမသမာမူ လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်နေသူတွေ ရှိတယ်လို့ RFA ကို ပြောပြပါတယ်။

ခုလို ဦးစောငြိမ်း အရိုက်ခံရတာနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်လစ်ခြင်းလည်း မရှိဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RNDP ပါတီကို မေးမြန်းတဲ့အခါ ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါတီကို ဦးစောငြိမ်း ထံက တရားဝင် အကြောင်းကြားချက် မရရှိသလို ဒေသခံတွေ ပြောဆိုတာနဲ့ ပတ်သက်ပြီး တော့လည်း မိမိတို့ မသိရှိကြောင်း ပြောဆိုပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။