စီးပွားရေးနဲ့ ဆင်းရဲမွဲတေမှု


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိထားတဲ့ ကာလအတွင်း မြန်မာ့စီးပွားရေး နှစ်စဉ် ၆ ရာခိုင်နှုန်း တိုးတက်နေပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ သွားလာမှု ကန့်သတ်လိုက်ရတဲ့ အကျိုးဆက်တွေကြောင့် လက်ရှိဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) တိုးတက်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါဟာ မကြာသေးခင်က ရရှိထားတဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေး ဆောင်ရွက်ချက် တိုးတက်မှုတွေနဲ့ တစ်ဦးချင်းဝင်ငွေ ကျဆင်းလာမှုကိုလည်း ခြိမ်းခြောက်နေပါတယ်။

ဒီအကျပ်အတည်းကြောင့် လက်လီလက္ကား ရောင်းဝယ်ဖောက်ကား မှုတွေ၊ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုတွေ၊ ကုန်ထုတ်လုပ်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အများဆုံး ထိခိုက်နေသလို လယ်ယာ ထွက်ကုန်နဲ့ စားသောက်ကုန် လုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။ ဒါ့အပြင် အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံမှာ ကပ်ရောဂါကြောင့် စက်ရုံတွေပိတ်လိုက်ရတဲ့အတွက် သောင်းချီတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ပြန်လာကြရပြီး စားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင် နေကြရပါတယ်။

NLD အစိုးရရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလ စီးပွားရေးသက်သာခွင့် အစီအစဉ်က ပုဂ္ဂလိက တစ်ဦးချင်းကိုရော စီးပွားရေးလုပ်ငန်းတွေကိုပါ ပံ့ပိုးပေးခဲ့ပါတယ်။ အလှူရှင်နိုင်ငံ တွေကလည်း ပုံမှန်ဆပ်ရမယ့် အကြွေးတချို့ကို ဆိုင်းငံ့ပေးခဲ့သလို အကူအညီတချို့လည်း ပေးခဲ့ပါတယ်။ ကပ်ရောဂါကာလအလွန်မှာ စီးပွားရေး ပြန်ကောင်း လာနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပေမယ့် နောက်တက်လာမယ့် အစိုးရအတွက်တော့ စီးပွားရေး နလံထပြီး အရှည်တည်တံ့အောင် လုပ်ဖို့က အဓိက စိမ်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။