နိုင်ငံတကာဆက်ဆံရေး


မြန်မာနိုင်ငံဟာ သမိုင်းဝင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြောင့် နိုင်ငံတကာနဲ့ဆက်ဆံရေး မြှင့်တင်နိုင်ခဲ့ပေမယ့်၊ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တပ်က ဖြိုခွဲ မောင်းထုတ်လိုက်ပြီး နောက်မှာတော့ နိုင်ငံတကာဆက်ဆံရေး ဆုတ်ယုတ်ကျဆင်းသွားခဲ့ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး တရားစွဲဆိုတာကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတချို့က စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခဲ့ရပါတယ်။

အဲဒီလို အနောက်နိုင်ငံတွေက အရေးယူထားပေမယ့်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သြဇာအာဏာ ရှိတဲ့ တရုတ်အစိုးရနဲ့ဆက်ဆံရေးကိုတော့ မြန်မာအစိုးရက ဆက်လက်ထိန်းသိမ်းထားပါတယ်။ တရုတ်အစိုးရက လည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာကို ပြစ်တင်ဝေဖန်တာမျိုး ရှောင်ကြဉ်ပြီး၊ နိုင်ငံရေး စီးပွားရေးအရ ထောက်ပံ့တာ သံတမန်ရေး ဖေးမတာတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုပြီးနက်ရှိုင်းအောင် တည်ဆောက်ထားပါ တယ်။ မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးအတွက် အခြေခံအဆောက်အဦ တည်ဆောက်ရေးကနေ အဓိက အကျိုးခံစားရမယ့် နိုင်ငံတစ်ခုလည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့သြဇာ လွှမ်းမိုးလာနေတဲ့အပေါ် ပြည်သူလူထုက ပိုပိုပြီး စိုးရိမ်လာနေတဲ့ အခြေအနေကို နောက်တက်လာမယ့် အစိုးရက ရင်ဆိုင်ရမှာဖြစ်ပါတယ်။