သတင်းမြင်ကွင်းကျယ်

တင်အောင်ခိုင်
2024.09.03

"ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာ ဘာရည်ရွယ်ချက်လဲ"

စစ်ကောင်စီဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီကြေညာချက်ကြောင့် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိက္ခတွေ ရပ်ဆိုင်းဖို့ ကြိုးပမ်းချက် ပျက်သုဉ်းသွားနိုင်သလားဆိုတာ မေးစရာရှိပါတယ်။ ညီနောင်သုံးဖွဲ့ဘက်ကတော့ လုပ်စရာရှိတာကို ဆက်လုပ်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ သုံးသပ်သူတွေရဲ့ အမြင်တွေကို ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ပအိုဝ်းပြည်သူ့စစ်တွေ အင်အားပြနေသလား"

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တယားမြို့မှာ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က သြဂုတ် ၂၁ ရက်နေ့မှာ ပြည်သူစစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။ သင်တန်းသား တစ်သောင်းကျော်တယ်လို့ သတင်းထုတ် ပြန်ပါတယ်။ ဒါပေမဲ့ ဒါဟာ တော်လှန်ရေးအဖွဲ့တွေကို အင်အားပြတာဖြစ်ပြီး တကယ်တန်းက လူတွေကို တန်းစီခိုင်းပြီး ဓာတ်ပုံရိုက်ပြတာလို့ သုံးသပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ဒီပဲယင်းကို ဘာကြောင့် PDF လက်လွှတ်ခဲ့ရသလဲ"

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သြဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၁၈ ရက်နေ့ ညနေပိုင်းမှာပဲ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။ ဘာကြောင့်ပါလဲ၊ လေကြောင်းကနေ သာလွန်အင်အားကိုသုံးပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့တာကြောင့်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ရွေးကောက်ပွဲ ဖြစ်လာနိုင်မလား"

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်တွေ ပြင်းထန်လာနေချိန် တစ်နေ့တစ်ခြား စစ်ကောင်စီဘက်ကလည်း စစ်စခန်းတွေ၊ မြို့တွေ လက်လွတ်ရတာတွေ များလာနေချိန်မှာပဲ ရွေးကောက်ပွဲကျင်းနိုင်ရေး အားသွန်ကြိုးပမ်းဖို့ ရွေးကာက်ပွဲကော်မရှင်က ကြိုးစားနေတယ်လို့ စစ်ကောင်စီအာဘော်သတင်းတွေမှာ ဖော်ပြလာပါတယ်။ သုံးသပ်သူတွေကတော့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိဘူးလို့ ပြောဆိုနေပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ဘာကြောင့် ဘေးလွတ်ရာ ထွက်ပြေးခွင့်မပေးသလဲ"

မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာကို ပြေးရှောင်နေကြရသူတွေကတော့ ဒေသခံပြည်သူတွေပါ။ တိုက်ပွဲအဖြစ်များတဲ့ နေရာများကနေ တိုက်ပွဲအနည်းငယ် လျော့တဲ့နေရာတွေ မြို့ရွာတွေကို ထွက်ပြေးနေကြရပါတယ်။ တချို့လည်း တောတောင်တွေထဲက လျှိုမြောင်တွေကြားမှာ ခိုအောင်းနေကြပါတယ်။ ဒါပေမဲ့ နေရာဒေသအတော်တော်များများမှာ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို နေရပ်ကနေ စွန်ခွာခွင့်မပေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ လူသားတံတိုင်းအနေနဲ့ လူတွေကို အကာအကွယ်ယူပြီး စစ်ပွဲကို တိုက်ခိုက်နေတာလို့ သုံးသပ်သူတွေရှိသလို တချို့ကလည်း မြို့ရွာတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေဆဲဆိုတာ ကမ္ဘာကို ပြသဖို့ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဦးတင်အောင်ခိုင်တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်း ဒေသခံတွေပြော"

စစ်ပွဲတစ်ပွဲမှာ အသာစီးရနေတယ်ဘက်ဆိုတာဟာ မြို့တွေ၊ ရွာတွေ တပ်စခန်းတွေကို သိမ်းနိုင်တဲ့ဘက်လို့ ယေဘုယျပြောနိုင်ပေမဲ့၊ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိလိုက်တဲ့ မြို့တွေဟာ လူတစ်ယောက်မှမရှိတဲ့ မြို့တွေ၊ ပျက်စီးနေတဲ့မြို့တွေ ဖြစ်နေတာ မြင်နေရပါတယ်။ သုံးသပ်သူတွေက စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့ ပြောပေမဲ့ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်မထားပါဘူးလို့ ငြင်းဆိုနေပါတယ် ဦးတင်အောင်ခိုင် ဆက်လက်တင်ပြပါမယ်၊၊

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ဖမ်းဆီးတဲ့နည်းနဲ့ ကုန်စျေးနှုန်း မထိန်းချုပ်နိုင်ကြောင်း စီးပွားရေးပညာရှင်ပြော"

မြန်မာနိုင်ငံက ကျပ်ငွေတန်ဖိုးတွေကျပြီး ရွှေစျေး၊ ဒေါ်လာစျေးတွေ အဆမတန်တက်လာတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ဖြေရှင်းနည်းဟာ ငွေကြေးဆိုင်ရာ တာ၀န်ရှိသူတွေကို အလုပ်ကရပ်နားလိုက်သလို ရွှေနဲ့ ဒေါ်လာအရောင်းအ၀ယ်လုပ်သူတွေကို ဖမ်းလိုက်ပါတယ်။ အလားတူ ထိုင်းနိုင်ငံမှာ ကွန်ဒိုအရောင်းအ၀ယ်အတွက် ၀န်ဆောင်မှုလုပ်ပေးနေတဲ့ အကျိုးဆောင်လုပ်ငန်းကသူတွေကိုလည်း ခေါ်ယူစစ်ဆေးတာတွေ လုပ်နေပါတယ်။ သုံးသပ်သူတွေကတော့ စစ်ကောင်စီဟာ စစ်အစိုးရအဆက်ဆက် လုပ်ကိုင်လေ့ရှိတဲ့ ဖြေရှင်းနည်းနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ၀ေဖန်ပါတယ်။ ဦးတင်အောင်ခိုင် ဆက်ပြီးတင်ပြပါမယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"UID စမတ်ကဒ်တွေ ဘာကြောင့် အရေးကြီးနေသလဲ"

တရုတ်နိုင်ငံအတွင်း အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံတွင်းကို အလုံးအရင်းနဲ့ ပြန်၀င်လာနေကြပါတယ်။ အဓိက စစ်ကောင်စီက နယ်စပ်ဖြတ်ကျော်ခွင့် စနစ်ကို မေလ ၁ ရက်နေ့က စပြီး UID စမတ်ကဒ်နဲ့သာ ၀င်ရောက်ဖို့ သတ်မှတ်လိုက်တာကြောင့် ဖြစ်ပါတယ်။ မေလ ၁ ရက်နေ့ နောက်ပိုင်းမှာ တရုတ်နိုင်ငံထဲမှာလည်း UID စမတ်ကဒ်မရှိသူတွေကို တရုတ်ရဲက ဖမ်းနေတာကြောင့် မြန်မာတွေ စမတ်ကဒ်လုပ်ဖို့ နယ်စပ်ကိုပြန်လာရပါတယ်။ ဒါပေမဲ့ စမတ်ကဒ်ကိုလည်း အလွယ်တကူ လုပ်လို့မရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"“စစ်ကောင်စီနဲ့ SSPP အကြား စစ်ရေးအလားအလာ”"

ပြီးခဲ့တဲ့အပတ် မေလ ၃ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က စစ်ကောင်စီကို တိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ စားပွဲဝိုင်းမှာ အဖြေရှာဖို့ မဖြစ်နိုင်တော့တဲ့အတွက် လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့တာလို့ SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောပါတယ်။ တစ်ချိန်ထဲမှာ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူက စစ်ကောင်စီကို တိုက်ပွဲ၀င်ဖို့ အစီအစဥ်အတွက် ဆုံးဖြတ်ထားတာမျိုး မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။ အခုအခြေအနေဟာ SSPP အဖွဲ့အတွင်း ကွဲလွဲမှုတွေရှိနေတယ်ဆိုတာပြနေပေမဲ့ သုံးသပ်သူအများစုက SSPP အဖွဲ့ဟာ မြောက်ပိုင်းက အဖွဲ့တွေနဲ့ ညှိနှိုင်းမှုတွေရှိပြီး ဆောင်ရွက်လာဖို့ရှိတယ်လို့ သုံးသပ်ပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


""ရခိုင်ပြည်စစ်ပွဲအတွင်းက မြေစာပင်များ""

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတိုက်ပွဲ အရှိန်မြင့်တက်လာနေချိန်မှာ ပြေးစရာမြေမရှိဖြစ်နေသူတွေကတော့ ရိုဟင်ဂျာတွေပါ။ သူတို့ဟာ ခရီးသွားခွင့် ကန့်သတ်ခံထားရသူတွေဖြစ်တာကြောင့် သတ်မှတ်ပေးထားတဲ့ နေရာဒေသကလွဲလို့ တခြားနေရာကိုရှောင်ပုန်းဖို့ မဖြစ်နိုင်သလို စစ်ကောင်စီ အတင်းအကျပ်စေခိုင်းတာတွေကိုလည်း လိုက်နာဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


""တိုက်ပွဲမှာ သေဆုံးတဲ့ စစ်သားတွေ အသက်အာမခံကြေးမရ""

စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီစစ်သည်တွေ အကျအဆုံးများလာတယ်လို့ ပြောနေချိန်မှာ ကျဆုံး စစ်သည်စစ်သားတွေရဲ့ အသက်အာမခံတွေ မရကြဘူးလို့လည်း ပြောဆိုနေပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"မြန်မာနိုင်ငံ မင်းမဲ့စရိုက်လမ်းကို သွားနေသလား"

လက်ရှိမြန်မာနိုင်ငံက စစ်ပွဲတွေကို သုံးသပ်ရင် စစ်ကောင်စီဘက်က ဆုံးရှုံးမှုတွေများနေပြီး တပ်အနေနဲ့ အလုံးစုံပျက်သုန်းမဲ့အနေအထား မြင်တွေ့နေရတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီအခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြင်ဆင်ထားဖို့လိုတယ်လို့လည်း သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ စစ်တပ်မှာ စစ်သားပီသတဲ့ စစ်သည်များရှိနေဆဲဖြစ်တာကြောင့် သုံးသပ်ချက်အမှားတွေကို ပြုပြင်နိုင်ခဲ့ရင် စစ်ကောင်စီအောင်ပွဲရနိုင်မယ်လို့ စစ်မှုထမ်းဟောင်းတချို့က ယူဆထားပါတယ်။ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ပအိုဝ်းနှစ်ဖွဲ့ကြား စစ်ကောင်စီသပ်လျှိုနေသလား"

ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းက မြန်မာနိုင်ငံတစ်နံတစ်လျား စစ်ပွဲတွေဖြစ်နေချိန် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသမှာလည်း တိုက်ပွဲသံတွေ စကြားလာရပြီး စစ်ကောင်စီအတွက် စစ်မျက်နှာအသစ်တစ်ခု ပေါ်ထွန်းလာပါတယ်။ ဒီဒေသဟာ ပအိုဝ်းအမျိုးသားအဖွဲ့PNO နဲ့ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ရဲ့ဒေသဖြစ်ပါတယ်။ တိုက်ပွဲတွေဟာ PNLO အဖွဲ့က ဖော်ဆောင်လာတာဖြစ်ပြီး စစ်ကောင်စီဘက်က ပအိုဝ်းပြည်သူတွေကို လက်နက်တပ်ဆင်ပေးပြီး ပြည်သူ့စစ်အသွင်နဲ့ PNLO ကို ပြန်တိုက်ဖို့ စီစဉ်နေတာကြောင့် ပအိုဝ်းနှစ်ဖွဲ့ကြား စစ်ကောင်စီက သပ်လျှိုနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"၂ဝ၂၄မှာ နိုင်ငံရေးဘုံသဘောတူညီချက် အပြီးသတ်လုပ်ဆောင်နိုင်မလား"

တော်လှန်ရေးအင်အားစုတွေကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ဖို့ အရှိန်အဟုန်မြှင့်ပြီး ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်န၀ါရီလ ၁ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ....။ အဖွဲ့အားလုံးလိုလိုက အာဏာရှင်အမြစ်ဖြတ်ရေးကို ဦးတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ရရှိဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ကရင်နီပူးပေါင်းတပ်များ လွိုင်ကော်မြို့အနီး သုံးရက်အတွင်း စခန်း ၉ ခုခန့်သိမ်း"

ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့ကစတင်တဲ့ ညီနောင်သုံးဖော်အဖွဲ့ရဲ့ စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတစ်၀န်း စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်ပေါ်ထွက်လာပါတယ်။ ရခိုင် ပြည်နယ်အတွင်း တိုက်ခိုက်မှုအသံတွေကို ပထမဆုံးပြန်ကြားရသလို ကရင်နီပြည်နယ်မှာလည်း နို၀င်ဘာလ ၁၁ ရက်နေ့ကစပြီး ၁၁၁၁ စစ်ဆင်ရေးဆိုပြီး ကရင်နီ ပူးပေါင်းတပ်တွေက စတင်လိုက်ပါတယ်။ ဒီအခြေအနေတွေကို ဦးတင်အောင်ခိုင် တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"တရုတ်တောင်းဆိုချက် မြောက်ပိုင်းအဖွဲ့နဲ့ စစ်ကောင်စီလိုက်နာနိုင်ပါ့မလား"

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်နစ်နာမှုအတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်နေပြီး စစ်ပွဲတွေကို ချက်ချင်းရပ်ဖို့ လည်းတောင်းဆိုနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသုံးသပ်သူတွေကတော့ လက်ရှိအခြေအနေမှာ စစ်ပွဲတွေ ချက်ချင်းရပ်သွားနိုင်ခြေမရှိဘူးလို့ မှတ်ချက်ပေးကြပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"စစ်ကောင်စီအပေါ် ဝေဖန်သူတွေကို ဘယ်သူတွေစောင့်ကြည့်နေသလဲ"

စစ်ကောင်စီကို ဝေဖန်သူတွေကို ဖော်ထုတ်ဖမ်းဆီးမှုတွေဟာ နေ့စဥ်တွေ့မြင်နေရပြီး လစဥ်ပျှမ်းမျှ ၆၅ ဦးခန့် ရှိတယ်လို့ မှတ်တမ်းတင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။ အခုလို ၀ေဖန်သူတွေကို ဖမ်းနိုင်ဖို့ မြန်မာပြည်တွင်း မြို့ရွာတွေမှာ နေထိုင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေနဲ့ မဘသအဖွဲ့ဝင်တွေ အဖွဲ့ဝင်ဟောင်းတွေက လူမှုကွန်ရက်တွေကနေ စောင့်ကြည့်သတင်းယူနေကြတယ်လို့ မဘသအဖွဲ့ဝင်ဟောင်း တစ်ယောက်က ပြောပါတယ်။ နည်းပညာ ကျွမ်းကျင်သူတွေကတော့ လူမှုကွန်ရက်မှာ အမည်ရင်း အကောင့်ကနေ ဝေဖန်ရေးသားတာမျိုးမလုပ်ဖို့ အကြံပြုပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ကရင်နီစစ်ဘေးဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေ"

ကရင်နီပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းကနေ ထိုင်း-မြန်မာနယ်စပ်ကို ပြေးလာတဲ့ ကရင်နီဒုက္ခသည်တွေ နေတဲ့စခန်းကို စစ်ကောင်စီလေတပ်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဗုံးကြဲခဲ့တာကြောင့် စခန်းနေ လူအားလုံးနီးပါး ထိုင်းနိုင်ငံဘက်ကို ပြေးခဲ့ကြပါတယ်။ သူတို့ကို ထိုင်းစစ်တပ်က တားဆီးခဲ့ပြီး နယ်စပ်မှာပဲ နေရာချထားပြီး စားရေးသောက်ရေးပါ တာဝန်ယူထားပါတယ်။ ဒါပေမဲ့လုံလောက်မှုမရှိဘူးလို့ ဒုက္ခသည်တွေကပြောပါတယ်။ ဒုက္ခသည်တွေရောက်လာတာ နှစ်လပြည့်တဲ့အချိန်မှာ မူလစခန်းကိုပြန်ဖို့ ဖိအားပေးတာတွေလည်း ရှိပါတယ်။ ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေကို ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"အာဆာကို စစ်ကောင်စီ အသုံးချနေသလား"

အခုအချိန်မှာ ရခိုင်ပြည်နယ်ဟာ စစ်ပွဲတွေနဲ့ ခပ်လှမ်းလှမ်းမှာ ရှိတယ်ဆိုပေမဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ အားပြိုင်မှုတွေ ရှိနေပါတယ်။ ဒီအားပြိုင်မှုမှာ နယ်ရုပ်တစ်ရုပ်အနေနဲ့ ပါ၀င်နေတာကတော့ ရခိုင်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် အာဆာဖြစ်ပါတယ်။ အာဆာကို စစ်ကောင်စီက ကျောထောက်နောက်ခံ ပေးထားတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ သူကိုယ်တိုင်အကြမ်းဖက်အဖွဲ့ အဖြစ်သတ်မှတ်ထားတဲ့ အာဆာကို ပြန်ပြီး အထောက်အပံ့ပေးနေရင် သမိုင်းလှမှာ မဟုတ်ဘူးလို့ သုံးသပ်သူတွေက ဝေဖန်ပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ပြိုင်တူတွန်းလျှင် ရွေ့မတဲ့လား"

နွေဦးတော်လှန်ရေးမှာပါဝင်သူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို လှမ်းတက်နိုင်ဖို့လို့ ဆိုကြပါတယ်။ လက်ရှိမှာ ရာနဲ့ချီတဲ့ အဖွဲ့အစည်းတွေ တစုတစည်းဆုံးဖြတ်ခဲ့ကြတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်” ရှိနေပါပြီ။ ဒီစာချုပ်ဟာ ပင်လုံစာချုပ်လို သမိုင်းဝင်ဖြစ်ပေမယ့် အပြစ်အနာအဆာနဲ့ ဂယ်ပေါက်တော့ မကင်းဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။ သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"တိုးများလာတဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေး အခြေအနေ"

မြို့ပြပြောက်ကျား စစ်ဆင်ရေးတွေဟာ စစ်ကောင်စီ အာဏာသိမ်းပြီး နှစ်နှစ်မတိုင်ခင်ကတည်းက အရှိန်အဟုန်နဲ့ တိုးတက်လာနေပါတယ်။ NUG ရဲ့ထုတ်ပြန်ချက်အရ၂၀၂၂ခုနှစ်အတွင်း ပထမခြောက်လမှာတင် မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ တိုးတက်လာနေတယ်လို့ ထုတ်ပြန်ထားသလို ခြောက်လအတွင်း နန်းထိုက်အောင်စစ်ဆင်ရေးမှာ စစ်ကောင်စီကို အကြိမ်၂၀၀ကျော် တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အခုတစ်ခါ စစ်ကောင်စီက ၂၀၂၃ အတွင်းရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်ချိန်မှာ မြို့ပြပြောက်ကျားတိုက်ခိုက်မှုတွေ ပိုပြီးမြင်တွေ့လာရပါတယ်။ အခုလို PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တွေက မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ တိုးလုပ်လာချိန်မှာပဲ စစ်ကောင်စီက မြို့တွင်းဖမ်းဆီးမှုတွေကို တိုးပြီးလုပ်လာသလို အပြစ်မဲ့ပြည်သူတွေ အဖမ်းခံရမှုတွေလည်း တိုးများလာပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"တစ်ဖက်သတ်အပစ်ရပ်ခြင်းဆိုတာ ဘာလဲ"

စစ်ကောင်စီဟာ တစ်ဖက်သတ်အပစ်ရပ်ခြင်းကို ၂၀၁၈ ခုနှစ်လောက်ကတည်းက ကြေညာဆောင်ရွက်ခဲ့သလို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးတာကိုလည်း ၂ဝ၁၁ ခုနှစ်လောက်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက နှစ်ပေါင်း ၇ဝ ကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။ တကယ်တော့ တစ်ဖက်သတ်အပစ်ရပ်ခြင်းနဲ့ တွေ့ဆုံဆွေးနွေးခြင်း ဆိုတာ ဘက်အသီးသီးက ကိုယ့်ရည်မှန်းချက်အောင်မြင်ဖို့ နည်းဗျူဟာနဲ့တိုက်ပွဲဝင်လက်နက်တွေ ဖြစ်နေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"မြန်မာကို ကမ္ဘာက မေ့ထားပြီလား"

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကမ္ဘာကြီးက လျစ်လျူရှုနေပြီဆိုတဲ့ ပြောဆိုချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက စတင်ပြောဆိုလာခဲ့ပြီး၊ ပြီးခဲ့တဲ့အပတ်ကတော့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အင်ဒရူးက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာတင်သွင်းချိန်မှာ ပြောဆိုလိုက်ပါတယ်။ တစ်ဆက်တည်း ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံအရေးကို ဆက်ပြီးလျစ်လျူရှုနေမယ်ဆိုရင် လာမယ့်နှစ် အခုလိုအစီရင်ခံစာတင်သွင်းချိန်မှာ ပိုပြီးဆိုးရွားတဲ့ အခြေအနေကြုံတွေ့ရနိုင်တယ်လို့သတိပေးလိုက်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"အာဆီယံပေးမယ့်အကူအညီ စစ်ကောင်စီလက်ကို ဝကွက်အပ်လိုက်တော့"

မြန်မာနိုင်ငံက ပြဿနာတွေကို အဖြေရှာဖို့ အာဆီယံက ကြိုးပမ်းနေတယ်ဆိုပေမယ့် မြန်မာပြည်တွင်းက ပဋိပက္ခတွေ တိုးလာနေကြောင်း တစ်နေ့တခြား များပြားလာတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်က ပြနေပါတယ်။ ဒုက္ခသည်တွေ ကူညီရေးကို အာဆီယံက စစ်ကောင်စီလက် အပ်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ရှေ့ဆက် ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာ မသေချာမရေရာဖြစ်နေပါတယ်။ ဒီအခြေအနေမှာ အားလုံးပူးပေါင်းဆောင်ရွက်မှရမယ်လို့ ယူဆသူတွေ ရှိသလို ဒုက္ခသည်ကိစ္စမှာ စစ်ကောင်စီကို ဘေးဖယ်ထားလို့မရဘူးလို့ မှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"လားရာတူတဲ့ စစ်တပ်များ သို့မဟုတ် ထိုင်းနဲ့မြန်မာစစ်တပ်"

ပြီးခဲ့တဲ့လကုန်ပိုင်းက မြန်မာဂျက်တိုက်လေယာဉ်တစ်စီး ထိုင်းနယ်နိမိတ်ထဲကို ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအတွင်း ဆူဆူညံညံအသံတွေ ထွက်ခဲ့ပါတယ်။ အဲ့ဒီနောက် ထိုင်းစစ်တပ်ဟာ စစ်ပွဲတွေ ဖြစ်နေတဲ့ နယ်စပ်မျဉ်းတစ်လျှောက် နေရာယူခဲ့ပါတယ်။ ဒါဟာ မြန်မာစစ်တပ်တွေ နယ်ကျွံပြီး ထိုင်းနယ်ထဲဝင်လာမှာကို တားဖို့ဖြစ်တယ်လို့ ယေဘူယျသုံးသပ်နိုင်ပေမယ့် တကယ့်လက်တွေ့မှာတော့ နယ်စပ်မှာရှိတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲ မဝင်စေဖို့ ဒုက္ခသည်တွေကို ထောက်ပံ့မယ့် အကူအညီတွေကိုတားဆီးဖို့ ဖြစ်နေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


“မြန်မာပြည်က စစ်ဘေးဒုက္ခသည်များ”

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီး တနှစ်ကျော်အချိန်အတွင်း အဘက်ဘက်က ယိုယွင်းမှု တွေ့မြင်လာနေပါတယ်။ အလားတူ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်နောက်ပိုင်း နှစ်အနည်းငယ်အတွင်း စီးပွားရေးကစပြီး ပညာရေးအဆုံး၊ အစစအရာရာ ကျဆင်းမှုတွေကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်အားလုံးဟာ အာဏာသိမ်းမှုကြောင့် ဖြစ်လာတာလို့ သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ အာဏာသိမ်းတဲ့ ယဉ်ကျေးမှု အမြစ်တွယ်နေတယ်လို့ သုတေသီတွေ မှတ်ချက်ပေးထားတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အာဏာအကြိမ်ကြိမ် သိမ်းခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိခဲ့ပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ သိသိသာသာ မမြင်တွေ့ရပါဘူး။ သုံးသပ်သူတွေရဲ့ အမြင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


“မြန်မာနဲ့ထိုင်း နှစ်နိုင်ငံအာဏာသိမ်းမှုနှိုင်းယှဉ်ချက်"

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီး တနှစ်ကျော်အချိန်အတွင်း အဘက်ဘက်က ယိုယွင်းမှု တွေ့မြင်လာနေပါတယ်။ အလားတူ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်နောက်ပိုင်း နှစ်အနည်းငယ်အတွင်း စီးပွားရေးကစပြီး ပညာရေးအဆုံး၊ အစစအရာရာ ကျဆင်းမှုတွေကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်အားလုံးဟာ အာဏာသိမ်းမှုကြောင့် ဖြစ်လာတာလို့ သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ အာဏာသိမ်းတဲ့ ယဉ်ကျေးမှု အမြစ်တွယ်နေတယ်လို့ သုတေသီတွေ မှတ်ချက်ပေးထားတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အာဏာအကြိမ်ကြိမ် သိမ်းခဲ့ဖူးတဲ့သမိုင်းကြောင်း ရှိခဲ့ပေမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ သိသိသာသာ မမြင်တွေ့ရပါဘူး။ သုံးသပ်သူတွေရဲ့အမြင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။ ။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


“စစ်ရာဇဝတ်မှုကျူးလွန်သူများအား ဖော်ထုတ်ခြင်း"

စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်အချိန်အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ယွင်းရသလို လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေအပေါ်မှာ စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာတော့ အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။ ဒီကိစ္စအတွက် တကယ်တမ်း တာဝန်ခံမှု တာဝန်ယူမယ့်သူလည်း မရှိတာကြောင့် သေဆုံးသူတွေအတွက် ဆွေးမျိုးသားချင်းတွေ ပူဆွေးသောကရောက်ရတာနဲ့ ပျက်ဆီးဆုံးရှုံးမှုတွေအတွက်ပြည်သူအချင်းချင်းသာ ရိုင်းပင်းကူညီနေကြရပါတယ်။ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။ ။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


“ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်များ"

ကရင်ပြည်နယ်အတွင်း တိုက်ပွဲသံတွေ ပိုပြီးကြားလာရတာနဲ့ အတူ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း တိုးလာပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကိုပြေးပေမဲ့ ထိုင်းအာဏာပိုင်တွေကလည်း သေနတ်သံကြားနေရတဲ့အချိန်လောက်ပဲ လက်ခံပြီး သေနတ်သံရပ်တာနဲ့ ပြန်မောင်းထုတ်တာခံနေရပါတယ်။ သုံးသပ်သူတချို့ကတော့ ထိုင်းနိုင်ငံဟာ စစ်ကောင်စီနဲ့ အပေးအယူရှိလေသလားဆိုတဲ့ သံသယရှိနေကြပါတယ်။ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်တွေရဲ့ အခြေအနေကို ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။ ။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


“သတ်ဖြတ်မှုတွေအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ"

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အချိန်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သားအရေအတွက်ဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ ဒီဖြစ်ရပ်တွေကို အဖွဲ့အစည်းအမျိုးမျိုးက မှတ်တမ်းတင်နေပေမယ့် စာရင်းဇယားတွေ ကိုက်ညီမှုမရှိပါဘူး။ ဒီသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် တိကျတဲ့ မှတ်တမ်းမှတ်ရာတွေ ထားရှိသင့်တယ်လို့ လူအခွင့်ရေးအဖွဲ့တွေက အကြံပြုနေကြပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


“နိုင်ငံရေး ပြန်ပေးဆွဲခံရသူများ"

လက်ရှိအာဏာသိမ်းထားတဲ့ စစ်ကောင်စီအပါအဝင် စစ်အာဏာရှင်အဆက်ဆက်ဟာ နိုင်ငံရေးအရ သဘောထားချင်းမတိုက်ဆိုင်သူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပေါ် အကြမ်းဖက်ဖမ်းဆီးပြီး စစ်တရားရုံးတွေကနေ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်နေပါတယ်။ အကျဉ်းထောင်တွေကို ပို့ရာမှာလည်း နေရပ်နဲ့ အဝေးဆုံးနေရာတွေကို ပို့နေပါတယ်။ ဒါဟာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ရန်သူလို သဘောထားပြီး အပြင်းအထန် နှိမ်နင်းတာမျိုးဖြစ်သလို သူတို့ရဲ့ မိဘဆွေမျိုးတွေကိုပါ သွယ်ဝိုက်တဲ့နည်းနဲ့ အပြစ်ဒဏ် ပေးနေတာဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


“အကြမ်းဖက်အဖွဲ့လို့ ဘယ်လိုသတ်မှတ်ကြသလဲ"

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီကြား အကြမ်းဖက်အဖွဲ့ဖြစ်တယ်ဆိုပြီး အပြန်အလှန် စွပ်စွဲမှုတွေရှိနေပေမဲ့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာအဖွဲ့ကတော့ စစ်တပ်ကို စွပ်စွဲနိုင်တဲ့ သက်သေမရှိဘူးလို့ ဆိုပါတယ်။ NUG အစိုးရနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ ဒီလိုမမြင်ပါဘူး။ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေရဲ့ အမြင်ကို ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


“မြန်မာဒုက္ခသည်တွေ ယူကရိန်းဒုက္ခသည်လောက် နိုင်ငံတကာအကူအညီမရ"

ယူကရိန်းနိုင်ငံမှာဖြစ်နေတဲ့ စစ်ပွဲ တစ်လမပြည့်သေးခင် ဒုက္ခသည် သုံးသန်းနီးပါး အိမ်နီးချင်းနိုင်ငံတွေကို တိမ်းရှောင်ခဲ့ကြရပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ခိုက်ခံရတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူဟာ တစ်နှစ်အတွင်း ငါးသိန်းတိုးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ ယူကရိန်းဒုက္ခသည်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေကို ပြေးဝင်ခိုလှုံခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်အများစုကတော့ ပြည်တွင်းမှာပဲ ပုန်းရှောင်နေကြရပြီး နိုင်ငံတကာအကူအညီလည်း ပြောပလောက်အောင် မရရှိကြပါဘူး။ ဒီအခြေအနေတွေကို ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"မြန်မာ့အရေး နိုင်ငံတကာပါဝင်မှု"

မြန်မာနိုင်ငံက အခြေအနေ အရပ်ရပ်ဟာ အာဏာသိမ်းပြီး တစ်နှစ်အတွင်း တနေ့တခြား ဆိုးရွားလာနေတယ်ဆိုတဲ့ သတင်းတွေ နေ့စဉ် ကြားနေရပါတယ်။ အပြည်ပြည်ဆိုင်ရာက သတိပေးချက်တွေ စိုးရိမ်တယ်ဆိုတဲ့ ကြေညာချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် အပြည်ပြည်ဆိုင်ရာဟာ ကြေညာချက် ထုတ်ပြန်တဲ့ အဆင့်မှာပဲ ရှိနေပါတယ်။ သုံးသပ်သူ တချို့ကတော့ နိုင်ငံတကာတွေမှာလည်း သူနိုင်ငံနဲ့ သူအရေးကြီးတဲ့ ပြဿနာတွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်။ အနောက်နိုင်ငံများနဲ့ အမေရိကန်က စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူတာမျိုး ရှိပေမဲ့ စစ်ကောင်စီဘက်က စီးပွားရေး ပိတ်ဆို့တာကို ကြံ့ကြံ့ခံနိုင်တယ်လို့ ပြောနေပါတယ်။ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"မြန်မာအရေး အာဆီယံချဉ်းကပ်ပုံအပေါ် သဘောထား အမြင်များ"

အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဘုံသဘောတူဆုံးဖြတ်ချက် ၅ ချက်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ကွဲပြားနေတာကြောင့် မြန်မာအရေး အာဆီယံတွေရဲ့ ချဉ်းကပ်မှုအပိုင်းမှာ အခက်အခဲ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပြဿနာကို အဖြေရှာနိုင်ဖို့ နိုင်ငံတွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်ဖို့ ကိစ္စကို စစ်ကောင်စီက အပစ်အခတ်ရပ်စဲစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ လမ်းကြောင်းကို ဆက်သွားမယ်လို့ ပြောဆိုနေတာဟာလည်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ အယူအဆကွဲနေပါတယ်။ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်ကောင်စီပြောတဲ့ ငြိမ်းချမ်းရေး

စစ်ကောင်စီဟာ မြန်မာတစ်နိုင်ငံလုံးကို စစ်ဆင်ရေးတွေ အကြီးအကျယ် လုပ်နေပေမဲ့ အခု ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေ လုပ်လာပါတယ်။ မေးစရာ မေးခွန်းကတော့ ဒီငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟာ အလုပ်ဖြစ်ပါ့မလား ဆိုတာပါ။ သုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ ကန့်သတ်ချက်တွေ ရှိနေပြီး ကြားဝင်ဆောင်ရွက်ပေးဖို့ လူလိုနေတယ်လို့ ဆိုပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


၂၀၂၂ခုနှစ် မြန်မာ့နိုင်ငံရေး မတူညီတဲ့ မျှော်မှန်းချက်များ

စစ်ကောင်စီက ၂၀၂၂ လွတ်လပ်ရေးနေ့ဟာ ၇၄နှစ်ပြည့် စိန်ရတုအကြိုနှစ် ဖေဖော်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့ဟာတော့ ၇၅နှစ်ပြည့် စိန်ရတု အချိန်အခါမို့ ဒီလိုထူးခြားတဲ့နှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်တွေ စမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ နိုင်ငံရေးပြဿနာကို စိတ်ရင်းမှန်နဲ့ ဖြေရှင်းချင်စိတ်မရှိသရွေ့ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ပြောကြသလို ၂၀၂၂ မှာ စစ်ဝါဒအမြစ်ပြတ်ရေး လုပ်ဆောင်ဖို့ တပ်လှန့်သံတွေ ကြားနေရပါတယ်။ ပြည်သူတွေရဲ့ ၂၀၂၂အတွက် လိုလားချက်ကရော ဘာများပါလဲ ..... RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


မြန်မာနိုင်ငံမှာ လူသားမဆန်တဲ့ပြစ်မှု ကျူးလွန်တဲ့အထောက်အထားများ ကုလရရှိထား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ အကြမ်းဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို စနစ်တကျနဲ့ ကျူးလွန်ခဲ့တာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMMအဖွဲ့ရဲ့အကြီးအကဲ မစ္စတာ နီကိုးလပ်ခွန်မ်ဂျန် Nicholas Koumjianက နိုဝင်ဘာလ ၅ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့သလို မြန်မာနိုင်ငံက စစ်ကောင်စီကျူးလွန်တဲ့ ပြစ်မှုတွေအတွက် သက်သေခံ အထောက်အထား တစ်သန်းခွဲကျော် လက်ခံရရှိထားတယ်လို့ ပြောပါတယ်။ စစ်ကောင်စီကတော့ IIMMဟာ အခြေအမြစ်မရှိတဲ့ သတင်းတွေပေါ် အခြေခံပြီး ကောက်ချက်ဆွဲတယ်လို့ တုံ့ပြန်ပါတယ်။ သတင်းမြင်ကွင်းကျယ် အစီအစဉ်မှာ RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်ကောင်စီ ဖြတ်လေးဖြတ်စနစ် ကျင့်သုံးနေသလား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၈လနီးပါး အချိန်အတွင်း ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစတဲ့ တိုင်းတွေက မြို့ရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာ၊ မီးရှို့တာတွေ အများအပြား ကြုံခဲ့ရပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေ တောတောင်တွေ ထဲထွက်ပြေးခဲ့ရပါတယ်။ ဒီဆောင်ရွက်ချက်တွေဟာ ရည်ရွယ်ချက်ရှိရှိ မြို့ရွာတွေကို ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ တိုင်းရင်းသားဒေသတွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲက စစ်တပ်ကျင့်သုံးခဲ့တဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးပုံစံမျိုး ဖြစ်တယ်လို့ ပြောပါတယ်။ သတင်းမြင်ကွင်းကျယ် အစီအစဉ်မှာ RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စားပွဲဝိုင်းထိုင် ဆွေးနွေးကြမယ်ဆိုရင်

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်တွေဟာ နှစ်ကြိမ်တိုင်တိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုခဲ့ပါဘူး။ ၁၉၈၈ခုနှစ်လူထုအုံကြွမှုအပြီး၁၉၈၉ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ၁၉၉၀ ရွေးကောက် ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့သလိုနှစ်ပေါင်း ၃၀အကြာ ၂၀၂၀ ရွေးကောက်ပွဲအပြီး အာဏာသိမ်းခဲ့တဲ့ စစ် ကောင်စီဟာ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီလိုအချိန်ဟာ နိုင်ငံရေးအရ ဆက်လက်ဆောင် ရွက်ဖို့ နည်းလမ်း ကုန်တဲ့ အချိန်ဖြစ်တယ်၊ နိုင်ငံရေးအရ စားပွဲဝိုင်းထိုင် တွေ့ဆုံဖို့ အခြေအနေ မပေးတော့ ဘူးလို့ သုံးသပ်သူတွေရှုမြင်ကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဒီတပတ် သတင်းမြင်ကွင်း ကျယ် အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


ကျောင်းဖွင့်လို့ တစ်လပြည့်ချိန် ကျောင်းတက်သူ ပိုများလာသလား

အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ကျောင်းတက်သူ ကျောင်းသားနည်းနေတာဟာ စစ်ကောင်စီအတွက် ခံပြင်းစရာ တခုဖြစ်နေရသလို ကျောင်းသားတွေ ကျောင်းပြန်တက်ရေး ရတဲ့နည်းနဲ့ လုပ်ဆောင်ဖို့ အထက်အဆင့်ဆင့်က ညွှန်ကြားထားပုံလည်း ရပါတယ်။ တချိန်တည်းမှာပဲ ကျောင်းတက်လာတဲ့ ကျောင်းသားတွေ လူစုမိပြီး ဒို့အရေးအော်သံတွေ ထွက်လာရင်လည်း ကိုင်ရတွယ်ရခက်မှာလည်း စိုးရိမ်နေပြန်ပါတယ်။ ကျောင်းတွေစဖွင့်ပြီး တလမပြည့်တပြည့် အချိန်အခြေအနေတွေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဒီတပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အခြေအနေ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ လေးလကျော်ခဲ့ပြီ ဖြစ်ပေမယ့် နေ့စဉ်ဆန္ဒပြပွဲတွေ ရှိနေဆဲ၊ သံပုံးတီးသံတွေ ကြားနေရဆဲအပြင်၊ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေး (PDF) တပ်တွေကလည်း စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ပြည်သူလူထုရဲ့ တုံ့ပြန်မှု အခုလောက် ပြင်းထန်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အခြေအနေတွေကို ဒီတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်မှာ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


NLD ပါတီကို မတရားအသင်းကြေညာနိုင်ပါသလား

မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းတာဟာ ၂၀၂၀ရွေးကောက်ပွဲမှာ မသမာမှုများလုပ်ခဲ့လို့ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက် ရှိပါတယ်။ ဒါပေမယ့် ဘယ်သူက မသမာမှုတွေ လုပ်ခဲ့သလဲ၊ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ထုတ်ပြန်တာမရှိသလို အတိအကျ သက်သေအနေနဲ့ ဖော်ထုတ်ပြတာလည်း မရှိပါဘူး။ ဒါပေမဲ့ အခု NLD ပါတီကို ဖျက်သိမ်းပစ်မယ် NLDခေါင်းဆောင်တွေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရေးယူမယ်ဆိုတာတွေကို စစ်ကောင် စီက ဖွဲ့စည်းပေးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောလာပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဥပဒေနဲ့အညီ အရေးယူခြင်း

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းခဲ့ချိန်ကစပြီး ဆန်ကျင်ဆန္ဒပြ သူတွေကို အင်အားသုံးဖြိုခွင်းခြင်း၊ ပုဒ်မအမျိုးမျိုးတပ် ဖမ်းဝရမ်းတွေ ထုတ်ခြင်း၊ ဖမ်းခြင်းတွေ ပြုလုပ်နေပါတယ်။ ဒါဟာဥပဒေနဲ့အညီ ဖြစ်တယ်လို့ တပ်မတော်ပြော ရေးဆိုခွင့်ရှိသူက ပြောဆိုပေမဲ့ ဥပဒေပညာရှင်တွေကတော့ သဘောမတူဘူး ဆိုတဲ့အကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဥပဒေနဲ့အညီ ခုခံကာကွယ်ခွင့်ဆိုသည်မှာ

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြပွဲတွေမှာ ရဲနဲ့စစ်တပ်က အင်အားသုံးဖြိုခွင်းပါတယ်။ ဒါဟာ ဆန္ဒပြသူတွေက အကြမ်းဖက်လာတာတွေ သတ်ဖြတ်မှုတွေ လုပ်လာတာကြောင့်လို့ စစ်ကောင်စီကပြောပါတယ်။ ဆန္ဒပြသူတွေဘက်က ပြောတာကလည်း လူထု ကြောက်သွားအောင် လမ်းပေါ်မထွက်ရဲအောင် အာဏာပိုင်တွေက ကြမ်းပြနေတာလို့ ဆိုပါတယ်။ တကယ်တော့ ပြည်သူမှာဥပဒေနဲ့ အညီခုခံကာကွယ်ခွင့်ရှိတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ပြည်သူကို ရန်သူလို့ သတ်မှတ်မယ်ဆိုရင်

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အင်အားအလွန်အကျွံသုံးပြီး ဖြိုခွင်းနေတာတွေဟာ စစ်မြေပြင်မှာ ချေမှုန်းနေတဲ့ ပုံစံမျိုးကို မြင်တွေ့နေရပါတယ်။ ဆန္ဒပြသူတွေ ထိခိုက်သေဆုံးမှုတွေဟာလည်း တနေ့ထက်တနေ့မြင့်တက်လာနေတာ အထင်အရှားမို့ ပြည်သူကို ရန်သူလို သဘာထားနေတာလားဆိုတာ မေးစရာပါ။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အာဏာသိမ်းစစ်ကောင်စီပြောတဲ့ ဥပဒေနဲ့အညီဆောင်ရွက်ခြင်း

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေကို အကြမ်းဖက်နှိမ်နင်းတာတွေ တနေ့ထက်တနေ့ ပြင်းထန်လာနေပြီး ဥပဒေနဲ့ အညီ ဆောင်ရွက်နေတာ မဟုတ်လို့ ဝေဖန်မှုတွေရှိပေမယ့် စစ်ကောင်စီဘက်ကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်တာလို့ ပြောနေပါတယ်။ အခုအပတ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေဘက်က အရပ်ဝတ်နဲ့ ဆန္ဒပြသူတွေ ကြမ်းတမ်းစွာ ထိုးကြိတ် ရိုက်နှက်ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။ ဒီလုပ်ရပ်တွေဟာ အကြောက်တရား လွှမ်းမိုးအောင် ပြုလုပ်နေတာလို့ ဆန္ဒပြသူတွေက ယူဆပြီး လုပ်စရာရှိတာကို ဆုံးခန်းတိုင် ဆောင်ရွက်သွားမယ်လို့ GenZမျိုးဆက်တွေက ပြောပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


စစ်အာဏာသိမ်းထောက်ခံသူများနဲ့ တွေ့ဆုံခြင်း

စစ်တပ်အာဏသိမ်းတာကိုထောက်ခံတဲ့ လူတစုကို လမ်းပေါ်မှာမကြာခဏတွေ့ရပါတယ်။ များသောအားဖြင့်သူတို့ဟာ ကားတွေနဲ့ လာတာဖြစ်ပြီး ကားပေါ်မှာ နိုင်ငံတော် အလံတွေလွှင့်ထူးထားသလို စစ်သီချင်းတွေလည်း ဖွင့်ထားကြပါတယ်။ သူတို့ို ဘယ်သူတွေပါလဲ၊ သူတို့ဟာ အခကြေးငွေယူပြီး ဆောင်ရွက်နေကြသူများလို့ စွပ်စွဲနေကြပါတယ်။ တကယ်ဆို သူတို့နောက်မှာ ဘယ်သူတွေရှိနေကြသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကာကွယ်ဆေးထိုးကြမယ်ဆိုရင်

ကမ္ဘာကပ်ရောဂါကြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ အောင်အောင်မြင်မြင် ထွက်ပေါ်လာချိန်မှာ နိုင်ငံအသီးသီးအနေနဲ့ မိမိတို့နိုင်ငံ ဆေးရနိုင်ဖို့ အစိုးရတွေ အပြိုင်အဆိုင် ကြိုးပမ်းနေချိန်မှာ ပြည်သူတချို့ ဆေးနဲ့ပတ်သက်တဲ့ သံသယတွေ ဝင်နေကြပါတယ်။ ဒါကြောင့် ဆေးထိုးရင်ကောင်းမလား စောင့်ကြည့်ကြဦးမလားဆိုတာ တွေ့မြင်ရပါတယ်။ ပညာရှင်တွေကတော့ လူတိုင်း ဆေးအမြန်ဆုံးထိုးနိုင်လေ ရောဂါကာကွယ်ရေး ပီပြင်လေ ဖြစ်တယ်လို့ ပြောပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


NLD ပါတီရဲ့ တိုင်းရင်းသားပါတီများနဲ့ ဆွေးနွေးမှု အခြေအနေများ

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲဆောင်ရွက်လိုတယ်လို့ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ကြေညာချက် ထုတ်ပြန်ထားသလို တိုင်းရင်းသား လူမျိုးစုတွေရဲ့ သဘောထားကို အလေးထားမယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံနေတဲ့ အခြေအနေကတော့ တွေ့ဆုံဖို့ နေရာရွေးတာက စပြီး သဘောထား ကွဲလွဲမှုတွေ ကြုံတွေ့နေရပါတယ်။ အခြေအနေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ရခိုင်စစ်ရေးပဋိပက္ခဆွေးနွေးပွဲ အစိုးရအခန်းကဏ္ဍ ပျောက်ဆုံးနေ

၂၀၂၀ အလွန်မှာ New Peace Architeture ငြိမ်းချမ်းရေးကို ဖွဲ့စည်းတည်ဆောက်မှု အသစ်နဲ့ သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၂၁ နှစ်သစ်ကူး အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာပြည် ငြိမ်းချမ်းရေးမှာ အရေးပါတယ်လို့ ပြောနေကြတဲ့ ရခိုင်ပြည်က စစ်ရေးပဋိပက္ခကို တပ်မတော်နဲ့ AAတို့က ပုံစံသစ်နဲ့ ဆွေးနွေးနေကြပြီး ဒီဆွေးနွေးပွဲမှာ အစိုးရရဲ့ အခန်းကဏ္ဍ ပျောက်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး မျှော်လင့်ချက်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီး သွားခဲ့ပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ နေရာတွေ ရှိခဲ့ပါတယ်။ ဒီနေရာတွေမှာ ရွေးကောက်ပွဲ ပြန်လုပ်နိုင်ဖို့ မျှော်လင့်ချက်တွေ ပေးလာပေမဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးဟာ မရေမရာဖြစ်နေဆဲပါ။ သမ္မတကိုယ်တိုင်က ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်နိုင်ရေး ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဘာတုံ့ပြန်ချက်မှ မပေးပါဘူး။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ရခိုင်ပြည်နယ်က စစ်မီးငြိမ်းစေဖို့

ရခိုင်ပြည်နယ်မှာလက်ရှိဖြစ်ပွားနေတဲ့ စစ်မက်ဟာ လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ခိုက်နေတာ ထက်ပိုပြီး ကျယ်ပြန့်လာနေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် အစိုးရနဲ့ ပြည်သူကြား အက်ကြောင်းထင်လာသလို တပ်မတော်နဲ့ ပြည်သူကြားမှာလည်း အပြန်အလှန် စွပ်စွဲနေပါတယ်။ ဒီဒေသမှာ ငြိမ်းချမ်းရေးရဖို့ ဆိုတာကတော့ အဝေးကြီးမှာပါ။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကယားဝန်ကြီးချုပ်ဟောင်းအမှု အခြေခံဥပဒေခုံရုံး ဘယ်လိုဆုံးဖြတ်မလဲ

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို လွှတ်တော်ကနေ ဖြုတ်ချ လိုက်ခြင်းဟာ ဥပဒေအရ အငြင်းပွားစရာဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေခုံရုံးက ဒီအမှုကို ကြားနာခဲ့ပါတယ်။ ဒီကြားနာချက်ဟာ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက တိုင်ကြားခဲ့လို့ပါ။ ဒီအမှုနဲ့ပတ်သက်ပြီး ဥပဒေ အသိုင်းအဝန်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေခုံရုံးက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ စိတ်ဝင်တစား ရှိနေကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အိမ်မှာနေရင် ရောဂါကူးစက်မှု ရပ်သွားမလား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပိုများလာတော့ ရန်ကုန်အပါအဝင် မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းက တချို့မြို့တွေမှာ အိမ်ထဲမှာနေဖို့ အမိန့်တွေ ထွက်လာပါတယ်။ ဒီအမိန့်ဟာ ရောဂါကူးစက်မှုကို ဟန့်တားဖို့ဆိုတာ သာမန်အားဖြင့် နားလည်နိုင်ပေမဲ့ တနေ့လုပ်မှ တနေ့စားရသူတွေအတွက်ကတော့ လက်ခံဖို့ ခက်ခဲပါတယ်။ နေအိမ်မှာပဲနေတော့ ကူးစက်လာမယ့်ရောဂါကို တကယ်တမ်း တားဆီးနိုင်သလားဆိုတာ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပြန်အပြန် အပြန်လား ဟဲ့၊ အသွားအသွား အသွားပါဗျို့

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ လူမျိုးမရွေးဘာသာမရွေး၊ ကျားမ၊ မရွေး၊ ကလေးလူကြီးမရွေး၊ ဒုက္ခပေးနေရာမှာ မွေးရပ်မြေတွေကနေ အဝေးမှာ အလုပ်လုပ်သူရွေ့ပြောင်းအလုပ်သမားတွေ ဟာလည်း ဒုက္ခရောက်သူတွေထဲမှာ ပါဝင်ပါတယ်။ ရောဂါကူးစက်မှုတွေကြောင့် အလုပ်တွေ ရပ်နားခံရသလို ပြည်တော်ပြန်ခရီးတွေဟာ အခက်ခဲတွေနဲ့ပါ။

ပြည်တွင်းပြန်ရောက်တော့လည်း အလုပ်အကိုင်အခက်အခဲရှိတာကြောင့်၊ လုပ်ငန်းခွင်ရှိရာ နိုင်ငံကို ပြန်သူတွေ ပြန်ရပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ငြိမ်းချမ်းရေးလမ်းစ

ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ပြေငြိမ်းရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစကို ရောက်ပြီလို့ ယူဆသူတွေ ရှိနေပါတယ်။ လက်ရှိအခြေအနေမှာလည်း မြန်မာနိုင်ငံက ပဋိပက္ခတွေထဲမှာ ရခိုင်အရေးဟာ ထိပ်ဆုံးမှာရှိနေတာပါ။ ပဋိပက္ခ ပင်လယ်ဝေနေတဲ့ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု ဒဏ်ကိုလည်း ခံနေရပါတယ်။ ရခိုင်ပြည်နယ်ကတဆင့် မြန်မာတနိုင်ငံလုံးကို ကူးစက်မှုတွေမရောက်အောင် ကြိုးပမ်းနေပါတယ်။

ဒီအချိန်မှာ ရခိုင်ပြည်နယ်က စစ်မီးကို အရင်သတ်ပြီး၊ ရောဂါမီးကို ဝိုင်းကြဝန်းကြဖို့ အချိန်ရောက်နေပြီလို့ သုံးသပ်သူတွေကပြောတဲ့အကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကိုဗစ်ကာကွယ်ဆေးမတွေ့ခင် ဘယ်လိုနေထိုင်ကြမလဲ

၂၀၁၉ ခုနှစ်ကုန်ခါနီး တရုတ်ပြည်က စတင်ပြန့်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဟာ တကမ္ဘာလုံးကို ပျံနှံ့နေပြီး ရောဂါဖြစ်ပွားမှုပြန်ကျ၊ ပြီးတော့ ဒုတိယအကြိမ်ရောဂါ ပြန်ဖြစ်လာတဲ့ အခြေအနေကို မြင်တွေ့ရပါတယ်။ ရောဂါဒုတိယလှိုင်း ဝင်ရောက်တာလို့ သုံးသပ်နေကြပါတယ်။ တချို့က ရောဂါကာကွယ်ဆေးမတွေ့မချင်း ရောဂါဒုတိယလှိုင်းကျသွားပြီးနောက် တတိယလှိုင်းဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြတဲ့အကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဝါးလုံးရှည်နဲ့ ရမ်းမှာလား

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေဟာ မဲဆွယ်ပွဲတွေကို လက်ရှိရင်ဆိုင်နေရတဲ့ ကပ်ရောဂါအခြေအနေအရ Online က ပြုလုပ်ရဖို့ ရှိနေပါတယ်။ ဒီအခြေအနေမှာ လူမှုကွန်ရက်တွေကို သုံးပြီး အမုန်းစကားဖြန့်တာကစပြီး၊ သတင်းအတု၊ သတင်းအလိမ်တွေပြုလုပ်တာ၊ လူတွေကို မျက်စိလည်အောင်လုပ်တာ စတာတွေကို လုပ်နေတာတွေရှိနေတာမို့ အရေးယူ ဆောင်ရွက်မယ်လို့ အစိုးရဘက်က ပြောလာပါတယ်။

ဒီလိုအရေးယူတာမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကအစ၊ သတင်းထုတ်ဖော်မှုကိုပါ ထိခိုက်မှုတွေ ရှိလာမလားဆိုတာ မေးစရာပါ။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ငြိမ်းချမ်းရေးစကားပြောဖို့ အချိန်အခါသင့်ပြီလား

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်မတော်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေချိန်မို့ဆိုပြီး တိုင်းရင်းသားတွေရော တပ်မတော်ဘက်ကပါ တဖက်သတ် အပစ်ရပ်တယ်လို့ဆိုပေမယ့် တိုက်ပွဲသံတွေကတော့ ကြားနေရဆဲပါ။

တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်အတွင်း တရက်မပြတ်ဖြစ်နေသလို ရှမ်းပြည်နယ်အတွင်း ဇွန်လထဲမှာတင် ၉ ကြိမ်လောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုတခါ အစိုးရက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ချဉ်းကပ်နေပါတယ်။ ခုချိန်ဟာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ အချိန်အခါကောင်းဖြစ်ပါသလား RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကျေးရွာတွေ မီးရှို့ခံရတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ

တိုက်ပွဲတွေ မပြီးဆုံးသေးတဲ့ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာ အရပ်သားတွေ သေဆုံးဒဏ်ရာရကြတာ၊ အိုးအိမ်တွေ မီးရှို့ ဖျက်ဆီးခံရတာတွေ မြင်တွေ့ နေရပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ တကယ်က ငြိမ်းချမ်းမှု မရှိခြင်းရဲ့ ရလဒ်လို့ ဆိုနိုင်ပါတယ်။

အစိုးရက ငြိမ်းချမ်းရေးရအောင် ဆောင်ကျဉ်းပေးဖို့ တာဝန်ရှိတယ်လို့ ဝေဖန်သူတွေရှိပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


သတ်မှတ်ချက်များနဲ့ အပစ်ရပ်ပြီး ထာဝရငြိမ်းချမ်းရေးကို အရယူနိုင်မလား

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ကာကွယ်တားဆီးရေးမှာ ပူးပေါင်းဆောင်ရွက်ရင်း ငြိမ်းချမ်းရေးကို ရယူနိုင်တယ်ဆိုတဲ့ မျှော်မှန်းချက်တွေ ရှိခဲ့ကြပါတယ်။ တပ်မတော်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အပစ်အခတ် ရပ်ပါတယ်။

ဒါပေမဲ့ သတ်မှတ်ချက်တွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်တာမျိုးဟာ တကယ့်ငြိမ်းချမ်းရေးလမ်းကို ရယူနိုင်ပါမလား ဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကပ်ရောဂါကာကွယ်ရေးမှာလက်တွဲပြီး ငြိမ်းချမ်းရေးသို့ တက်လှမ်းနိုင်မလား

ကိုရိုနာဗိုင်းရပ်စ်ရောဂါကို အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ပြီး ကာကွယ်ကြမယ်ဆိုတဲ့ အစီအစဉ်ဟာ ငြိမ်းချမ်းရေးလမ်းကို ပိုပြီး ပီပီပြင်ပြင်လျှောက်လှမ်းနိုင်ဖို့ လမ်းစဖြစ်တယ်လို့ မျှော်လင့်သူတွေရှိပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ယုံကြည်မှုတည်ဆောက်ထားတာ အားနည်းနေတာ၊ ချုပ်ဆိုထားတဲ့ NCA ပါ အားနည်းချက်တွေကြောင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ရတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အီတလီနဲ့ တရုတ်နိုင်ငံက ဆေးဝန်ထမ်းတွေပေးတဲ့ သင်ခန်းစာ

ကမ္ဘာမှာ ကပ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန် ဒီရောဂါကို ရှေ့တန်းက ဦးဆောင်ကာကွယ်နေကြသူတွေဟာ ဆေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ သူတို့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ရောဂါကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးအတွက် နည်းလမ်းသစ်တွေ ဖြစ်ခဲ့ပါတယ်။

ရောဂါတွေစပြီး ကူးစက်ချိန် ဇန်နဝါရီလ နောက်ပိုင်းမှာ ကူးစက်မှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံတွေမှာ ထောင်နဲ့ချီတဲ့ ဆေးဝန်ထမ်းတွေ ရောဂါကူးစက်ခံခဲ့ရပါတယ်။ အဲ့ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်ခဲ့ကြတဲ့အကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကပ်ရောဂါကာကွယ်ရေးမှတဆင့် အမျိုးသားရင်ကြားစေ့ရေးကို တက်လှမ်းနိုင်မလား

ကိုရိုနာဗိုင်းရပ်စ်ရောဂါ တရုတ်ပြည်ကဆင့် ပျံ့နှံ့ပြီး ကမ္ဘာနဲ့အဝှမ်း ကူးစက်လာချိန် နိုင်ငံတိုင်းရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်ပြည်နဲ့ နယ်ချင်းထိစပ်လျှက်ရှိပေမယ့် တရုတ်ပြည်က ဗိုင်းရပ်စ်ပိုး ဥရောပနဲ့ အမေရိက အထိရောက်သွားပေမယ့်လည်း မြန်မာနိုင်ငံကိုတော့ နောက်ကျပြီးမှ ရောက်လာပါတယ်။

ဒီရောဂါအတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အားရစရာမရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်နေသလို တပ်မတော်ဘက်ကလည်း ပူးပေါင်းမှု အားနည်းတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်နေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အရေးကြီးဆုံးအချက်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးမှာ အရေးကြီးဆုံးအချက်က ရောဂါရှိသူနဲ့ အနီးကပ် မနေမိဖို့ပါပဲ။ ရောဂါပိုးရှိသူကို မသိနိုင်တာကြောင့် တယောက်နဲ့တယောက် အနည်းဆုံး ၆ ပေလောက်အကွာမှာ နေရမယ်လို့ သတိပေးနေပါတယ်။ ဒါကြောင့် Social distancing ဆိုတဲ့ ဝေါဟာရဟာ လူသုံးများလာပါတယ်။ ရောဂါဖြစ်ပွားသူနဲ့ အနီးကပ် နေခဲ့သူတွေဟာလည်း ၁၄ ရက် သီးခြားနေထိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ပြင်တော့မယ်ဆိုတဲ့ နိုင်လွတ်လုံဥပဒေ မူလရည်ရွယ်ချက်အတိုင်း ဖြစ်ပါ့မလား

နိုင်လွတ်လုံ ဥပဒေလို့ လူသိများတဲ့ နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှူနဲ့ လုံခြုံမှုကို အကာအကွယ် ပေးရေးဥပဒေကို ပြင်ဆင်ပါတော့မယ်။ ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့လက တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းမှာ အချက်တချို့ကို ပြင်ဆင်တင်ပြထားပါတယ်။ ဒီပြင်ဆင်တဲ့ ဥပဒေကြမ်းကရော နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့လုံခြုံမှုကို တကယ်တမ်း အကာအကွယ် ပေးနိုင်မလားဆိုတာ မေးစရာပါ။ RFA ဝိုင်းတောင်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ အရေး

ထိုင်းနိုင်ငံမှာ စစ်တပ်အရာရှိတစ်ဦးနဲ့ အခြားအဆင့်တစ်ဦးတို့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား ပဋိပက္ခကြောင့် အရာရှိဖြစ်သူကို တပ်ကြပ်ကပစ်သတ်ပြီး မဆိုင်တွေကိုပါ ပစ်ခဲ့တဲ့အတွက် လူအများအပြား သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ စစ်တပ်ကလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်က သုံးသပ်ပြီး တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းလိုက်ပါတယ်။

ထိုင်းနိုင်ငံက အခြေအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က နှိုင်းယှဥ် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


၂၀၂၀ ပြည့်နှစ်ကို ကူးပြောင်းခဲ့တာ နှစ်လကျော်သာ ရှိသေးပေမဲ့ မြေမြုပ်မိုင်းကြောင့် ထိခိုက်ရသူ ဆယ့်နှစ်ဦးထက်မနည်း ရှိနေပါပြီ။ ထိခိုက်သေကြေသူ အများစုဟာ အရပ်သားတွေပါ။

ပြီးခဲ့တဲ့ အပတ်အတွင်းက ကရင်ပြည်နယ်မှာ မြေမြုပ်မိုင်းပေါက်ကွဲပြီး တပ်မတော်က တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့တာကြောင့် KNU အဖွဲ့နဲ့ တပ်မတော်အကြား တင်းမာမှုတွေ ကြီးမားလာနေပါတယ်။ မြန်မာနိုင်ငံက မြေမြုပ်မိုင်း အခြေအနေ အကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေပြီး ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ သုံးသပ်နေကြပေမဲ့ အစိုးရကတော့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ၂၁ပင်လုံ ကျင်းပမယ်လို့ ပြောဆိုထားသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ၂၀၂၀မှာ ငြိမ်းချမ်းရေးရမှာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒီပြောဆိုချက်တွေအတွက် အခြေအနေတွေ ပေးနေပါပြီလား၊ လက်ရှိမြန်မာနိုင်ငံက ငြိမ်းချမ်းရေးအခြေအနေကို ပုံဖော်ကြည့်ရအောင်ပါ။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပက မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားဟောင်းတွေ စိတ်၀င်တစား ၀ေဖန်ပြောဆိုနေတဲ့ ကိစ္စကတော့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ဂန်ဘီယာနိုင်ငံက ကြားဖြတ် စီမံဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ တင်ပြတဲ့အပေါ်မှာ ဆုံးဖြတ်ချက်ပေးလိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံက တောင်းဆိုချက် နှစ်ချက်ကိုတော့ ပယ်ချခဲ့ပြီး ဂန်ဘီယာနိုင်ငံက တောင်းဆိုချက် ခြောက်ချက်ထဲက လေးချက်ကို ပေးလိုက်တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် မြန်မာ ရှုံးပြီး ဂန်ဘီယာ နိုင်တယ်လို့ ထင်မြင်ယူဆနေကြပါတယ်။ အခြေအနေက တကယ်တမ်း အခုထင်နေသလို ဟုတ်ပါသလား။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မြောက်ဦး၊ ရသေ့တောင်၊ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တွေက ဒေသခံတွေထဲမှာ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်လို့ဆိုပြီး အရေးယူခံရသူတွေ အများအပြားရှိသလို AA ဘက်ကလည်း အစိုးရ၀န်ထမ်းတွေအပါအ၀င် အရပ်သား ရာနဲ့ချီပြီး ဖမ်းထားပါတယ်။ AA ဘက်က ဖမ်းထားသူတွေ ကို ပြန်လွှတ်ပေးခဲ့တာ ခြောက်ကြိမ်ရှိပြီး စုစုပေါင်း ၇၁ ဦး လို့ပြောပါတယ်။ AA နဲ့ ဆက်သွယ်လို့ဆိုပြီး အစိုးရဘက် က ဖမ်းထားသူ မြောက်ဦးက အမှုရင်ဆိုင်နေရသူ ၁၂ ဦးကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၈ ရက်နေ့ကတော့ စစ်တွေ တရားရုံးက မှားယွင်းဖမ်းဆီးမှုလို့ သုံးသတ်ပြီး တရားသေလွှတ်လိုက်ပါတယ်။ ခုလို စစ်တွေတရားရုံးက ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး ဒေသခံတွေက ကြိုဆိုလိုက်ပေမယ့် အလားတူ မှားယွင်းဖမ်းဆီးပြီး အပြစ်ပေးခံရသူတွေ အမှုရင်ဆိုင်နေရသူတွေ အများအပြားကျန်နေသေးတယ်လို့ ပြောဆိုပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဘယ်တော့ရမှာလဲ ဆိုတဲ့မေးခွန်းဟာ နိုင်ငံရေးသုံးသပ်သူတွေနဲ့ တိုင်းရင်းသားအရေး ကျွမ်းကျင်သူတွေအတွက် အလွန်ခက်ခဲတဲ့ မေးခွန်းဖြစ်နေပါတယ်၊ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုယ်တိုင် လက်မှတ်ရေးထိုးထားပြီးဖြစ်ပေမယ့် ရှေ့ဆက်ဖို့အရေး တစ်ဆို့မှုတွေရှိနေတယ်လို့ ပြောဆိုနေပါတယ်။ အလားတူ လက်ရှိငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းရာမှာ ရခိုင်ပြည်နယ်အရေးဟာ ဗဟိုချက် ဖြစ်လာနေတယ်လို့ သုံးသပ်နေတာလည်းရှိပါတယ်။

ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့ အပတ်အတွင်း ရခိုင်ပြည်နယ်က မြို့နယ် လေးခုမှာ အင်တာနက် ဖြတ်တောက် ထားတာနဲ့ပတ်သက်တဲ့ ဆန္ဒပြပွဲတစ်ခု ရန်ကုန်မှာဖြစ်ပွားခဲ့ပါတယ်။ ခုလို အင်တာနက် ဖြတ်တောက်မှုကြောင့် ဒေသတွင်းနေထိုင်သူ ခုနှစ်သိန်းကျော် ထိခိုက်လျက်ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အစိုးရဘက်ကတော့ ခုလိုဖြတ်တောက်မှုဟာ လုံခြုံရေးအရ လိုအပ်လို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အင်တာနက် ဖြတ်လိုက်တာကြောင့် တိုက်ပွဲတွေရပ်မသွားဘဲ လက်ရှိမှာ ပိုပြီးတိုးလာနေပါတယ်။

ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ ခလေးငယ် လိင်အကြမ်းဖက် ခံရတဲ့အမှုမှာ တရားခံအဖြစ် အစွပ်စွဲခံရသူ ကိုအောင်ကြီးကို တရားရုံးက တရားရှင် လွှတ်လိုက်ချိန်မှာ ဒီအမှုကို ရုံးတင်ခဲ့တဲ့ ရဲတပ်ဖွဲ့က စောလွန်းတယ်လို့ ၀ေဖန်ခဲ့သလို တရားရုံးကလည်း  ဥပဒေအရ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ တုံ့ပြန်သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။ တကယ်က အစွပ်စွဲခံရသူ ကိုအောင်ကြီးမှာ အပြစ်မရှိလို့ တရားရုံးက သုံးသပ်ခဲ့တာမှာ ကိုအောင်ကြီးဘက်က ၀မ်းသာရပေမယ့် ဒီအမှုမှာ တကယ့်တရားခံကို ဖော်ထုတ်နိုင်ဖို့ ပိုအရေးကြီးတယ်လို့ သုံးသပ်နေကြပါတယ်။ အခုဖြစ်ပျက်နေတဲ့  အခြေအနေအရ နောက်ကွယ်မှာ ရှုပ်ထွေးမူတွေရှိတယ်ဆိုတဲ့ ယူဆချက်တွေလည်း  ရှိနေပါတယ်။

ဦးတင်အောင်ခိုင် ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ရခိုင်ပြည်နယ်က တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ရဲ့ တိုက်ပွဲတွေကြားမှာ သေဆုံးရသူ အရပ်သားတွေ ပိုပိုများလာသလို အရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေလည်း တဖြည်းဖြည်းများလာနေပါတယ်။

သုံးသပ်သူတချို့ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေဟာ သာမန်တိုက်ပွဲတွေအဆင့်ကနေ အာဃာတ စစ်ပွဲအသွင်ကို ပြောင်းလာနေပြီလားလို့ မေးခွန်းထုတ်နေကြပါတယ်။

ဦးတင်အောင်ခိုင် ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရန်ကုန်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့က လှုပ်ခဲ့တဲ့ငလျင်ကြောင့် မြို့ခံတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ရန်ကုန်မှာ ငလျင်မလှုပ်တာ ခြောက်နှစ်လောက်ကြာသွားပြီမို့ ပိုလို့စိတ်လှုပ်ရှား ကြတာလည်းဖြစ်နိုင်ပါတယ်။

ရန်ကုန်မှာ ငလျင်မလှုပ်တာ ခြောက်နှစ်လောက်ကြာသွားပြီမို့ ပိုလို့စိတ်လှုပ်ရှား ကြတာလည်းဖြစ်နိုင်ပါတယ်။ လူတွေရဲ့စိတ်လှုပ်ရှားမူတွေကို လူမှုမီဒီယာတွေမှာ ရေးနေကြတာတွေ သိသာပါတယ်။ လူမှုမီဒီယာတွေပေါ် လှုပ်ခတ်တဲ့ငလျင်က တကယ်လှုပ်သွားတဲ့ ငလျင်ထက် ပိုပြီးပြင်းအားများလေသလားလို့ မေးခွန်းထုတ်တာလည်းရှိပါတယ်။တာဝန်ရှိသူပိုင်းကတော့ ပွဲလန့်ပွဲဆူအောင် တမင်လုပ်နေသူတွေကြောင့်လို့ အပြစ်တင်တာလည်းရှိပါတယ်။

ရန်ကုန်ငလျင်နဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင် ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ထိုင်းမြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်အတွင်းက ရွာတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အချိန်က အမျိုးသမီးသူကြီးတွေ အများအပြား ပေါ်ထွက်လာပါတယ်။ ဒါဟာလည်း လိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။

အဲဒီ့အချိန်က ကရင်ပြည်နယ် အစွန်အဖျား ဒေသတွေမှာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး ကရင်အမျိုးသမီးတွေဟာ သမိုင်းမှတ်တိုင်တခုကို စိုက်ထူကြတာ ဖြစ်ပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာ တနှစ်ပြည့်တော့မယ့်အချိန်မှာ စစ်ပွဲကြောင့် အရပ်သားသေဆုံးမှု ထိခိုက်ဒဏ်ရာမှုတွေလည်း တဖြေးဖြေးများလာပါတယ်။ နောက်တချက်ကတော့ တပ်မတော်ဘက်ကရောAA ရခိုင့်တပ်တော်ဘက်ကပါ အရပ်သားတွေကို ဖမ်းဆီးမှုရှိတယ်ဆိုတဲ့ သတင်းတွေ ရရှိတာပါ။

AAဘက်က ဖမ်းဆီးသူတွေဟာ တပ်မတော်ကို သတင်းပေးသူတွေ၊ အထောက်အပံ့ပေးသူတွေဖြစ်တယ်လို့ ပြောသလို တပ်မတော်ဘက်က အရပ်သားတွေ ဖမ်းဆီးစစ်ဆေးတယ်ဆိုတာ AA ဘက်က ဝါဒဖြန့်မှုပဲ ဖြစ်တယ်လို့ပြောပါတယ်။ တကယ်က လက်နက်ကိုင်တွေရဲ့ဆောင်ရွက်ချက်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ဒီဆောင်ရွက်မှုတွေဟာ ဒေသတွင်း သတင်းထောက်တွေ သွားလာခွင့်မရရှိတာ၊ အင်တာနက်များ ဖြတ်တောက်ထားတာကြောင့် အဆက်အသွယ်တွေ ပြတ်တောက်နေပြီး သတင်းမှန်တွေ ထွက်ပေါ်လာခြင်းမရှိတာကြောင့် ဖြစ်တယ်လို့ ထောက်ပြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က စုစည်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းတွေအတွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေ ပြန်ပြီးသက်ဝင်လာဖို့ ရှိနေပါတယ်။ အဓိကက NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အခမ်းအနားကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အစိုးရနဲ့ တပ်ဘက်က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိပါတယ်။

အဲ့ဒီမှာ ခေါင်းဆောင်တွေ ပါဝင်တဲ့အစည်းဝေးတွေကနေ စတုတ္ထအကြိမ်မြောက် ၂၁ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ကျင်းပဖို့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများအရေးကူညီထောက်ပံ့တာတွေ ပြုလုပ်နိုင်ဖို့ အမေရိကန်အောက်လွှတ်တော်က ဥပဒေတခု စက်တင်ဘာလကုန်ပိုင်းက အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက လွှတ်တော်မှာတော့ ဒီလိုဥပဒေမျိုး အတည်ပြုပေးနိုင်ဖို့ နေနေသာသာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကိုတောင် တိတိကျကျသတ်မှတ်နိုင်ခြင်းမရှိသေးသလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် သာရေးနာရေးကိစ္စတွေ ဆောင်ရွက်ရာမှာတောင် အစိုးရကိုယ်တိုင်က ဦးစီးပါဝင်နိုင်ခြင်း မရှိသေးပါဘူး။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့လအတွင်းက မြန်မာနိုင်ငံ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ရှိတဲ့ မြဝတီမြို့မှာ နိုင်ငံခြားသားတွေ အထူးများပြားလာတာနဲ့ ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်စိတ်ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီမြို့မှာ ထူးထူးခြားခြား တရုတ်နိုင်ငံသားတွေ များပြားနေတာကြောင့် ဖြစ်ပါတယ်။

အလားတူဘဲ ဒေသခံတွေ စိုးရိမ်လာနေတဲ့နေရာတခုကတော့ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ တရုတ်နိုင်ငံက လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းကြီး ၂ခုရှိနေတာကြောင့် ဒီစီမံကိန်းနဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံသားတွေ ဝင်ရောက် လာတာပါ။

ကြေးနီစီမံကိန်းနဲ့ တဆက်တည်း ဒေသခံတွေ မြေသိမ်းယာသိမ်းခံရတာကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင်ဖန်တီးပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မွေးမြူရေးခြံတွေ အသေးစားလုပ်ငန်းတွေ စက်ရုံငယ်တွေ တည်ထောင်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်တွေ့မှာ ကြေးနီစီမံကိန်းလုပ်ငန်းခွင်နဲ့ တခြားလုပ်ငန်းတွေမှာပါ မြန်မာနိုင်ငံသား အနည်းငယ်သာရှိပြီး တရုတ်နိုင်ငံသားတွေပဲ များနေတာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတာပါ။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုလပိုင်းတွေ အတွင်း လိုင်စင်မရှိဘဲ ဆက်သွယ်ရေးပစ္စည်း ကိုင်ဆောင်တဲ့ အမှုနဲ့ တရားစွဲဆိုတဲ့ အမှုတွေ မြင်တွေ့နေရပါတယ်။

ခုလိုတရားစွဲခံရတဲ့ အမှုတွေမှာ လူတိုင်းလိုလို အသုံးပြုနေတဲ့ ပစ္စည်းများကိုင်ဆောင်တာကို ဖမ်းချင်တဲ့သူကို ရွေးပြီးဖမ်းတဲ့ ပုံစံမျိုးလားဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီအမှုမျိုးတွေ ဖြစ်လာရတာ တိုင်းပြည်မငြိမ်းချမ်းတာကို မီးမောင်းထိုးပြနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်ခေတ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေပြင်ဆင်ဖို့ အချက်ပေးနေတာဖြစ်တယ်လို့ သုံးသပ်သူတွေ ပြောနေပါတယ်။ တကယ်က ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူရာမှာလည်း ဥပဒေကို လိုသလိုဆွဲပြီး အရေးယူတဲ့ ပုံစံမျိုးမဖြစ်ဖို့ လိုအပ်တယ်လို့ ဝေဖန်နေကြပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းပြီးတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


စက်တင်ဘာ ၁၇ရက်နေ့က ကျိုင်းတုံမြို့မှာ ပြုလုပ်သွားတဲ့ ဆွေးနွေးပွဲအပေါ်အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ၊ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့က ကိုယ်စားလှယ်တွေက အားရကျေနပ်တယ်လို့ ပြောသူတွေ ရှိပေမယ့် အများစုကတော့ သိပ်အားမရကြပါဘူး။ အဓိကက တဘက်နဲ့ တဘက် ယုံကြည်မှုတည်ဆောက်ဖို့ အများကြီးလိုသေးတယ်လို့ သုံးသပ်နေကြပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပင်လယ်ဂျစ်ပစီလို့ လူသိများတဲ့ ဆလုံလူမျိုးတွေ အရေအတွက်ဟာ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း လျော့နည်းလာနေပါပြီ။ ခုဆိုရင် တစ်ထောင်ကျော်ဝန်းကျင်သာ ကျန်တော့တယ်လို့ ဆလုံလူမျိုးအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ သူတို့ ပျောက်ကွယ်ရတဲ့ အဓိက အကြောင်းကတော့ လုပ်ကိုင်စားသောက်ခွင့်၊ အခွင့်အလမ်းပေါ်မှာမှုတည်နေတာပါ။

သူတို့နေထိုင်ကျက်စားရာမြိတ်ကျွန်းစုမှာ ပုလဲမွေးမြူရေး ကုမ္ပဏီကြီးတွေ အပါအဝင် ခရီးသွားလုပ်ငန်းတွေက အလုပ်တွေတိုးချဲ့လာချိန်မှာ ဆလုံတွေအတွက် ကျွန်းတွေပေါ်တက်ပြီး သောက်ရေရှာဖို့ကအစ အခက်အခဲတွေရှိလာပါတယ်။

ခုလိုနေထိုင်စားသောက်ဖို့နဲ့ အလုပ်အကိုင်နယ်ကျဉ်းလာတာကြောင့် တဖြေးဖြေးတောင်ဘက်ကို ရွေ့ပြောင်းလာတာကနေ မြန်မာ့နယ်နိမိတ်က ကျော်ပြီး တခြားနိုင်ငံတွေကို ရောက်သွားသူတွေ ရှိသလို သူတို့ ကျင်လည်ရာ ပင်လယ်ပြင်မှာ လုပ်ကိုင်စားသောက်စရာမရှိတော့လို့ ကုန်းပေါ်တက် သွားတာ၊ တခြားလူမျိုးနဲ့ သွေးနှောသွားတာလည်းရှိပါတယ်။

အခုဆလုံတွေကို နေရာချထားပေးတဲ့ လငန်းရွာအနီးက သူတို့ လုပ်ကိုင်စားသောက်တဲ့နယ်မြေကို မြန်မာဆာကီကုမ္ပဏီက ပုလဲမွေးမြူရေးလုပ်ငန်းလုပ်ဖို့ တိုးချဲ့လာလို့ ဆလုံတွေအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က စတင်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့၃ဖွဲ့က တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ငါးခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး နောက် ပြင်ဦးလွင်လို အရင်က သေနတ်သံမကြားရတဲ့ နေရာတွေမှာပါ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ အလားတူ ရခိုင်ပြည်နယ်ဘက်က အမြောက်သံ၊ သေနတ်သံတွေလည်းမပြတ်သေးပါဘူး။ ခုတော့ တိုက်ပွဲသံတွေ အဆုံးမသတ်ခင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြပါပြီ။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းနေချိန်မှာပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူမှုပဋိညာဉ်ကို ချိုးဖောက်ခဲ့တာကြောင့် တရားမဝင်ဘဲ ပျက်ပြယ်ပြီဖြစ်တယ်ဆိုပြီး တရားစွဲစာချွန်လွှာတက်ထားတာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က လက်ခံလိုက်ပါတယ်။

ဒီစာချွန်လွှာကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင်တွေက တင်သွင်းတာခဲ့တာပါ။ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ဟာ ဒီစာချွန်လွှာ မတင်ခင် ၂၀၁၇ ခုနှစ်က စပြီး၊ နှစ်ကြိမ်တိုင်တိုင် အောက်အဆင့် တရားရုံးတွေကို တင်ပြခဲ့ပေမယ့် တရားရုံးတွေက ဆုံးဖြတ်ပိုင်ခွင့်မရှိဆိုပြီး လက်မခံခဲ့ပါဘူး။ ခုတော့ တရားလွှတ်တော်ချုပ်က လက်ခံလိုက်ပါပြီ။ တရားလွှတ်တော်ချုပ်မှာ မကြာမှီလျှောက်လွဲချက်တွေ တင်သွင်းရမှာ ဖြစ်ပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိသစ္စာ ခံယူပွဲ တက်ရောက် လာချိန်၊ ကံ့ကော်ပန်းခြံကနေ ရန်ကုန်တက္ကသိုလ်များကျောင်းသားသမဂ္ဂက အဖွဲ့ဝင်တွေက ဆန္ဒပြကြပါတယ်။ ကျောင်းသားတွေက 7 July အခမ်းအနားကျင်းပလို့ အဖမ်းခံရတဲ့ ကျောင်းသားတွေလွှတ်ပေးဖို့ အပါအဝင် တခြားတောင်းဆိုချက်တွေ တောင်းဆိုခဲ့ပါတယ်။

တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြတယ်ဆိုတာ ခုတစ်ကြိမ်ဟာ ပထမဆုံး အကြိမ်ပါ။ ခုလိုဆန္ဒပြတာနဲ့ပတ်သက်လို့ ဝေဖန်သံတွေ တော်တော်လေး ထွက်ပေါ်လာပါတယ်။ ကျောင်းသားတွေ က NLD ပါတီကို ကျောင်းဝန်းထဲမှာ မဲဆွယ်တယ်လို့ စွပ်စွဲထားသလို NLD ကလည်း ငြင်းပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာကို ဇူလိုင်လ ၁၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ ပါတီတွေက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အဆိုပြုတဲ့ အချက်ပေါင်း ၃၇၆၅ ပါဝင်ပါတယ်။ ခုလိုအစီရင်ခံစာ တင်သွင်းတာကို တပ်မတော်ဘက်က အန္တရာယ်ရှိတယ်ဆိုတဲ့စကားကို ပြောဆိုခဲ့သလို ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဖွဲစည်းပုံပြင်ဆင်ရေးကို၊ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ခုလိုပြောဆိုချက်ဟာ ပြည်သူအများစုလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်၊ တပ်မတော်ကို အာဏာသိမ်းအောင် စကားလမ်းကြောင်းနေတာဖြစ်တယ်လု့ိ တုံ့ပြန်တာတွေရှိပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းသွေဖည်သွားအောင် ဆောင်ရွက်သူတွေရှိတယ်ဆိုပြီး NRPC အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုက ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က သတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ဟာ ဘယ်သူ့ကိုပြောတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ယုံကြည်မှုပျက်ပြားနေတာကို ရည်ညွန်းတာဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူ ဒေသခံ ငါးသောင်းကျော်ဟာ စစ်ရှောင်စခန်းပေါင်း ၆၀ နီးပါးမှာ နေထိုင်ကြရပါတယ်။ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြသူတွေထဲမှာ တစ်ဝက်လောက်ဟာ ကျောင်းနေအရွယ်လူငယ်များဖြစ်ကြတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။ အဓိကပြဿနာက သူတို့ရဲ့ပညာသင်ကြားရေးပါ။ ရင်ဆိုင်နေရတဲ့အခြေအနေကတော့ ကျောင်းရှိပြီး ဆရာမရှိတဲ့ ပြဿနာနဲ့ ကျောင်းလည်းမရှိ ဆရာလည်းမရှိတာတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် က မြို့နယ် ရှစ်ခုမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က စပြီး အင်တာနက်များဖြတ်တောက်လိုက်ပါတယ်။ ဒီဖြတ်တောက်မှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က အကြောင်းပြချက်မပေးပေမယ့် မကောင်းတဲ့အကျိုးဆက်များ ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေဖြစ်ပေါ်နေသလို ဒေသတွင်းအမှောင်ချပြီး စစ်ဆင်ရေးများ ဆောင်ရွက်နေတာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

အလားတူ စစ်ဘေးဒဏ်သင့်နေတဲ့ ဒေသခံတွေကို ကူညီကယ်ဆယ်ရေးမှာလည်း အခက်အခဲ တွေရှိလာနိင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်ဘက်ကတော့ အင်တာနက် လူမှုကွန်ယက်ကို အသုံးချပြီး အမုန်းစကားဖြန့်တာတွေရှိနေတာကြောင့် ပိတ်ပင်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောသူတွေလည်း ရှိပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြေဇာပင်ဖြစ်ရတာ ဒေသခံပြည်သူတွေဖြစ်သလို တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ရပ်ကျေးနဲ့ ကျေးရွာအုပ်ချုပ်မှူးတွေပါ ဒုက္ခရောက်ကြရပါတယ်။ အဓိက ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ မကြာခဏ အဖမ်းခံရတာကြောင့်ပါ။ သူတို့ကို မတရားသင်းဆက်သွယ်မှှု ပုဒ်မ ၁၇(၁)နဲ့ ဖမ်းတာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးမှုတွေဟာ အခုနှစ်ဆန်းပိုင်းလောက်ကစပြီး ရသေ့တောင်မြို့နယ်မှာ ဖြစ်ခဲ့ပြီးနောက်၊ မြောက်ဦးမြို့နယ် နောက်ပိုင်းမှာ ကျောက်တော်မြို့နယ်တွေမှာပါ အဖမ်းအဆီးတွေ ရှိလာပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးမှူးတွေ အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ကြပါတယ်။ သူတို့ကို ဥပဒေအရ အကာအကွယ်ပေးဖို့လည်း တောင်းဆိုပါတယ်။ တပ်မတော်ကတော့ အပြစ်ရှိသူကို အရေးယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးမှူးတွေက ပြည်နယ်ဝန်ကြီးချုပ်ကို တွေ့ဆုံခဲ့ပေမယ့် ဝန်ကြီးချုပ်က လိမ္မာသလိုသာ ကြည့်နေပါလို့ပြောတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကြောင့် မြို့နယ်အတွင်း အောက်ခြေအုပ်ချုပ်ရေးပျက်ပြားပြီး ဒေသခံပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အပစ်ရပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တဲ့ သုံးပွင့်ဆိုင် UPDJC အတွင်းရေးမှူးများရဲ့ ရန်ကုန်မြို့ ငြိမ်းချမ်းရေးဗဟိုမှာပြုလုပ်တဲ့ နှစ်ရက်ကြာကျင်းပတဲ့ အလွတ်သဘောအစည်းအဝေး၊ ဇွန်လ ၁၄ ရက်နေ့က ပြီးဆုံးပါတယ်။ ဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတာတွေကို ရှေ့တိုးနိုင်အောင် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ နှစ်ဦးနှစ်ဘက်သဘောတူ Bilateral သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲကို ဧပြီလ ၃၀ ရက်နေ့က တရုတ်ပြည် ရွှေလီမြို့မှာ ကျင်းပခဲ့ပြီး နောက်တစ်ကြိမ်ဆွေးနွေးပွဲကို မေလ တတိယအပတ်အတွင်း ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ပေမယ့် ကျင်းပမယ့်နေရာ ဟိုဘက်ဒီဘက် အဆိုပြုနေတာကနေ သတ်မှတ်တဲ့အချိန်မှာ မကျင်းပနိုင် ဖြစ်နေပါတယ်။ အခုတော့ မြန်မာ့တပ်မတော်က ရက်တိုးသတ်မှတ်ပေးထားတဲ့ အပစ်ရပ်ကာလဟာလည်း အချိန်ပြည့်တော့မှာမို့ လာမယ့်အပတ်အတွင်း ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်မြောက်ပိုင်း အင်းဒင်းရွာက လူသတ်မှုမှာ တပ်မတော်သားတွေကို ချမှတ်ထားတဲ့ အပြစ်ဒဏ်တွေကို လျော့ပေးပြီး ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်နေသလို မြန်မာနိင်ငံက တရားစီရင်ရေးမှာလည်း အမဲကွက်စွန်းထင်းသွားပြီလို့ ပြောဆိုနေကြပါတယ်။ အပြည်ပြည်ဆိုင်ရာက ဝေဖန်သူတွေကတော့ မြန်မာ့တရားစီရင်ရေးကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး စံနှစ်မျိုးနဲ့ တရားစီရင်ရေးအဖြစ် သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ အလားတူ ဖြစ်စဉ်မျိုးတွေ ကြုံဖူးခဲ့ပါသလား။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် တတိယ အသုတ်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ ပါလာကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ လွတ်မြောက်မှုအပေါ်မှာ နိုင်ငံတကာက ဝမ်းမြောက်ဝမ်းသာ ချီးမွှန်းနေကြပေမယ့် လူမှုရေးကွန်ယက်စာမျက်နှာများမှာ၊ မိုးမွှန်အောင် ဆဲဆိုနေတာ တွေ့မြင်ရပါတယ်။ တစ်ချိန်တည်းမှာပဲ သတင်းသမားတွေအပေါ် အမြင်စောင်းအောင် ဖန်တီးနေတဲ့ အုပ်စုတွေရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဦးတင်အောင်ခိုင်က ဆွေးနွေးတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့ လပိုင်းအတွင်း၊ တပ်မတော်က သတင်းမီဒီယာတွေအပေါ် တရားစွဲတာရော လူပုဂ္ဂိုလ် တစ်ဦးချင်းအပေါ် တရားစွဲတာတွေရော ထွက်ပေါ်လာပါတယ်။ ခုလိုတရားစွဲတာမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ဖြစ်သလို ရာဇသတ်ကြီးပုဒ်မတွေပါ၊ ပါဝင်ပါတယ်။ ဒီဆောင်ရွက်မှုတွေဟာ ဒီမိုကရေစီနည်းလမ်းနဲ့ မညီဘူးလို့ ပြောဆိုသူတွေရှိပါတယ်။ အာဏာရှင်ခေတ်ဆီကို ပြန်သွားနေတဲ့ အခြေအနေလို့ သုံးသပ်သူတွေလည်းရှိပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့ အပတ်အတွင်းကပဲ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာမရှိပါလို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက် စစ်အစိုးရတွေ လက်ထက်ကတည်းက အပြည်ပြည်ဆိုင်ရာကိုရော ပြည်တွင်းမှာပါ မရှိပါလို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။ နိုင်ငံရေးအရ ဖမ်းဆီးထားတာဖြစ်ပေမယ့် ပုဒ်မတွေကို ရာဇသတ်ကြီးပုဒ်မတွေတပ်ထားပြီး သာမန်အကျဉ်းသားသာဖြစ်တယ်လို့ ပြောဆိုလို့ရှိပါတယ်။ ဒီအခြေအနေကြောင့် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့က လက်ရှိအစိုးရက ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် သတ်မှတ်ချက်ကို ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်သင့်သလို လွှတ်တော်မှာလည်း ဥပဒေ ပြုပြင် ပြဌာန်းသင့်တယ်လို့ ပြောပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အစိုးရနဲ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သဘောထားမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို NCA အပစ်ရပ်စာချုပ်မှာ အရင်ဆုံးလက်မှတ်ထိုးဖို့ စည်းရုံးနေပါတယ်။ ဒါပေမဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကိုယ်တိုင် NCA အပေါ် အားမလိုအားမရ ဖြစ်နေပြီး၊ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ၊ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေဘက်ကတော့ NCA ထက် Bilateral လို့ခေါ်တဲ့ မြန်မာအာဏာပိုင်တွေနဲ့ နှစ်ဘက်တွေ့ဆုံရေးအပေါ်မှာ ပိုပြီး အားသာလာနေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကချင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့် ကိုယ့်အိမ်ကိုယ့်ရွာကနေ ထွက်ပြေးကြရတဲ့ လူငယ်တွေအတွက် ဆွေးနွေးပွဲတွေကို ဒုက္ခသည်ကော်မတီက ဦးစီးပြီး ပြုလုပ်ပေးနေခဲ့တာ ခုဆို ၅နှစ်ရှိခဲ့ပါပြီ။ ဒါဟာ ဒီလူငယ်တွေရဲ့ ဘဝရှေ့ရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သုံးသပ်သူတချို့ကတော့ ဒီဆောင်ရွက်ချက်ဟာ KIAတပ် အတွက် လူသစ်စုဆောင်းတာလို့ ဝေဖန်မှုတွေရှိပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ AA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေချိန်မှာ သတင်းမီဒီယာတွေကို ခြိမ်းခြောက်တဲ့စာတွေ ရောက်ရှိလာပါတယ်။ ဒီကိစ္စအပေါ်တရားခံအစစ် ဘယ်သူလဲဆိုတာ မသိရပေမယ့် AA နဲ့ တပ်မတော်ကတော့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ သုံးသပ်သူ တချို့ကတော့ ဒါဟာ ရခိုင်ပြည်နယ်က အခြေအနေတွေ ပိုပြီးရှုပ်ထွေးအောင် ပြုလုပ်နေတာလို့ ယူဆကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကုမ္ပဏီတွေရဲ့ အလွန်အကျွွံ တူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒေသခံတွေ ရင်ဆိုင်ခံစားနေတဲ့ ဆိုးကျိုးတွေထဲမှာ လက်တွေ့ဖြစ်နေတဲ့ ပြဿနာကတော့ သောက်သုံးရေ ရှားပါးမှုပါ။ ဒီပြဿနာဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စတင်လာတာဖြစ်ပေမယ့် အခုအချိန်မှာ အဆိုးဆုံးဖြစ်နေပြီလို့ ဒေသခံတွေကပြောပါတယ်။ အခုလို ရေရှားပါးမှုတွေ ကြုံတွေ့နေရချိန်မှာ ကျောက်တူးဖို့ ရောက်လာကြသူတွေကလည်း တနေ့တခြား များပြားလာနေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


တပ်မတော်က လေးလကြာ အပစ်ရပ်စဲအခတ်ရပ်စဲရေးကြေငြာပြီးနောက် တိုက်ပွဲသံတွေ နည်းနည်းငြိမ်သွားတဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ် ဒေသတွေက ဒုက္ခသည်တွေ နေရပ်ပြန်ရေးလုပ်ငန်းတွေစတင်နေပါပြီ။ ရခိုင်ပြည်နယ်မှာလည်း စစ်ပြေးဒုက္ခသည်တွေကို အိမ်ပြန်ဘို့ တိုက်တွန်းမှုတွေရှိပေမဲ့ ဒုက္ခသည်တွေ ထပ်ပြီးတိုးပွားလာနေပါတယ်။ ၂၀၁၉ခုနှစ် မြန်မာနိုင်ငံအတွင်း ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ သုံးသပ်ချက်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ စစ်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေက အမျိုးသမီးတွေဟာ စီးပွားရေးလိုအပ်ချက်အရ တရုတ် အမျိုးသားတွေနဲ့လက်ထပ်ဖို့ တရုတ်ပြည်ကို ရောင်းစားခံနေရတယ်ဆိုတဲသတင်းတွေ ထွက်ပေါ်နေပါတယ်။ အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်ရဲ့ အစီရင်ခံစာအရ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အမျိုးသမီး ၇၅ဝဝ လောက် တရုတ်ပြည်ကို ရောင်းစားခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ စစ်ပွဲတွေကြောင့်ရလာတဲ့ နောက်ဆက်တွဲဆိုးကျိုးတခု ဖြစ်တယ်လို့ KWAT ကချင်အမျိုးသမီးအဖွဲ့က ပြောပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ညီလာခံကြီးတွေ၊ ထိပ်သီးအစည်းအဝေးတွေ အကြိမ်ကြိမ် ကျင်းပနေကြပေမယ့် ငြိမ်းချမ်းရေးဆိုတာကို မှိုင်းပြပြလေးသာ မြင်နေရပါတယ်။ ငြိမ်းချမ်းရေး အလှမ်းဝေးနေတာကြောင့် အထိခိုက်အနစ်နာရဆုံးကတော့ စစ်ပွဲဖြစ်ပွားရာဒေသတွေက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရ၊ မိသားစုတွေကွေကွင်းရပြီး၊ အလုပ်အကိုင်တွေ ပျက်၊ အလုပ်အကိုင်တွေမဲ့ပြီး အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေကြရပါတယ်။ RFA ဝိုင်းတောသား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခေတ္တရပ်နားထားမယ် ဆိုပြီး KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာလိုက်တဲ့အတွက် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်သွားမလား ဆိုတဲ့ စိုးရိမ်ချက်တွေ တိုးပွားလာနေပါတယ်။ သုံးသပ်သူတွေကတော့ KNU ရဲ့ကြေညာချက်အပေါ် သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကြားနာဆွေးနွေးခဲ့ကြတာပါ။ ဒီစွပ်စွဲချက်တွေဟာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ချက်တွေပဲ ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ မြန်မာဘက်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ ၂ဝ၁၆ -၂ဝ၁၇ နဲ့ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် အစီရင်ခံစာတွေအရ ကျပ်ငွေဘီလျံပေါင်းများစွာ နစ်နာနေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ တိုင်ကြားတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအစီရင်ခံစာ ဖော်ပြချက်အရ နစ်နာဆုံးရှုံးရတဲ့ ပြည်သူ့ဘဏ္ဍာတွေနဲ့ ပတ်သက်ပြီး အရင်အစိုးရပိုင်းမှာ တာဝန်ရှိသလို အခုတာဝန်ဆက်လက်ယူတဲ့ အစိုးရမှာလည်း တာဝန်ရှိနေပါတယ်။ ဒါပေမဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဒီကိစ္စ အရေးမယူနိုင်သေးဘူးလို့ ကြေညာထားပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကျောက်စိမ်းတွင်းဒေသက တရားမဝင်ကျောက်ရှာဖွေသူတွေကို ရှင်းလင်းတော့မယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးက အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့အပတ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တကယ်က သိန်းနဲ့ချီပြီးရှိနေတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို ရှင်းလင်းဖိုးဆိုတာ လွယ်ကူပါသလား။ ဒါ့ပြင် ဒီဆောင်ရွက်ချက်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် အားသွန်ကြိုးပမ်းမူတွေရှိပေမယ့် သေနတ်သံတွေကတော့ ကြားနေရဆဲဖြစ်ပါတယ်။ ဒီတိုက်ခိုက်မူတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာတပ်မတော်ကြား အကျိုးစီးပွားကိစ္စရပ်တွေ ပါဝင်နေတယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေအနက် စတင်ဖို့အခက်အခဲဖြစ်နေတဲ့ စီမံကိန်းကတော့ ကျောက်ဖြူ -ကူမင်း ရထားလမ်းစီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ တရုတ်ပြည်အတွက် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်လို့ တရုတ်နိုင်ငံအနေနဲ့ လုပ်ငန်းတွေကို စတင်နိုင်ရေး လုံးပန်းမူတွေရှိနေပါတယ်။ ဒီစီမံကိန်းဖြစ်မြောက်နိုင်မဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့လအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်၊ ဒီခရီးစဉ်မှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ရရှိသင့်ရရှိထိုက်တဲ့ အခွင့်အရေးတွေအတွက် ထိုင်းအာဏာပိုင်တွေကို အရေးဆိုခဲ့ပါတယ်၊ ဒီအတွက် ထိုင်းနိုင်ငံတွင်း ထုတ်ဝေတဲ့ သတင်းစာတချို့နဲ့ လူမူရေးစာမျက်နှာများပေါ်မှာ ဝေဖန်မူတွေဖြစ်ပေါ်ခဲ့ပါတယ်၊ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြပေးပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ တာဝန်ယူဖြေရှင်းဖို့ ဆိုးဆိုးဝါးဝါးပျက်ကွက်တဲ့ ကမ္ဘာ့နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံးအဆင့် ၃ မှာ အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်ပါတယ်။ စစ်အစိုးရလက်ထက်က ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁ဝ အထိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဆင့်-၃ သတ်မှတ်ခံရပြီး ၂ဝ၁ဝ မှာ အဆင့်-၂ ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုနဂိုအဆင့်ကို ပြန်ရောက်သွားတာဘာကြောင့်ပါလဲ။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အဂတိလိုက်စားမူတိုက်ဖျက်ရေးဟာ အပြောင်းအလဲကို စတင်ဆောင်ရွက်နေတဲ့ အစိုးရသစ်လက်ထက်မှာ သတိထားကိုင်တွယ်ရမယ့် ကိစ္စတစ်ရပ်ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောနေကြပါတယ်။ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမူဟာ ဓလေ့ထုံးစံ ယဉ်ကျေးမူတစ်ရပ်လို ဖြစ်နေတဲ့ အခြေအနေမှာ အာဏာပိုင်တွေအနေနဲ့ စနစ်တကျဆောင်ရွက်ဖို့ လိုတယ်လို့ ဝေဖန်မူတွေလည်း ရှိနေပါတယ်။ ဦးတင်အောင်ခိုင်က တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အစိုးရသစ် တာဝန်ယူတဲ့နေ့ကစပြီး နိုင်ငံပိုင်သတင်းစာတွေရဲ့ အပြင်အဆင်ကစပြီး အရေးအသားတွေပါ ပြောင်းလဲတာကြောင့် မတ်လ ၃၁ ရက်နေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေကို ပြည်သူတွေ အလုအယက် ဝယ်ယူခဲ့ကြပါတယ်။ ဒီအခြေအနေတွေအရ မြန်မာနိုင်ငံက အစိုးရအာဘော်သတင်းစာတွေ အမှန်တကယ် ပပျောက်သွားတော့မှာလား၊ သတင်းလွတ်လပ်ခွင့်ရော ရရှိမှာလား စတာတွေနဲ့ ပတ်သက်ပြီး သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့အပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ ကွတ်ခိုင် စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အစိုရတပ်တွေနဲ့ ပြည်သူစစ်တွေက ဒေသခံပလောင် တိုင်းရင်းသားတွေရဲ့ ရွာတွေကို ဖျက်ဆီးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီဆောင်ရွက်ချက်တွေဟာ အရင်အစိုးရအဆက်ဆက် တိုက်ပွဲတွေမှာကျင့်သုံးတဲ့ နည်းဗျူဟာတွေဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ်ထိခိုက်စေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ၂ဝ၁၁-၁၂ အချိန်ကတည်းက ဒေသခံနဲ့ ကုမ္ပဏီအကြား အငြင်းပွားနေတဲ့ ပြဿနာဟာ ဒီကနေ့အထိ မပြီးဆုံးသေးသလို နောက်အစိုးရလက်ထက်မှာလည်း ပြဿနာတွေ ဆက်လက်ဖြစ်ပွားဖွယ် ရှိနေပါတယ်။ တကယ်က ဒီပြဿနာတွေမှာ အစိုးရပိုင်းက ကုမ္ပဏီရဲ့ အကျိုးဆောင်ကိုယ်စားလှယ်ပုံစံမျိုး လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့လအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးတဲ့ လူထုအခြေပြု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ဘိန်းခင်းပိုင်ရှင်တွေအကြား ပစ်ခတ်တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ ပြည်နယ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမူတွေ ပြုလုပ်နေပါတယ်။ တဆက်တည်း အကြမ်းဖက်သူတွေကို အရေးယူမယ်လို့ အာဏာပိုင်တွေကပြောပေမယ့် ဘိန်းခင်းတွေ သွားဖျက်သူတွေကို ပစ်မှတ်ထားနေသလား ဆိုတဲ့ သံသယတွေဖြစ်ပေါ်နေကြပါတယ်။ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့ အပတ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကိုဖော်ဆောင်လို့ မရနိုင်တာကြောင့် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကိုလိုလားတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ တောင်းဆိုမူတွေလုပ်ဖို့ ပြောဆိုလိုက်ပါတယ်။ ဒီပြောဆိုချက်အပေါ်မှာ အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်ရေးထိုးခြင်းမရှိတဲ့အဖွဲ့တွေကပါ သဘောတူလက်ခံခြင်းမရှိပါဘူး။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားအချင်းချင်းကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မြန်မာအစိုးရသစ်အတွက် ပြဿနာသစ်တခုဖြစ်လာနေပါတယ်။ တစ်ပြည်လုံးစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို နံပါတ်-၁ ဦးစားပေးဆောင်ရွက်မယ်လို့ ပြောဆိုထားတဲ့ NLD အစိုးရအနေနဲ့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နိုင်သလဲ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဘိန်းခင်းတွေဖျက်စီးဖို့ ဆောင်ရွက်နေပေမယ့် ဘိန်းခင်းဧကတစ်သောင်းလောက်ရှိနေတဲ့ မြို့နုယ်တစ်ခုမှာ ဘိန်းခင်းပိုင်ရှင်တွေက ခုခံနေတာကြောင့် လုပ်ငန်းတွေ ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ တပ်မတော် လေ့ကျင့်ရေးကျောင်းတစ်ကျောင်းမှာ သင်တန်းသားအချင်းချင်း နှိပ်စက်နေတဲ့ ဗီဒီယိုတွေ ပျံ့နှံ့နေရာမှာ ဝေဖန်မှုတွေ အများအပြားထွက်ပေါ်နေပါတယ်။ ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး စစ်တပ်အတွင်းရှိ ပုဂ္ဂိုလ်တွေကိုယ်တိုင် တအံ့တသြဖြစ်ရတယ်လို့ ဆိုပါတယ်။ အရပ်သားတွေအနေနဲ့ကတော့ ဒီဗီဒီယိုကြောင့် ကြောက်လန့်စိတ်တွေဖြစ်ရတယ်လို့ ဝေဖန်နေကြပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းအတွင်း ရန်ကုန်မှာရှိတဲ့ ကျူးကျော်ရပ်ကွက်တွေကို အင်အားသုံးဖျက်သိမ်းလျက်ရှိရာမှာ ဝေဖန်မှုတွေ အမျိုးမျိုးဖြစ်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျူးကျော်ဖြစ်ပေါ်လာပုံကို အခြေခံကျကျလေ့လာပြီးမှ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဇန်နဝါရီလ ၁၆ ရက်နေ့က အဆုံးသတ်သွားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ ငြိမ်းချမ်းရေးအတွက်အဖြေထက် ဖြေရှင်းရမယ့် ပြဿနာတွေကသာ ပိုလာများတယ်လို့ ဝေဖန်နေကြပါတယ်။ ဒီညီလာခံနဲ့ ပတ်သက်ပြီး အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဖားကန့် ကျောက်စိမ်းတွင်းမှာ ရေမဆေးကျောက် ရှာဖွေသူတွေဟာ အသက်ကိုရင်းပြီး လုပ်ကိုင်စားသောက် နေရသူတွေဖြစ်ကြပေမယ့် သူတို့အားလုံးမှာ သာမန်လူတွေထက် အိမ်မက်လှလှတွေ ကိုယ်စီရှိကြပါတယ်။ မြေသယ်ကားကြီးတွေ သွန်ချတဲ့ မြေပုံပေါ်မှာ အလုပ်လုပ်ဖို့ သွားကြတာကို လင်ခရူဇာကားကြီး သွားဝယ်စီးဖို့၊ ပါဂျဲရိုးကားဝယ်ဖို့စတဲ့ စိတ်ကူးတွေကိုယ်စီနဲ့လို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင်က တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဖားကန့် ကျောက်စိမ်းတွင်းဒေသက အခြေအနေတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရတဲ့ အခြေအနေတွေ မြင်တွေ့ခဲ့ရပေမယ့် ပြဿနာအတွက် အဖြေတော့ မရရှိခဲ့ပါဘူး။ ဝေဖန်သူတချို့ကတော့ အစိုးရအဖွဲ့ရဲ့ တင်ပြချက်ဟာ အနာနဲ့ ဆေးလွဲနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းအတွင်း ဖားကန့်ဒေသမှာ လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ဗဏီတွေ ကျောက်စိမ်းတူးယူနေကြတာနဲ့ ပတ်သက်ပြီး ကန့်ကွက်သံတွေ မျိုးစုံထွက်ပေါ်နေသလို ဒေသခံတွေ ကိုယ်တိုင်လည်း ဆန္ဒပြတာတွေ ပြုလုပ်နေကြပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး ကျောက်စိမ်းတွေ တစ်နိုင်ငံထဲအပိုင်ရနေတဲ့ မြန်မာနိုင်ငံမှာ နောင်ဆိုရင် ကျောက်စိမ်းကို အရုပ်ရေးပြရမယ့် အခြေအနေအထိ ကျောက်စိမ်းဆိုတာလုံးဝ ပျောက်ကွယ်သွားနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


၂၀၁၅ ရွေးကောက်ပွဲကြီး လွတ်လပ်ပြီး တရားမျှတရစေမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကတိပြုထားပေမယ့် သံသယဝင်နေသူအများအပြားရှိသလို၊ ရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်မှုရှိခဲ့တဲ့အတွက်ကြောင့်လည်း ရွေးကောက်ပွဲရလာဒ်ကြောင့် တစ်စုံတရာ ဖြစ်ပေါ်လာလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ဖြစ်ပေါ်နေကြပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သီတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲပေးပွဲတွေမှာ ဆူဆူညံညံအသံတွေ ကြားလာရသလို အခုတော့ အမှားကိုပြင်လို့ အမှန်ဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ပေးမယ်လို့ ဆိုလာပြန်ပါတယ်။ တချို့နိုင်ငံတွေမှာ အခုလမကုန်ခင် မဲပေးခွင့်ပြန်လည်ရရှိဖို့ ဆောင်ရွက်နေကြပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိတ်သီးအစည်းအဝေးကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ရာမှာ တညီတညွတ်တည်း ဆုံးဖြတ်ချက်တစ်ခုတည်း မချမှတ်နိုင်ခဲ့ပါဘူး။ ဒီအခြေအနေဟာ အခုတစ်ပတ်မှာတော့၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိသူ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနေကြတဲ့အကြောင်း ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိပ်သီးအစည်းအဝေးကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ရာမှာ တညီတညွတ်တည်း ဆုံးဖြတ်ချက်တစ်ခုတည်း မချမှတ်နိုင်ခဲ့ပါဘူး။ ဒီအခြေအနေဟာ တိုင်းရင်းသားတွေကြား သွေးကွဲမူဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေရှိပေမယ့် လက်မှတ်ရေးထိုးရေးအတွက် အဖွဲ့အနည်းငယ်ကသာ လက်ခံခဲ့တာကြောင့် အစိုးရလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးလို့ သုံးသပ်နေကြပါတယ်။ သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲစာရင်း ပြဿနာတွေ ပေါ်ပေါက်လျက်ရှိရာမှာ ဒီပြဿနာအတွက် တရားခံဟာ မဲဆန္ဒရှင်တွေ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမူတွေရှိနေပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှန် မမှန် မိမိကိုယ်တိုင်စစ်ဆေးရမှာဖြစ်ပြီး၊ အမှန်ကို မပြင်နိုင်တာဟာ မိမိမှာတာဝန်ရှိတယ်လို့ ပြောဆိုခံနေရပါတယ်။ ဒီအခြေအနေများအရ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတပါ့မလားဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်နေပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီး နီးလာချိန်မှာ တပ်မတော်သားများ အရပ်ဘက်ကို တိုးမြှင့်ပြောင်းရွေ့လာတာနဲ့ပတ်သက်ပြီး ကန့်ကွက်မူတွေ ပြင်းထန်လာနေပါတယ်။ ဒီကန့်ကွက်မူတွေဟာ လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲအပေါ်မှာ အကျိုးသက်ရောက်မူတွေ ရှိနိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အလုပ်သမားတွေအတွက် အနိမ့်ဆုံးတစ်ရက်လုပ်ခလစာ ၃၆ဝဝ ကျပ်အဖြစ် အစိုးရက အတည်ပြုပြဌာန်းလိုက်တဲ့ဥပဒေဟာ စက်တင်ဘာလ ၁ ရက်နေ့က စတင်သက်ဝင်ပါတယ်။ ဒီဥပဒေဟာ အလုပ်သမားတွေ သက်သာချောင်ချိရေးအတွက်လို့ ဆိုပေမယ့် ဥပဒေစတင်သက်ဝင်တာနဲ့ အလုပ်ရှင်အလုပ်သမားပြဿနာတွေ ပိုပြီးများလာပါတယ်။ ဒါဟာ အစိုးရရဲ့ ကိုင်တွယ်ပုံ မှားယွင်းနေလို့ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိလို့ ပယ်ချလိုက်သူ ၈၈ ဦးရှိတယ်လို့ ဆိုပါတယ်။ အပယ်ခံရသူတွေအနေနဲ့ အများအားဖြင့် သုံးဦးသုံးဖလှယ် မြန်မာနိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁ဝ နဲ့ မြန်မာနိုင်ငံမှာ ၁ဝ နှစ် ဆက်တိုက်နေထိုင်ရမယ်ဆိုတဲ့ ပုဒ်မ ၈ စတာတွေနဲ့ ငြိစွန်းကြတာပါ။ ဒါပေမယ့် တချို့ကို ဥပဒေနဲ့ ချိန်ထိုးရာမှာ ခရိုင်ကော်မရှင်တွေ မှတ်စိမှိတ်ပြီး လုပ်ချင်သလိုလုပ်လိုက်တာမျိုးတွေ ရှိနေပါတယ်။ ဒီအကြောင်း သတင်မြင်ကွင်းကျယ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံက အခုနှစ်အတွင်း မကြုံစဖူး မိုးကြီးရေလျှံမှုကြောင့် လူသန်းနဲ့ချီပြီး ထိခိုက်ခဲ့ရပါတယ်။ ခုတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေပြီလို့ အာဏာပိုင်တွေကပြောပေမယ့် စနစ်တကျဆောင်ရွက်မူတွေ မမြင်ရသေးဘူးလို့ ဝေဖန်မူတွေရှိနေပါတယ်။ တချိန်တည်းမှာပဲ နောင်မှာ အခုလိုသဘာဝဘေးဒုက္ခတွေ မကြုံရအောင်ကြိုတင်စီမံမှုတွေ လုပ်ထားသင့်တယ်လို့ အကြံပြုသူတွေလည်း ရှိပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မန္တလေးမြို့မှာ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ဘာသာပေါင်းစုံသင့်မြတ်ရေး ဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် သုံးဦးကို စွဲချက်တင်ထားတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ဒီအမှုဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအခြေအနေကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ ဝေဖန်မူတွေရှိနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ်သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမှာ ဖြစ်ပွားနေတဲ့ မိုးကြီးမြေပြိုမူတွေအတွက် မြို့ကိုနေရာပြောင်းရွှေ့ဖို့ စီစဉ်နေကြပါတယ်။ တကယ်တော့ ဟားခါးမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်ခင် ကယ်ဆယ်ရေးလုပ်ငန်းအဆင့်တွေ လုပ်ဆောင်ဖို့ ကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခြေအနေအရ လူ ၃ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး စားနပ်ရိက္ခာ ပြတ်လတ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ကြိုးစားနေချိန်မှာ အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အရေးကြီးတဲ့ အခြေခံအချက်တချို့ကို ဆွေးနွေးဖို့ မေ့လျော့နေသလားဆိုတဲ့ သုံးသပ်မေးခွန်းထုတ်သူတွေ ရှိပါတယ်။ ဒီလိုအပ်ချက်ကြောင့် တစ်ဘက်က ဆွေးနွေးနေချိန် တခြားတစ်ဘက်မှာ သေနတ်သံတွေကြားနေရတာလို့ ဆိုပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်ရေး မသေချာတော့ဘူးလို့ ဝေဖန်သူတွေ အခိုင်အမာပြောနေချိန်ကြချိန်မှာ ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်ခြင်းတွက် တခြားဘေးထွက်ဆိုးကျိုး တစ်ခုရှိနေတယ်လို့ ထောက်ပြသူတွေရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆ဝ ကျော် မရရှိသေးတဲ့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးသွားပြီလို့ ပြောဆိုနေကြတာပါ။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


NLDပါတီ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့စဉ်က ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အဓိကရည်ရွယ်ချက်ထားခဲ့ပေမယ့် အခုတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ အခြေအနေသွားပြီလို့ သုံးသပ်နေကြပါတယ်။ ဒီအခြေအနေမှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လှည့်စားခံလိုက်ရတာများလားဆိုပြီး သုံးသပ်သူတွေလည်းရှိပါတယ်။ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပညာရေးဥပဒေအတွက် ဆန္ဒပြလို့ လက်ပံတန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ ကျောင်းသားတွေရဲ့ အမှုတွေကို စစ်ဆေးနေစဉ်မှာပဲ အကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး ပြုစုစောင့်လျှောက်မူတွေနဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်မှုတွေ ဆက်တိုက်ပေါ်ပေါက်လာနေပါတယ်။ အခုဆိုရင် ကျောင်းသားတွေကို ဖမ်းခဲ့စဉ်က အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အပြန်အလှန်ငြင်းခုံတာတွေ တရားရုံးအထိ ရောက်ရှိလာပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းသုံးကြိမ်ထုတ်ပြန်ခဲ့ရာမှာ အမှားအယွင်းပေါင်း များစွာတွေ့ရှိနေရလို့ ဝေဖန်မှုတွေရှိပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့ “မိုးကြိုးပစ်၊ ထန်းလက်နဲ့ကာ” ဆိုသလိုမျိုးလုပ်နေတယ်လို့ ပြောနေကြပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ အသတ်ခံရတဲ့ ကချင်ကျောင်းဆရာမ နှစ်ဦးရဲ့အမှုဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသခံတွေတင်မက မြန်မာတစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့အမူဖြစ်သလို အမှုသွားအမှုလာအရလည်း စိတ်ဝင်စားစရာကောင်းနေတယ်လို့ ကချင်လူမှုရေးအဖွဲ့တွေက ပြောပါတယ်။ တရားခံတွေ ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့နဲ့အတူ ကချင်လူမှုရေးအဖွဲ့ွှတွေ ပူးပေါင်းကြိုးစားလျက်ရှိရာမှာ အဓိကသက်သေတွေဖြစ်တဲ့ ဒေသခံ ကောင်းခါးရွာသားတွေဟာ အမှန်အတိုင်း သက်သေမထွက်ရဲဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်နေ့မှာ နောက်ပြန်ဆွဲနေတဲ့ အခြေအနေကိုရောက်သွားပြီလို့ ဝေဖန်နေကြပါတယ်။ အဲ့ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် တပ်မတော်က ထုတ်ပြန်လိုက်တဲ့ မတရားအသင်းနဲ့ ပတ်သက်တဲ့ ကြေညာချက်ကြောင့် အခုလိုဝေဖန်နေကြတာပါ။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အဖမ်းဆီခံရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ ပြီးခဲ့တဲ့ မတ်လကစပြီး သိသိသာသာ တိုးများလာရာမှာ စုစုပေါင်း ၁၇၂ ဦးရှိပြီး တရားရုံးတွေမှာ ရင်ဆိုင်နေရသူ ၃ဝဝ ကျော်တယ်လို့ AAPP ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ သုံးသပ်သူတွေကတော့ ၂ဝ၁၅ ခုနှစ်မှာ လူဖမ်းပွဲကြီးပြန်စနေပြီလို့ ပြောဆိုနေကြသလို မြန်မာနိုင်ငံရဲ့ တရားရေးစနစ်အပေါ် ဝေဖန်မူတွေလည်း ပိုများလာနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းအတွင်း မေလမှာကျင်းပမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒကောက်ခံပွဲ ကျင်းပဖြစ်၊ မဖြစ် ဝေဖန်မူတွေထွက်ပေါ်နေပါတယ်။ ဒီအချိန်မှာပဲ ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူတွေကို မဲထည့်ခွ့င်ပေးမယ်လို့ ကြေညာတာကြောင့် ကန့်ကွက်သံတွေထွက်ပေါ်နေချိန်နဲ့ တိုက်ဆိုင်နေပြန်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ White Card တွေရဲ့ သက်တမ်းကို မတ်လ ၃၁ ရက်နေ့မှာကုန်ဆုံးပြီလို့ ကြေညာလိုက်ပြန်တာကြောင့် ငြင်းခုံနေသူတွေကြား ဝေခွဲမရ ဇဝေဇဝါတွေဖြစ်နေပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကိုးကန့်ဒေသမှာ တိုက်ပွဲအရှိန် မြင့်တက်လာချိန်မှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးကို ထိခိုက်လေမလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အစိုးရနဲ့ တပ်မတော်ကတော့ ကိုးကန့်ဒေသကတိုက်ပွဲတွေဟာ တခြားလက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ခြားနားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ၊ တရုတ် မြန်မာနယ်စပ်မှာ တရုတ်ဘက်က ရွှေလီမြစ်ကိုဖြတ်သန်း တံတားထိုးမယ့်ကိစ္စအတွက် ဧပြီလ ၃ ရက်နေ့က မြန်မာ့ပိုင်နက်အတွင်း အလံလာရောက် စိုက်ထူတာကြောင့် မြန်မာဘက်က ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဒီကိစ္စအတွက် နှစ်နိုင်ငံအာဏာပိုင်တွေညှိနှိုင်း ဆောင်ရွက်ပေးမယ်လို့ပြောပေမယ့် ဒေသခံတွေ ရထက်မအေးနိုင် ဖြစ်နေကြပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လက်ပံတန်းကျောင်းသားသပိတ်ကို အာဏာပိုင်တွေက ဖြိုခွင်းပြီးချိန်မှာ ဖမ်းဆီးခံကျောင်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုသံတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေပါတယ်။ အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်ကတော့ ဆက်တိုက်ဖမ်းဆီးနေတာပါ။ သုံးသပ်သူတွေပြောတာက ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်လူဖမ်းပွဲ လုပ်ထားတာလို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ်သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အမျိုးသားပညာရေးဥပဒေကြမ်းကို ပြင်ဆင်နိုင်ရေးအတွက် ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်ကိုတင်ပြီး အတည်ပြုခဲ့ပါပြီ၊ ဒီဥပဒေကြမ်းဟာ ကျောင်းသားတွေရဲ့ သဘောတူညီချက် အများစုဖြစ်တယ်လို့ ဥပဒေကြမ်းကော်မတီက ပြောပေမယ့် ဒီပြောဆိုချက်အပေါ် သံသယနဲ့ စိုးရိမ်နေသူတွေ အများအပြားရှိနေပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လက်ပံတန်းကျောင်းသားသပိတ်ကို ဖြိုခွင်းရာမှာ အကြမ်းဖက်မှု မရှိဘူးကြောင်း အာဏာပိုင်တွေဘက်က ငြင်းဆိုထားပေမဲ့ လက်တွေ့အခြေအနေကတော့ တမျိုးဖြစ်နေပြီး ဒီဆောင်ရွက်ချက်ကြောင့် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်လို သုံးသပ်မှုတွေ ရှိပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရမယ်ဆိုတာ အများသဘောတူလက်ခံပေမယ့် နောက်ပြန်ဆွဲ နေသူတွေရှိတယ်လို့ သုံးသပ်မှုတွေရှိနေကြပါတယ်။ ဒီပြဿနာမှာ ပညာရေးဌာနက တာဝန်ရှိသူတွေပါဝင်သလို အစိုးရအဖွဲ့ထဲက အရင်စစ်အစိုးရလက်ထက်က စဉ်းစားပုံမျိုးနဲ့ စဉ်းစားနေသူတွေကြောင့်လည်း အခက်အခဲတွေဖြစ်နေရတယ်လို့ ရှုမြင်နေကြတာပါ။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အလုပ်သမားဆန္ဒပြပွဲတွေကြောင့် တိုင်းပြည်ဂုဏ်သိက္ခာကျဆင်းတယ်လို့ အာဏာပိုင်တွေက သုံးသပ်ပါတယ်။ တကယ်တမ်း တိုင်းပြည်ဂုဏ်သိက္ခာကို ထိခိုက်စေတာက ဘာတွေများပါလဲ၊ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကိုးကန့်ဒေသမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ အစိုးရဘက်က အထိနာခဲ့သလို ကိုးကန့်တပ်တွေဟာ လောက်ကိုင်မြို့ထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ အစိုးရဘက်က ကျူးကျော်စစ်အဖြစ် ပြောဆိုခဲ့တာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ ကြိုးပမ်းနေတဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှာလားဆိုတာ စိုးရိမ်နေကြပါတယ်။ သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံက မဖြေရှင်းနိုင်သေးတဲ့ ပဋိပက္ခတွေထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာပြဿနာဟာလည်း အစိုးရနဲ့ ဒေသခံတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတခုဖြစ်ပါတယ်။ လက်ပံတောင်းမှာ အာဏာပိုင်တွေရဲ့အကြမ်းဖက်နှိမ်နင်းမှုကြောင့် သွေးမြေကျခဲ့ရပြီးနောက် ဒေသခံတွေ သပိတ်စခန်းဖွင့်လှစ်တောင်းဆိုနေတာ အခုဆိုရင် ၂ လနီးပါးရှိနေပါပြီ။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို သယံဇာတကျိန်စာမိနေတယ်လို့ တင်စားဝေဖန်တာဟာ စီမံခန့်ခွဲမှုအားနည်းချက်တွေကို ထောက်ပြနေတာဖြစ်တယ်လို့ ဝေဖန်သူတွေကပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက သယံဇာတတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို နည်းလမ်းပေါင်းစုံနဲ့ ထွက်နေကြတာပါ။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ကုန်သွယ်မှုတွေအကြောင်း သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ ယူရေနီယံ တွေ့ရှိပြီဆိုတဲ့သတင်းကို သူဌေးကြီး ဦးတေဇက ပထမဆုံး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီသတင်းရဲ့နောက်ကွယ်မှာ ဘာမြုှပ်ကွက်တွေရှိလေမလဲဆိုတဲ့ ဝေဖန်မှုအများအပြား တစ်ပြိုင်နက်ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံတစ်ဝှမ်းက တရုတ်ရင်းနှီးမြုှပ်နှံမှုတွေမှာ ဒေသခံပြည်သူတွေနဲ့ ပြဿနာတွေ ပေါ်ပေါက်နေရာမှာ အဓိကအကြောင်းကတော့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့်လို့ ဝေဖန်မှုတွေရှိသလို၊ အစိုးရရဲ့ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်တာတွေလည်းရှိကြပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ မဒေးကျွန်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေက အခြေအနေတွေကို သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုဟာ တပ်လှန့်နေသလိုဖြစ်တယ်လို့ သတိပေးချက်တွေထွက်ပေါ်နေပါတယ်။ မြေစာပုံကြီး ပြိုကျရာမှာ ကိုက် ၅၀၀ အကွာအဝေးလောက်အထိ မြေစာခဲတွေ ဖုံးလွှမ်းသွားပြီး ပျောက်ဆုံးသူ ဘယ်နှစ်ယောက်ဆိုတာ ခုချိန်ထိ အတိအကျမသိရသေးပါဘူး။ ဒါ့အပြင် ကျောက်စိမ်းတွင်းဒေသရဲ့ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုအခြေအနေဟာလည်း သတိပြုရမယ့် အနေအထားဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လက်ပံတောင်းတောင်မှာ ဖြစ်ပွားနေတဲ့ ပြဿနာမှာ မြေယာလျော်ကြေးယူမထားတဲ့ မြေတွေကိုပါက ခြံစည်းရိုးခတ်လိုက်ခြင်းဟာ ဒေသခံတွေရဲ့ဒေါသကို အထွတ်အထိပ်အထိ ရောက်သွားစေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမယ့် ဝမ်ပေါင်ကုမ္ဗဏီကတော့ ဒေသခံတွေနဲ့ ပြေပြေလည်လည်ညှိနှိုင်းပြီးမှ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာကျောင်းသားထု တောင်းဆိုနေတဲ့ ပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် အကြောင်းပြန်ကြားချက်ပေးဖို့ ရက်ပေါင်း ၆၀ အချိန်ပေးထားခဲ့တာ လာမယ့်ဇန်နဝါရီလလယ်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ အာဏာပိုင်တွေဘက်က ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂနဲ့ စင်ပြိုင်အဖွဲ့တွေ ဖွဲ့စည်းလာတာတွေ့ရပါတယ်။ ဦးတင်အောင်ခိုင်က အခုတပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

 

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရန်ကုန်မြို့လယ်မှာ ၉ လကျော်ကြာ သပိတ်စခန်းဖွင့်ထားတဲ့ မိကျောင်းကန်ဒေသခံတွေက အာဏာပိုင်တွေကို ပြဿနာတွေ လာရောက်ရှင်းပေးဖို့ တောင်းဆိုလိုက်နေသလို အဖမ်းခံဖို့လည်း အဆင်သင့်လို့ စာထုတ်ပြန်ထားတဲ့အကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပေးကမ်းစွန့်ကြဲ လှူဒါန်းတဲ့နေရာမှာ မြန်မာနိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံသားတွေနဲ့တန်းတူ ကမ္ဘာ့ထိပ်ဆုံးမှာရှိနေတယ်လို့ သုတေသနစစ်တမ်းတခုမှာ တွေ့ရှိရပါတယ်။ ခုလို အလှူရေစက် လက်နဲ့မကွာဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့စိတ်ဟာ တိုင်းပြည်ထူထောင်ရေးမှာ အရေးပါသလားဆိုတာ အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရန်ကုန်တိုင်း စက်မူဇုန် ၂၉ ခုမှာ စက်မှုလုပ်ငန်းတွေလုပ်ဖို့ အစိုးရက မြေချထားပေးခဲ့ပေမယ့် ဘာမှမလုပ်ပဲ ခြံခတ်ထားတဲ့ မြေကွက်တွေကို တိုင်းဒေသကြီးအစိုးက အရေးယူမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီမြေနေရာတွေကို တကယ်ဘဲ သိမ်းယူမှာလား၊ အခုလိုပဲသိမ်းယူမယ်ဆိုတဲ့ သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့ဘူးပေမဲ့ လက်တွေ့ဘာမှဖြစ်မလာဘူးလို့ စက်မှုဇုန်အတွင်းနေထိုင်သူတွေက ပြောပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


သဘာဝသယံဇာတတွေ ထုတ်ယူရာမှာ ပွင့်လင်းမြင်သာမှုရှိရေးအတွက် မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာမှာလိုကျင့်သုံးဖို့ စတင်ပြင်ဆင်နေပါပြီ။ ခုလိုဆောင်ရွက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ကုမ္ပဏီတွေ သုံးပွင့်ဆိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် စိန်ခေါ်မှုတွေ ဘယ်လောက်များနေသလဲဆိုတာ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ငွေခဝါချမှု တိုက်ဖျက်ရေးအတွက် ဥပဒေထုတ်ပြန်ပြီး နည်းဥပဒေမကြာခင် ထွက်ပေါ်လာဖို့ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေတယ်လို့ တိုက်ဖျက်ရေး ဗဟိုကော်မတီဝင်တွေက ပြောပေမဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေမှာ ငွေမဲတွေ အစုလိုက်အပြုံလိုက်ရှိနေတယ်လို့ ဝေဖန်မူတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ အခုတစ်ပတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အဂတိလိုက်စားမူ တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းထားပေမဲ့ လုပ်ငန်းအကောင်အထည်ဖေါ်မှု အခြေအနေက ဘယ်လိုရှိနေပါသလဲ။ ကော်မရှင်ဖွဲ့စည်းပေးခဲ့ပြီး ၆ လအတွင်း တိုင်တန်းခဲ့တဲ့ အမှုပေါင်း ၅၃၃ ခုမှာ သုံးမှုကိုဘဲ အရေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ တဖြည်းဖြည်း ပြန်လည်များပြားလာနေပြီဆိုတဲ့ ဝေဖန်ချက်တွေ ထွက်လာနေချိန်မှာ အာဏာပိုင်တွေဘက်ကတော့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား မရှိသလောက်ဖြစ်နေပြီလို့ ပြောဆိုနေပါတယ်။ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းမှာ ဖမ်းဆီးခံရသူတွေကို ရာဇဝတ်ပြစ်မှုအရ အရေးယူခံနေရသူတွေလို့ပဲ အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ UNFC တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ညီလာခံ ပဉ္စမမြောက်နေ့မှာ သဘောထားကွဲမူတချို့ဖြစ်ပေါ်ခဲ့ပြီး အဖွဲ့အတွင်း အင်အားအကြီးမားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KNU ဟာ UNFC ကနေ ယာယီနှုတ်ထွက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် တစ်နိုင်ငံလုံး မျှော်မှန်းနေကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်မူဖြစ်စေနိုင်သလားဆိုတာ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံ တရားစီရင်ရေးသမိုင်းမှာ မှတ်တမ်းတင်ရမယ်သူတစ်ဦး  သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပေါ်ပေါက်ခဲ့ပြီလို့ ဥပဒေလောကအတွင်း ပြောဆိုလျက်ရှိပါတယ်။  နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) အပြင် ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မူ ပုဒ်မ ၁၈ စတဲ့ ဥပဒေတွေနဲ့ အရေးယူခံရသူ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမူအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ဟာ ပြစ်မှုတစ်ခုထဲကို  တရားရုံးတွေမှာခွဲပြီး ကျခံလျက်ရှိတယ်လို့ ဆိုပါတယ်။ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့အပတ် စနေနေ့က Ooredoo ကုမ္ဗဏီက ၁၅၀၀ကျပ်တန် တယ်လီဖုန်း ဆင်းကတ်တွေ မြန်မာတစ်ပြည်လုံး စတင်ဖြန်ချီတာနဲ့ ပတ်သက်လို့ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ လာရောက်သတင်းယူတဲ့ သတင်းသမားတွေကို ကျပ် ၈ သောင်းတန် ဆိုနီတယ်လီဖုန်းတွေ လက်ဆောင်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းသမားကျင့်ဝတ်ကို ထိခိုက်တယ်၊ မထိခိုက်ဘူးဆိုတဲ့ ငြင်းခုံမှုတွေ ထွက်ပေါ်နေပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။


မန္တလေးမြို့မှာ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေမှာ တရားခံအစစ်အမှန်ကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ သမ္မတ ဦးသိန်စိန်က မီဒီယာတွေအနေနဲ့ တိုင်းပြည်လုံခြုံရေးကို ထိပါးစေမယ့် အရေးအသားတွေရေးသားရင် အရေးယူမယ်လို့ သတိပေးလိုက်တဲ့အကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

<

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။