
ပစ်ခတ်သတ်ဖြတ်သူတွေကို နိုင်ငံတကာဥပဒေနဲ့ အရေးယူနိုင်တယ်လို့ ဒေါက်တာ မီမီဝင်းဘတ် ပြော
အာဏာရှင်စနစ် ကန့်ကွက်ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်သားတွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းပြီး ကျည်အစစ်နဲ့ ပစ်ခတ်သတ်ဖြတ်နေတာဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး စံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာဥပဒေအရ အရေးယူအပြစ်ပေးလို့ရတယ်လို့ အမေရိကန်တပ်မတော် အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးဖြစ်တဲ့၊ ဟာဝိုင်အီကျွန်း ဟိုနိုလူလူမြို့ လုံခြုံရေးဆိုင်ရာ အာရှ-ပစိဖိတ်လေ့လာရေးဌာနက ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။
မန္တလေးမြို့ ဂေါဝန်ဆိပ် ပစ်ခတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြောပြချက်
2021-03-05စစ်ကောင်စီက အာဏာသိမ်းအစီအစဉ်မှာ ရဲဝန်ထမ်းတွေကို အမိန့်ပေးအသုံးချခဲ့တာလို့ မန္တလေးတိုင်း ရဲတပ်ရင်း ၄ (ရွှေစာရံတပ်ရင်း)က ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်အမှု ရှေ့နေတွေ အာမခံလျှောက်ထား
2021-03-05ငွေဒဏ်နှင့်တကွ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နဲ့ စစ်ကောင်စီရဲ့ အမှုဖွင့်တရားစွဲဆိုမှုကို ခံထားရတဲ့ အသက် ၈၀ အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်ကို ဒီနေ့ ဒက္ခိဏခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်စစ်ဆေးရာမှာ ကျန်းမာရေး မကောင်းလို့ ရှေ့နေတွေက အာမခံလျှောက်ထားခဲ့ပါတယ်။
အမေရိကန်ရဲ့နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုမှာ မြန်မာအမျိုးသမီးမဖြိုးဖြိုးအောင်ရရှိ
2021-03-05အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်ခံရတဲ့သူတွေကို ဒီနေ့မနက်ကြေညာလိုက်တဲ့အထဲမှာ ၂၁ ယောက် ရရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူဟောင်း မဖြိုးဖြိုးအောင်လဲ ပါဝင်ပါတယ်။
"လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ်အမေးအဖြေ အစီအစဉ်
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။