ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ဒေသမှာ ရုံးခွဲဖွင့်မထားကြောင်း ဦးရွှေမန်းပြော


2019.12.30

ပါတီတည်ထောင်ခွင့်ရပြီး ရှစ်လတာအကြာမှာ ပါတီဝင်အင်အား ငါးသိန်းခန့်ရှိလာပြီလို့ ပြောလာတဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေ စတင်နေပါပြီ။

လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ရာခိုင်နှုန်း ၄၀ ကနေ ၅၀ ကြား အနိုင်ရနိုင်တယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ပြောပါတယ်။

သူရဦးရွှေမန်းကို RFA သတင်းထောက် မဝေမာထွန်း က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ရိုက်ကူး - အောင်သိင်္ခ၊ စောဆာဂေးဒို

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။