ဝါရှင်တန်ဒီစီမှာ အမေရိကန်အစိုးရ၊ NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေ တွေ့ဆုံ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.02.02

အမေရိကန်အစိုးရရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink၊ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa Brown တို့ ဦးဆောင်တဲ့အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတချို့နဲ့ အမေရိကန်မှာရှိနေတဲ့ တိုင်းရင်းသားကိုယ်စားလှယ်အချို့ကို စစ်အာဏာသိမ်းနှစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ NUG ရုံးမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှာ ဒီရက်ပိုင်းအတွင်း မြန်မာပြည်အရေး ဆွေးနွေးမှုတွေနဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းစကားကို အစိုးရတာဝန်ရှိသူတွေက ပြောခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဆလိုင်းဘွေလျန်မန်းကပြောပါတယ်။

ဆလိုင်းဘွေလျန်မန်း ကို RFA နှင့်စကားပြောခြင်း အစီအစဉ်ကနေ မဝေမာထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။