စစ်ခေါင်းဆောင်ရဲ့ ခြေလှမ်းတွေဘယ်ကို ဦးတည်နေလဲ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.02.27

စစ်ကောင်စီဟာ တရုတ်အစိုးရအကူအညီနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးပမ်းနေပြီး တစ်ဖက်မှာလည်း ရွေးကောက်ပွဲကို လက်နက်နဲ့ ခြိမ်းခြောက်ကျင်းပနိုင်အောင် စစ်မှုမထမ်းမနေရဥပဒေနဲ့ တပ်သားသစ်တွေ စုဆောင်းဖို့ လုပ်ဆောင်လာတာလို့ နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

နောက်ဆုံးအကြိမ် အရေးပေါ်ကာလသက်တမ်းတိုးခဲ့တဲ့ အခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတယ်လို့ ထုတ်ဖော်ပြောထားပါတယ်။ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ်အသုံးပြုလိမ့်မယ်လို့ လေ့လာသူတွေက ယူဆပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။