မြန်မာပြည်သူတွေကို တိုးတက်ကူညီရေး ကန် လက်ထောက်ဝန်ကြီးနဲ့ NUG ဒုဝန်ကြီး ဆွေးနွေး
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ဒန်နီရယ် ခရစ်တင်ဘရင့်ခ်နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ သြဂုတ်လ ၁ ရက်နေ့က ဝါရှင်တန်ဒီစီမှာ တွေ့ဆုံပြီး စစ်ကောင်စီရဲ့ဆိုးဝါးစွာကွပ်မျက်မှုနဲ့ မြန်မာပြည်သူတွေကို ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးနဲ့ အမေရိကန်ပြည်ထောင်စုက ပိုမိုကူညီရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီ အစည်းအဝေးမှာ ပြောဆိုဆွေးနွေးခဲ့ကြတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
-------
“ကန် လက်ထောက်ဝန်ကြီးနဲ့ NUG ဒု ဝန်ကြီး ဆွေးနွေးခဲ့သောအချက်များ အကျဉ်းချုပ်”
၁။ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ချမှတ်ခံထားရသူတွေကို လတ်တလောကွပ်မျက်မှု လက်သင့်ခံနိုင်စရာ အကြောင်းမရှိဟု ကန် လက်ထောက်ဝန်ကြီး ပြောကြား။
၂။ အာဆီယံဘုံသဘောတူညီချက် ၅ ချက် လက်တွေ့အကျိုးမရှိ။
၃။ အာဆီယံအစည်းအဝေးတွေကို စစ်ကောင်စီကိုယ်စားလှယ် မည်သူမျှ တက်ခွင့်မပြုရေး။
၄။ စစ်ကောင်စီလိုက်နာရမယ့် ကိစ္စတွေကို အချိန်ကာလ တိတိကျကျ သတ်မှတ်ပေးရေး။
၅။ မြန်မာပြည်သူတွေကို နည်းလမ်းအားလုံးနဲ့ ကူညီရေး အမေရိကန်အစိုးရက စဉ်းစားနေ။
၆။ NUG နဲ့ ကန် ဆက်ဆံရေး ပိုမိုမြှင့်တင်မယ်။
၇။ NUG ကိုနိုင်ငံတကာအသိအမှတ်ပြုမှုတိုးတက်လာနေ၊ ဒေသတွင်း အိမ်နီးခြင်းနိုင်ငံကြီး တချို့နဲ့ လျှို့ဝှက်တွေ့ဆုံမှုတွေရှိ။
၈။ R2P ကိစ္စ လုံခြုံရေးကောင်စီ တင်ပြမယ်။
၉။ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခု လုံခြုံရေးကောင်စီက ချမှတ်ရေး ဆွေးနွေးပြင်ဆင်နေ။