သံတမန်ယာဉ်တန်းပစ်ခတ်ခံရမှု PNLO နဲ့ မေးမြန်းချက်
RFA Burmese
2023.05.08
2023.05.08
အာဆီယံ သံတမန်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က တိုက်ခိုက်ခဲ့ခြင်းမရှိဘူးလို့ PNLO ခေါင်းဆောင် ဦးခွန်ဥက္ကာက RFA ကို မနေ့ညပိုင်းမှာ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို PDF တွေဘက်က လုပ်ခဲ့တာလည်း မဖြစ်နိုင်ဘဲ အဲဒီဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပအိုဝ်းဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ သူကသုံးသပ်ပါတယ်။ ဦးခွန်ဥက္ကာကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။