မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဒဏ်ရာတွေကို ကူညီပေးနေတဲ့ ပီတိအိမ်အဖွဲ့နဲ့ မေးမြန်းချက်

ခင်ခင်အိ
2023.11.09

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံသားအများအပြား တိမ်းရှောင်လာခဲ့ကြပါတယ်။ အများစုက မဲဆောက်မြို့မှာ နေထိုင်နေကြပြီး နိုင်ငံမဲ့ဘဝနဲ့ အနာဂတ်မျှော်လင့်ချက် ကင်းမဲ့တဲ့အခြေအနေတွေကြောင့် စိတ်ဖိစီးမှုဒဏ်တွေ ခံစားနေကြရပါတယ်။ ဒီ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေဖို့ ကူညီပေးနေတဲ့ အဖွဲ့တစ်ခုကတော့ Joy House လို့ခေါ်တဲ့ ပီတိအိမ် ပါ။ ဒီရွှေ့ပြောင်း မြန်မာတွေကြုံနေရတဲ့အခက်အခဲတွေကို ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေအပါအဝင် နိုင်ငံတကာက သိရှိအောင် From Across The River မြစ်ကိုဖြတ်၍ ဆိုတဲ့အမည်နဲ့ ပန်းချီပြပွဲတစ်ခုကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အနုပညာစင်တာမှာ နိုဝင်ဘာ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ သုံးရက်တာ ကျင်းပခဲ့ပါတယ်။ ပိတီအိမ်အဖွဲ့က လက်ရှိဆောင်ရွက်နေတာတွေကို အဖွဲ့ညှိနှိုင်းရေးမှူး ဒေါ်နေခြည်ဝင်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက မေးမြန်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။