နိုင်ငံရေးအကျပ်အတည်း ညိနှိုင်းဖို့ အပစ်ရပ်ဦးဆောင်အဖွဲ့ကို PNLO တောင်းဆို

2021.02.13

အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ နိုင်ငံအနှံ့အပြားမှာ မြင့်တက်လာနေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးထောင်ချ အရေးယူတာတွေကြောင့် တိုင်းပြည်အတွက် အလွန်အမင်း စိုးရိမ်ဖွယ် အခြေအနေကို ရောက်ရှိနေကြောင်းနဲ့ ၊ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က စေ့စပ်ညှိနှိုင်းပေးဖို့ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဒီနေ့ စာပေးပို့လိုက်ပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံတကာ အသိသက်သေတွေအဖြစ် NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂ UN၊ ဥရောပ သမဂ္ဂ EU၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်အစိုးရ စတဲ့ နိုင်ငံတကာ အဖွဲအစည်းတို့က ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ဖော်ပြထားပါတယ်။

ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြနေတဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှုကို ထောက်ခံတယ်လို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။