RFA ရေဒီယို ဘယ်လိုစတင်ခဲ့ပါသလဲ

2021.10.05

၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ လွတ်လပ်တဲ့ အာရှအသံ RFA ရေဒီယိုဟာ ၂၀၂၁ ခုနှစ်မှာ ၂၅ နှစ် ပြည့်ခဲ့ပါပြီ။ RFA သတင်းဌာနရဲ့ အစီအစဉ်တွေကို ဘာသာစကားကိုးမျိုးနဲ့ ထုတ်လွှင့်နေရာမှာ မြန်မာဌာနကို ၁၉၉၇ နှစ်မှာ သတင်းသမားသုံးဦးနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသုံးဦးထဲမှာ အကယ်ဒမီဆုရ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ဂီတပညာရှင်ဖြစ်သလို နာမည်ကျော် ပန်းချီဆရာကြီးတစ်ဦးလည်း ဖြစ်တဲ့ ဦးဇော်ဝိတ် (ခေါ်) ဦးဝင်းဖေလည်း ပါဝင်ပါတယ်။

RFA မြန်မာဌာန ဘယ်လိုတည်ထောင်ခဲ့သလဲဆိုတာကို စတင်တည်ထောင်စဉ်က အကြီးတန်းအယ်ဒီတာ တစ်ဦးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဇော်ဝိတ် (ခေါ်) ဦးဝင်းဖေက ပြန်ပြောင်း ပြောပြထားပါတယ်။
 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။