စစ်မှုမထမ်းမနေရဥပဒေကြောင့် နေရပ်စွန့်ခွာမယ့်လူငယ်တွေ ဘာတွေသိထားသင့်သလဲ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.02.16

စစ်ခေါင်းဆောင်က စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ခွာဖို့ပြင်ဆင်နေကြသလို တော်လှန်ရေးအင်အားစုတွေဆီ ဝင်ရောက်ဖို့ ချိတ်ဆက်နေတာတွေ အများအပြား ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာလည်း ထောင်နဲ့ချီတဲ့လူငယ်တွေ ဗီဇာရဖို့ လျှောက်ထားတာတွေရှိခဲ့ပါတယ်။ တော်လှန်ရေးအင်အားစု တစ်ခုစီတိုင်းကိုလည်း ရာနဲ့ချီတဲ့လူတွေ ဆက်သွယ်မေးမြန်းနေတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာနေပြီး စစ်ဘေးဒုက္ခသည်တွေနဲ့ CDM အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ထားသူတွေကို ကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ်က လုံခြုံရေးအရ တခြားတစ်နေရာကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေကို ဘယ်လိုအကြံပြုထားပါသလဲ။ RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။