ရခိုင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံနေရ
2021.03.11
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခြေအနေတွေမရှိသေးပေမယ့် နေရပ်ပြန်ဖို့ ဖိအားပေးခံနေရတာတွေလည်း ကြုံတွေ့နေရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ပြောလိုက်ပါတယ်။
ဒီအကြောင်းအပါအဝင် ရခိုင်စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကို RFA က မေးမြန်းထားပါတယ်။