စစ်တပ်နဲ့ ရဲတို့ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားရတဲ့ ကိုဖိုးချစ် (၂၈ နှစ်)၊ ကိုအာကာမိုး (၂၅ နှစ်)၊ ကိုဇွဲထက်စိုး (၂၆ နှစ်) တို့ရဲ့ နာရေးအခမ်းအနား။

မြောက်ဥက္ကလာမှာ ပစ်သတ်ခံရသူ သုံးဦး ဈာပန

မတ်လ ၃ ရက်နေ့က ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရင်း စစ်တပ်နဲ့ ရဲတို့ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားရတဲ့ ကိုဖိုးချစ် (၂၈ နှစ်)၊ ကိုအာကာမိုး (၂၅ နှစ်)၊ ကိုဇွဲထက်စိုး (၂၆ နှစ်) တို့ရဲ့ နာရေးအခမ်းအနားတွေကို ဒီကနေ့မှာ ရန်ကုန် ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

သိစရာကြည့်စရာ
RFA Here and Now



မေးမြန်းခန်း

ပစ်ခတ်သတ်ဖြတ်သူတွေကို နိုင်ငံတကာဥပဒေနဲ့ အရေးယူနိုင်တယ်လို့ ဒေါက်တာ မီမီဝင်းဘတ် ပြော

အာဏာရှင်စနစ် ကန့်ကွက်ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်သားတွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းပြီး ကျည်အစစ်နဲ့ ပစ်ခတ်သတ်ဖြတ်နေတာဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး စံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာဥပဒေအရ အရေးယူအပြစ်ပေးလို့ရတယ်လို့ အမေရိကန်တပ်မတော် အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးဖြစ်တဲ့၊ ဟာဝိုင်အီကျွန်း ဟိုနိုလူလူမြို့ လုံခြုံရေးဆိုင်ရာ အာရှ-ပစိဖိတ်လေ့လာရေးဌာနက ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

မန္တလေးမြို့ ဂေါဝန်ဆိပ် ပစ်ခတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြောပြချက်

စစ်ကောင်စီက အာဏာသိမ်းအစီအစဉ်မှာ ရဲဝန်ထမ်းတွေကို အမိန့်ပေးအသုံးချခဲ့တာလို့ မန္တလေးတိုင်း ရဲတပ်ရင်း ၄ (ရွှေစာရံတပ်ရင်း)က ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်အမှု ရှေ့နေတွေ အာမခံလျှောက်ထား

ငွေဒဏ်နှင့်တကွ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နဲ့ စစ်ကောင်စီရဲ့ အမှုဖွင့်တရားစွဲဆိုမှုကို ခံထားရတဲ့ အသက် ၈၀ အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်ကို ဒီနေ့ ဒက္ခိဏခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်စစ်ဆေးရာမှာ ကျန်းမာရေး မကောင်းလို့ ရှေ့နေတွေက အာမခံလျှောက်ထားခဲ့ပါတယ်။

အမေရိကန်ရဲ့နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုမှာ မြန်မာအမျိုးသမီးမဖြိုးဖြိုးအောင်ရရှိ

အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်ခံရတဲ့သူတွေကို ဒီနေ့မနက်ကြေညာလိုက်တဲ့အထဲမှာ ၂၁ ယောက် ရရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူဟောင်း မဖြိုးဖြိုးအောင်လဲ ပါဝင်ပါတယ်။

အမေရိကန် မြန်မာသံရုံး ကောင်စစ်ဝန် ဦးအောင်ကျော်နိုင် CDM မှာ ပါဝင်ပူးပေါင်း

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကောင်စစ်ဝန် ဦးအောင်ကျော်နိုင် က CDM ပြည်သူ့ဝန်ထမ်းလှုပ်ရှားမှုမှာ သူပါဝင်တော့မယ်လို့ ကြေညာလိုက်ပါပြီ။

ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးထုတ်လုပ်မှု
drug-160

"လူကုန်ကူးသူတွေကို သတိထားပါ"
e-book ရုပ်ပြဇာတ်လမ်း
လူကုန်ကူးသူတွေကို သတိထားပါ (E-Book စာအုပ်)

View Full Site