၄၄ လမ်းသူရဲကောင်း အဖြစ် ပြောစမှတ်ပြုကြတဲ့ မဝေဝေမြင့်
ခင်မိုးညို
2021.08.18
2021.08.18
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းမှာ စစ်ကောင်စီတပ်တွေရဲ့လက်ထဲအညံ့မခံဘူးဆိုပြီး တိုက်ပေါ်ကနေခုန်ချလိုက်တဲ့ လူငယ်ငါးယောက်ထဲမှာ မဝေဝေမြင့်ဟာ သေဆုံးသွားပါတယ်။
သူဟာ အင်္ဂလိပ်စာဘာသာရပ်နဲ့ ဘွဲ့ရထားသလို ကျောက်မျက်ကုန်သည်တစ်ဦး ဖြစ်ပြီး မဟုတ်မခံ စိတ်ရှိတဲ့သူ၊ ကူညီတတ်သူလို့ ပြောကြပါတယ်။ သူဘာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အသက်သေသည်အထိ ပါဝင်သွားတာပါလဲ.....။ မခင်မိုးညို တင်ပြထားပါတယ်။