မြန်မာ့မြို့ပြနဲ့ လေထုညစ်ညမ်းမှုအန္တရာယ်
ရှင်ဒေဝီ
2020.07.31
2020.07.31
မြန်မာနိုင်ငံရဲ့ မြို့ပြဒေသတွေမှာ မော်တော်ယာဉ်သုံးစွဲမှုတွေ သိသိသာသာ များလာတာကြောင့် လေထုညစ်ညမ်းမှု တနေ့တခြား ဆိုးဝါးလာနေပြီး ကျန်းမာရေးထိခိုက်တဲ့အဆင့်ကို ရောက်နေပြီလို့ လေ့လာသူတွေက ထောက်ပြနေကြပါတယ်။
လေထုညစ်ညမ်းမှုဆိုင်ရာ သတိပေးချက်တွေကို အစိုးရက ထုတ်ပြန်တာ၊ အသိပညာပေးတာတွေလည်း မရှိတဲ့အတွက် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တခု ဖြစ်လာနေပါတယ်။ RFA သတင်းထောက် ရှင်ဒေဝီက ရိုက်ကူးတင်ဆက်ထားပါတယ်။