ခိုလမ်မြို့နယ်က တပ်သိမ်းမြေပြဿနာ
ကံသာ
2020.06.26
2020.06.26
ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့မှာ ဒေသခံတောင်သူ ၄၇ ယောက်ကို တပ်ပိုင်မြေကျူးကျော်မှုနဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခိုလမ်အခြေစိုက်တပ်ရင်းက တရားစွဲထားပါတယ်။
တပ်သိမ်းမြေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတာ၊ တပ်မြေတွေကို အကောင်အထည်မဖော်ဘဲ ထားတာတွေကြောင့် မကြာခဏဆိုသလို တောင်သူတွေနဲ့ ပြဿနာဖြစ်နေတယ်လို့ မြေယာအရေး ဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။ RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။