ပြည်တွင်းစစ် ပိုပြင်းထန်လာနိုင်သလား

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.09.06

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက စက်တင်ဘာ ၂ ရက်နေ့က ကြေညာလိုက်အပြီး စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်ရဖို့ ကြိုးပမ်းသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။ တစ်ဖက်မှာလည်း ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေတွေတိုးရဖို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ် ထိုးစစ်ဆင်ဖို့ ပြင်နေကြပါတယ်။ ဒါဟာ တိုက်ပွဲတွေ မကြာခင် ပြင်းထန်လာမဲ့ လက္ခဏာလို့ လေ့လာသူတွေက ပြောပါတယ်။ ဘာ့ကြောင့်ပါလဲ။ မသီရိမင်းဇင်က ပြောပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။