တောင်သာမြို့မှာ ကိုဗစ်လူနာ အယောက် ၆ဝ ကျော်လာ
တောင်သာမြို့မှာ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ သေဆုံးသွားတဲ့သူတစ်ဦးရဲ့ ရုပ်အလောင်းကို ဒေသခံပရဟိတအဖွဲ့က သွားရောက်သယ်ယူခဲ့တဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။
တောင်သာမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၀ ကျော်ရှိနေပြီး သေဆုံးသူ ၁ ဦးရှိပါတယ်။
အနံ့ပျောက်ရောဂါ ဝေဒနာခံစားနေရသူတွေ တော်တော်များများရှိနေတာကြောင့် လာမယ့်ရက်တွေမှာ ကူးစက်ခံရသူတွေ ပိုများလာနိုင်ဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပရဟိတအဖွဲ့တွေ လွတ်လွတ်လပ်လပ်သွားလာ လှုပ်ရှားခွင့်မရတာကြောင့် အရင်လို ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးလို့လည်း ဆိုပါတယ်။
လက်ရှိတောင်သာမြို့မှာ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို စစ်ကောင်စီဘက်က ကြပ်ကြပ်မတ်မတ် မဆောင်ရွက်နိုင်ဘဲ ဒေသခံပရဟိတအဖွဲ့ တချို့ကသာ တနိုင်တပိုင်ဆောင်ရွက်နေကြတယ်လို့လည်း ပြောပါတယ်။
တောင်သာမြို့မှာ ရောဂါ ကူးစက်ခံရတဲ့သူတွေ၊ သံသယရှိသူတွေကို သီးသန့်ထားဖို့ နေရာတွေ မလုံမလောက်ဖြစ်နေတယ်လို့ သိရပါတယ်။