ဒီပဲယင်း ဆပ်ပြာကျင်းတိုက်ပွဲ
2021.07.09
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ဝင်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း ဒဏ်ရာရပြီး မပြေးနိုင်တဲ့ PDF အဖွဲ့ဝင်တချို့ကို လုံခြုံတဲ့နေရာမှာ ထားရစ်ခဲ့ရပါတယ်။ နောက်တနေ့မှာတော့ သူတို့အားလုံးကို တိုက်ပွဲမှာ ရထားတဲ့ ဒဏ်ရာတွေအပြင် ဦးခေါင်းတေ့ပြီး ပစ်ခံထားရတဲ့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ မခင်မိုးညို တင်ပြထားပါတယ်။