ဂန့်ဂေါခရိုင်က စစ်ပြေးဒုက္ခသည် သက်ကြီးရွယ်အိုများ
2021.12.20
မကွေးတိုင်း ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ (PDF) တွေအကြား တိုက်ပွဲကြောင့် စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ ပိုမို လုပ်ဆောင်လာနေပါတယ်။
စစ်ကောင်စီတပ်တွေ ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်မီးရှို့တာတွေကြောင့် ဂန့်ဂေါခရိုင်က ကျေးရွာအတော်များများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ လေးလကျော် ရှိနေပါပြီ။ တောတောင်တွေထဲမှာ ကာလကြာရှည် ပုန်းခိုနေရတာကြောင့် အစားအသောက်နဲ့ ဆေးဝါးပြတ်လတ်ပြီး အသက်အရွယ် ကြီးရင့်သူတွေ အခက်ကြုံနေရပါတယ်။ မခင်မိုးညိုက တင်ပြထားပါတယ်။