မြန်မာ့သစ်တောပြုန်းတီးမှု- အပိုင်း ၃
2017.06.29
မြန်မာနိုင်ငံရဲ့ ကျေးလက်နဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်သူတွေဟာ နှစ်စဉ် တောင်ယာခုတ်ထွင် ရှင်းလင်းပြီး စိုက်ပျိုးရေးလုပ်ကိုင်ကြပါတယ်။ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ကြတာတွေကနေ သစ်တောတွေ တစတစ ပြုန်းတီးလာစေပါတယ်။
သစ်တောပြုန်းတီးမှု ကာကွယ်ဖို့အတွက် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်တာတွေကို ကန့်သတ်ဖို့လိုအပ်သလို၊ ဒေသခံတွေရဲ့ လယ်မြေလိုအပ်ချက်တွေကိုလည်း အစိုးရဘက်က ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
မကွေးတိုင်းနဲ့ ချင်းပြည်နယ် အတွင်းမှာရှိတဲ့ ချင်းတိုင်းရင်းသားကျေးရွာ တချို့က ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်သူတွေရဲ့ ဘဝအကြောင်းကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။