သူနာပြုတက္ကသိုလ်(ရန်ကုန်)ရဲ့ ဆန္ဒပြပွဲ
2017.03.16
သူနာပြုတက္ကသိုလ် တက်ရောက်ပြီးဆုံးချိန်မှာ သူနာပြုလိုင်စင် ထုတ်မပေးဘဲ အစိုးရဆေးရုံတွေမှာ သုံးနှစ် တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုလိုင်စင်ထုတ်ပေးမယ်ဆိုတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စနစ်သစ်ကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ သူနာပြုတက္ကသိုလ် (ရန်ကုန်) ရဲ့ သူနာပြု သင်တန်းသားသင်တန်းသူ တစ်ထောင်နီးပါးဟာ ဒီကနေ့ ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်ကနေ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။