ကွတ်ခိုင်မြို့နယ်က နေရပ်ပြန် ပလောင်စစ်ဘေးဒုက္ခသည်

2021.11.19

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေး ဒုက္ခသည်ပေါင်း တစ်သိန်းကျော် ရှိနိုင်တယ်လို့ ကုလသမဂ္ဂ အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတချို့ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

အများစုက စစ်ဘေးရှောင်စခန်းတွေမှာ နှစ်ရှည်လများ နေထိုင်ကြရပါတယ်။ တိုက်ပွဲတွေ ငြိမ်သက်သွားချိန်မှာ မူရင်းရပ်ရွာတွေကို ပြန်ပြီး နေထိုင်သူတချို့ ရှိပေမယ့်၊ စစ်မဖြစ်ခင် မူလအခြေအနေအတိုင်း မဟုတ်တော့ဘဲ စားဝတ်နေရေး အခက်အခဲ တွေ့နေကြပါတယ်။ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာက နေရပ်ပြန်ပလောင်တိုင်းရင်းသူ တစ်ယောက် အကြောင်းကို မခင်မိုးညိုက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။