သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-17
စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ကျင်းပနေတဲ့ Forum 2000 နှစ်ပတ်လည်ညီလာခံမှာ အဖွင့်မိန့်ခွန်းပြောခဲ့ပါတယ်။ ဒီအခမ်းအနားအကြောင်း အပြည့်အစုံကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်၊
2013-09-14
အခုဆက်ပြီး တင်ပြမှာကတော့ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ပဲ ဖြစ်ပါတယ်။ ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-09-14
အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပ အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် ရေတိုရေရှည်စီမံကိန်းတွေချမှတ်ပြီး ဆောင်ရွက်ပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဦးအောင်ဌေးဝင်းကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-09-14
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း စာအုပ်ရေးသားခဲ့တဲ့ ဗြိတိန်အခြေစိုက် Christian Solidarity Worldwide (CSW) အဖွဲ့က Benedict Rogers ဟာ မြန်မာ့အရေး ဟောပြောပွဲတစ်ခု တက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေပါတယ်။ Mr. Ben Rogers နဲ့ ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားတာကို အခု ထုတ်လွှင့်ပေးမှာပါ။
2013-09-14
"ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ စက်တင်ဘာ(၁၃)ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-09-14
နိုင်ငံရေးစနစ် ကောင်းမွန်ဖို့အတွက် လူထုကို အဓိကအသိပေးမှုဟာ ပညာရေးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပိုလန်နိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ(၁၂)ရက် မနေ့က ဝါဆောတက္ကသိုလ်မှာ "နိုင်ငံရေးနဲ့ပညာရေး ဆက်နွယ်မှု" ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောရာမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်း က တင်ပြထားပါတယ်။
2013-09-14
ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်သမ္မတဟောင်း Lech Walesa အပြင် လက်ရှိသမ္မတ Bronislaw Komorowski နဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ အခြေအနေအကြောင်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-09-13
မြန်မာနိုင်ငံအထက်ပိုင်းမှာ အခုရက်ပိုင်းအတွင်း မိုးသည်ထန်တဲ့အတွက် ဒုဋ္ဌဝတီမြစ် (ခေါ်) မြစ်ငယ်မြစ်ရေကြီးလာပြီး မြစ်ကမ်းနဘေးက ကျေးရွာတွေ ရေနစ်မြုပ်နေပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-09-13
ကရင်ပြည်နယ်အတွင်းက မြဝတီ-ကော့ကရိတ် လမ်းကြောင်းဟာ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အရေးပါတဲ့လမ်းပိုင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံအကူအညီနဲ့ အသစ်ပြန်လည်ဖောက်လုပ်ခဲ့တဲ့ အဲဒီလမ်းပိုင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA ဆောင်းပါးရှင် ရှင်ဒေဝီက ရိုက်ကူးတင်ပြထားပါတယ်။
2013-09-13
မကွေးတိုင်း၊ မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်မှာ ဝင်ရောက်လုပ်ကိုင်နေသူအားလုံးကို စက်တင်ဘာလ ၉ ရက်နေ့ကစပြီး တစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ သရက်ခရိုင်ရဲမှူးကြီးက အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-09-13
ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာမှာရှိတဲ့ "ရတနာပုံ ဆိုက်ဘာစီးတီး" လို့ခေါ်တဲ့ နည်းပညာ တက္ကသိုလ်မှာ စာမေးပွဲဖြေဆိုခွင့် စည်းကမ်းအသစ် ချမှတ်လိုက်တာကြောင့် ကျောင်းသူကျောင်းသား ၃ဝဝ ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး ဒီကိစ္စကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုထားကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်
2013-09-13
မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်အစိုးရရဲ့မူဝါဒကို လေ့လာတဲ့အခါမှာ အစိုးရချင်း ဆက်ဆံရေးအပြင် မြန်မာပြည်သူတွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ပါ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာတာကို တွေ့ရပါတယ်။ ပြောင်းလဲလာတဲ့ တရုတ်အစိုးရရဲ့ မူဝါဒအပေါ် လေ့လာသူတွေရဲ့အမြင်ကို RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။
2013-09-12
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာနေတဲ့ တချိန်တည်းမှာပဲ ရန်ကုန်မြို့က အိမ်ခြံမြေ ရောင်းဝယ်/ငှားရမ်းခ ဈေးတွေဟာလည်း အရင်ကထက် အဆမတန် မြင့်မားလာတာကို တွေ့နေရပါတယ်။ အခုလို အိမ်ခြံမြေ ရောင်းဝယ်/ ငှားရမ်းခဈေးတွေ မြင့်မားလာမှုကြောင့် အခြေခံလက်လုပ်လက်စား လူတန်းစားတွေ နေထိုင်စရာ အခက်အခဲ ကြုံတွေ့လာကြရပါတယ်၊ ဒီအကြောင်းကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-09-12
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အစည်းအဝေး ရပ်နားချိန်မှာ သက်ဆိုင်ရာမဲဆန္ဒ္ဒရှင် ပြည်သူတွေနဲ့ တွေ့ဆုံတဲ့ကိုယ်စားလှယ်တွေ ရှိသလို၊ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုနည်းတဲ့ ကိုယ်စားလှယ်တွေလည်းရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-09-12
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ KNU ကရင်အမျိုးသား အစည်းအရုံး၊ RCSS/ SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ လုပ်ငန်းအဖွဲ့တွေ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။