သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-11
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာလျော်ကြေးကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်မှာပါ။ သမ္မတရုံးဝန်ကြီး ဦးလှထွန်းကို RFA အဖွဲ့သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-09-11
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က "စိန်ကမ္ဘာ" ချည်မျှင်စက်ရုံမှာ ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ နှစ်ဘက်သဘောတူချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို အလုပ်ရှင်ဘက်က မလိုက်နာဘူးဆိုပြီး စက်ရုံ ရှေ့မှာ ဒီနေ့ စက်တင်ဘာ ၁ဝ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-09-11
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တဲ့အတွက် ဒေသခံတွေ အခက်အခဲကြုံနေရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်၊
2013-09-10
လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြန်သုံးသပ်ပြီး၊ လိုအပ်သလို ဖြည့်စွက်ပြင်ဆင်သွားမယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ မနေ့ကပြုလုပ်တဲ့ "မွေးမြူရေးနဲ့ ရေလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲ" မှာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ ဒီတွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-09-10
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းဟာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီနေ့သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-10
ပြည်သူ့လွှတ်တော်မှာ တင်သွင်းထားတဲ့ "အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်း" နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အသင်းအဖွဲ့ ၅ ရာကျော် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှာ စက်တင်ဘာလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမြင့်ဦးက တင်ပြထားပါတယ်။
2013-09-10
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ "တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ" အပါအဝင် လွှတ်တော်ကော်မတီ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ ပြီးခဲ့တဲ့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-09-10
စက်တင်ဘာလ ၉ ရက် ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွေကို ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ် အနှံ့အပြားမှာ ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက စုစည်း တင်ပြထားပါတယ်။
2013-09-09
ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့ပြီး ၅နှစ်ကြာခဲ့သည်အထိ မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဟာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေကို အရင်အတိုင်း ဆင်းရဲတွင်းနက်အောင်ပြုလုပ်သလိုဖြစ်နေတဲ့ မတရားမြေယာသိမ်းဆည်းမှု တွေ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းချက်တွေနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင် ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
2013-09-07
ကရင်ပြည်နယ် ဘားအံမြို့က ဘောလုံးကွင်းနေရာမှာ ဟိုတယ်တည်ဆောက်မယ့် စီမံကိန်းကြောင်း မြို့ခံတွေက ကန့်ကွက်နေကြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-09-07
ရန်ကုန်၊ ဗဟန်းမြို့နယ်က မြေနီကုန်းဈေးကို အဆင့်မြင့်ဈေးတည်ဆောက်ဖို့ဆိုပြီး ပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်လို့ မြေနီကုန်းဈေးဟောင်းက ဈေးသူဈေးသားတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-07
စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့တဲ့ ၇၄ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားတွေကို ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာကျင်းပဖို့ စီစဉ်နေကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2013-09-07
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းကို ထုတ်လွှင့်ပေးမှာပါ။ ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ ကျနော်တို့ ဝိုင်းတော်သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-09-07
မလေးရှားနိုင်ငံအခြေစိုက် တရားမျှတမှုဆိုင်ရာ နိုင်ငံတကာလှုပ်ရှားမှု JUST အဖွဲ့ရဲ့ ဥက္ကဋ္ဌ Chandra Muzaffar ဟာ မနေ့က မန္တလေးမြို့မှာ ဘာသာပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-06
မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ ဘာသာရေးပွဲတွေမှာ မပါမဖြစ်အသုံးပြုကြတဲ့ ပစ္စည်းတစ်မျိုးကတော့ "ရွှေထီး" ဖြစ်ပါတယ်။ မန္တလေးမြို့က ရွှေထီးလုပ်ငန်းတွေရဲ့ အခြေအနေကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။