သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-10
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး နေပြည်တော် သင်္ဂဟဟိုတယ်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ရေးရာကော်မတီ တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-09
နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ၂၀၁၃ ခုနှစ်အတွင်း နာရေးကူညီမှုပေါင်း တစ်သောင်းပြည့်တဲ့ အထိမ်းအမှတ် အစီအစဉ်ကို မနေ့က ကျင်းပခဲ့ပါတယ်။ မနေ့က အစီအစဉ်မှာ နာမည်ကြီး အနုပညာရှင်တွေ အပြင် Miss Myanmar 2012 နဲ့ Miss Supra Myanmar တို့ကလည်း ကူညီခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။
2013-10-09
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ အင်မတန်မှ အရေးကြီးပြီး မှန်မှန်ကန်ကန် မျှမျှတတစဉ်စားဖို့လိုမယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက စုစည်း တင်ပြထားပါတယ်။
2013-10-09
၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) က ကူညီခဲ့တဲ့ နာရေးကိစ္စ "တစ်သောင်း" ပြည့်သွားပြီလို့ သိရပါတယ်။ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကို RFA အဖွဲ့သား ကိုဝင်းနိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-09
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ကွယ်လွန်ခဲ့တဲ့ ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာတချို့ကို ဆရာကြီးရဲ့မိသားစုဝင်တွေက ဒီကနေ့ ရန်ကုန်မြစ်ဝမှာ မျှောချခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။
2013-10-09
အစိုးရနဲ့ အကျိုးတူလုပ်ဆောင်နေတဲ့ မီဒီယာလုပ်ငန်းတွေနဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင် ရေးဆွဲနေတဲ့ မီဒီယာဥပဒေ အကြောင်း သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-10-09
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ စတင် ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။
2013-10-08
မန္တလေးတိုင်း၊ သာဝတ္တိမြို့က "စမတောင် မဟာ ပရဟိတဂေဟာ" မှာ မိဘမဲ့ ကလေးသူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာ နှစ်ပေါင်း ၂ဝ ကျော်ပြီ ဖြစ်ပါတယ်။ စမတောင် မိဘမဲ့ကလေးဂေဟာ အကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-10-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတဝိုက်က မြေယာလျော်ကြေး မယူထားတဲ့ ဒေသခံတွေဟာ သူတို့ပိုင်လယ်ယာမြေတွေပေါ်မှာ ဒေသခံ ရဲတပ်ဖွဲ့က ခြံစည်းရိုးခတ်ပြီး ကင်းစခန်း ဖွင့်ခဲ့တဲ့အတွက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-05
"မှတ်မှတ်သားသား စကားများ" (၂ဝ၁၃ အောက်တိုဘာလ ၄ ရက်) ကျော်မင်းထွန်း စုစည်းတင်ပြသည်
2013-10-05
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖောက်လုပ်ထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မကွေးတိုင်း မင်းဘူးခရိုင်၊ ငဖဲမြို့နယ်က "အရှို" ချင်းလူမျိုးတွေ နေထိုင်တဲ့ တောင်ပေါ်ကျေးရွာ ၁ဝ အုပ်စုကိုလည်း ဖြတ်သန်းသွားပါတယ်။ ဒေသခံ အရှိုချင်း အတော်များများဟာ ဒီဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဆုံးရှုံးသွားတဲ့ တောင်ယာနဲ့ ခြံမြေတွေအတွက် လျော်ကြေးငွေ မရသေးဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။