သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-11
ရဲဘော်သုံးကျပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဆွမ်းကပ်လှူပွဲနဲ့ "တရားခံအစစ် ဘယ်သူလဲ" ဆိုတဲ့စာအုပ် မိတ်ဆက်ပွဲအခမ်းအနားတွေကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2013-10-10
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေ ပြန်လည်ထုတ်ဝေခွင့်ရတာ ၆ လကျော်လာပြီ ဖြစ်ပေမဲ့ လက်ရှိအနေအထားအရ အရှုံးတွေနဲ့ ကြုံတွေ့နေရပြီး ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-10-10
အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက် (ရခိုင်ပြည်နယ်) ရဲ့ တာဝန်ခံ မဝေဝေနုဟာ "လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေအကြားက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေရတဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေအရေးကို နိုင်ငံတကာအသိုင်းအဝိုင်းမှာ တင်ပြဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။ မဝေဝေနုနဲ့ တွေ့ဆုံမေးမြန်းထားတာကို အခု ထုတ်လွှင့်ပေးလိုက်ပါတယ်။
2013-10-10
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို နှစ်ပေါင်း ၂ဝ ကျော်ကြာ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တဲ့ Alt-ASEAN (ခေါ်) စင်ပြိုင်အာစီယံအဖွဲ့က Debbie Stothard ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေပါတယ်။ Debbie Stothard ကို RFA အဖွဲ့သား ဦးခင်မောင်ညိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-10
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး နေပြည်တော် သင်္ဂဟဟိုတယ်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ရေးရာကော်မတီ တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-09
နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ၂၀၁၃ ခုနှစ်အတွင်း နာရေးကူညီမှုပေါင်း တစ်သောင်းပြည့်တဲ့ အထိမ်းအမှတ် အစီအစဉ်ကို မနေ့က ကျင်းပခဲ့ပါတယ်။ မနေ့က အစီအစဉ်မှာ နာမည်ကြီး အနုပညာရှင်တွေ အပြင် Miss Myanmar 2012 နဲ့ Miss Supra Myanmar တို့ကလည်း ကူညီခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။
2013-10-09
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ အင်မတန်မှ အရေးကြီးပြီး မှန်မှန်ကန်ကန် မျှမျှတတစဉ်စားဖို့လိုမယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက စုစည်း တင်ပြထားပါတယ်။
2013-10-09
၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) က ကူညီခဲ့တဲ့ နာရေးကိစ္စ "တစ်သောင်း" ပြည့်သွားပြီလို့ သိရပါတယ်။ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကို RFA အဖွဲ့သား ကိုဝင်းနိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-09
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ကွယ်လွန်ခဲ့တဲ့ ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာတချို့ကို ဆရာကြီးရဲ့မိသားစုဝင်တွေက ဒီကနေ့ ရန်ကုန်မြစ်ဝမှာ မျှောချခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။
2013-10-09
အစိုးရနဲ့ အကျိုးတူလုပ်ဆောင်နေတဲ့ မီဒီယာလုပ်ငန်းတွေနဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင် ရေးဆွဲနေတဲ့ မီဒီယာဥပဒေ အကြောင်း သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-10-09
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ စတင် ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။
2013-10-08
မန္တလေးတိုင်း၊ သာဝတ္တိမြို့က "စမတောင် မဟာ ပရဟိတဂေဟာ" မှာ မိဘမဲ့ ကလေးသူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာ နှစ်ပေါင်း ၂ဝ ကျော်ပြီ ဖြစ်ပါတယ်။ စမတောင် မိဘမဲ့ကလေးဂေဟာ အကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-10-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတဝိုက်က မြေယာလျော်ကြေး မယူထားတဲ့ ဒေသခံတွေဟာ သူတို့ပိုင်လယ်ယာမြေတွေပေါ်မှာ ဒေသခံ ရဲတပ်ဖွဲ့က ခြံစည်းရိုးခတ်ပြီး ကင်းစခန်း ဖွင့်ခဲ့တဲ့အတွက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။