သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-21
နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို မွန်ပြည်နယ်မှာ လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ဖို့အတွက် ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်
2013-09-21
"မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ်" ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်က Excel တာဝါမှာ ဒီနေ့ကစပြီး စက်တင်ဘာလ ၂၂ ရက်နေ့အထိ သုံးရက်ကြာကျင်းပနေပါတယ်။ RFAသတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-09-20
မူးယစ်ဆေးဝါး အမျိုးအစားထဲမှာမပါပေမယ့် မူးယစ်ဆေးဝါးတစ်မျိုးလိုပဲ လူငယ်ထုကြားမှာ သုံးစွဲမှုများလာတဲ့ ကော်ရှူတဲ့အလေ့အထဟာ အခုဆိုရင် ကျောင်းသားကျောင်းသူတွေကြားထဲထိ ကူးစက်နေပြီလို့ သိရပါတယ်။ မူးယစ်ဆေးဝါးလို သုံးစွဲနေကြပေမယ့် ကော်ရှူသူတွေကို အရေးယူ အပြစ်ပေးနိုင်တဲ့ဥပဒေ မရှိသေးဘူးလို့ ရန်ကုန်၊ တာမွေမြို့နယ်မှာ ဒီနေ့ပြုလုပ်တဲ့ "မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ် အသိပညာပေး ဟောပြောပွဲ"မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားသူနေတွေက ပြောပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။
2013-09-20
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံ နေရာတချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေး၊ စီးပွားရေးအခက်အခဲ ကြုံတွေ့နေကြရပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်၊
2013-09-20
တနသာၤရီတိုင်း ကော့သောင်းမြို့ အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အဓိကရုဏ်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ အကျဉ်းသားတွေကို တခြားအကျဉ်းထောင်တွေဆီ ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်မြတ်စိုးက သတင်းပေးပို့ထားပါတယ်။
2013-09-19
ရန်ကုန်တိုင်းအတွင်းက သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ပေးရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် "လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု" စစ်ဆေးရေးကော်မရှင် အဖွဲ့ခွဲ (၁) က လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-09-19
မွန်တိုင်းရင်းသား ရိုးရာစာပေကို ကျောင်းစာသင်ချိန်အတွင်း သင်ကြားပေးသင့်ကြောင်းအဆိုကို ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ ။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-09-19
၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ၆ နှစ်မြောက် အခမ်းအနားကို ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ စက်တင်ဘာလ ၁၈ ရက် ဒီနေ့မှာကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-09-18
ထိုင်းမြန်မာနယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လာမယ့် နှစ်လအတွင်း တရားဝင်ပါတီမှတ်ပုံတင်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ပြည်တွင်းမှာ ပါတီ ပြန်လည်ရပ်တည်ရေး ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-09-18
မကွေးမြို့နယ်မှာလည်း ယင်းချောင်းရေတိုက်စားမှုကြောင့် မကွေး-နေပြည်တော်ကားလမ်းက တပ်ကုန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တံတားချည်းကပ်လမ်း ကျိုးပြတ်သွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-09-18
မန္တလေးတိုင်း အမရပူရမြို့နယ်မှာ မြစ်ငယ်မြစ် ရေကြီးတဲ့အတွက် ရေဘေးဒုက္ခသည် အိမ်ထောင်စု ပေါင်း ၃ ရာကျော်ဟာ ရေလွတ်ရာ စစ်ကိုင်း-အမရပူရ ကားလမ်းမဘေးကို ယာယီ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တင်ပြထားပါတယ်။