သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-12
ရန်ကုန် ရွှေပြည်သာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ (၂) ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့အတွက် စက်ရုံအသီးသီးရှေ့မှာ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2013-10-12
စစ်ကိုင်းတိုင်း မုံရွာခရိုင်က ကြေးနီစီမံကိန်းတွေရှိရာ လက်ပံတောင်းတောင်၊ စံပယ်တောင်နဲ့ ကြေးစင်တောင် အနီးတဝိုက်က ဒေသခံတွေ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။RFA သတင်းထောက် ကိုကျော်သူက သတင်းပေးပို့ထားပါတယ်။
2013-10-12
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့တွေဆုံပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-11
ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို အသစ်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ Andrew Patrick ဟာ သူရဲ့ ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံ အလည်ပိုင်းမြို့တွေကို သွားရောက်ခဲ့ပြီး နိုင်ငံရေးပါတီတွေ၊ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-10-11
မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေး စီမံခန့်ခွဲမှုဟာ ညံဖျင်းနေတယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။ အမျိုးသားလွှတ်တော်အတွင်း ပညာရေးဆိုင်ရာ ဆွေးနွေးချက်နဲ့၊ ပညာရေး စနစ်အပေါ် လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ သုံးသပ်ချက်တွေကို RFA အဖွ့ဲသား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-10-11
RFA ရေဒီယို အသံလွှင့်အစီအစဉ်ကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ် ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-10-11
အစိုးရနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ နှစ်ဖက်သဘောတူညီချက် ၇ ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-10-11
ရဲဘော်သုံးကျပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဆွမ်းကပ်လှူပွဲနဲ့ "တရားခံအစစ် ဘယ်သူလဲ" ဆိုတဲ့စာအုပ် မိတ်ဆက်ပွဲအခမ်းအနားတွေကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2013-10-10
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေ ပြန်လည်ထုတ်ဝေခွင့်ရတာ ၆ လကျော်လာပြီ ဖြစ်ပေမဲ့ လက်ရှိအနေအထားအရ အရှုံးတွေနဲ့ ကြုံတွေ့နေရပြီး ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-10-10
အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက် (ရခိုင်ပြည်နယ်) ရဲ့ တာဝန်ခံ မဝေဝေနုဟာ "လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေအကြားက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေရတဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေအရေးကို နိုင်ငံတကာအသိုင်းအဝိုင်းမှာ တင်ပြဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။ မဝေဝေနုနဲ့ တွေ့ဆုံမေးမြန်းထားတာကို အခု ထုတ်လွှင့်ပေးလိုက်ပါတယ်။
2013-10-10
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို နှစ်ပေါင်း ၂ဝ ကျော်ကြာ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တဲ့ Alt-ASEAN (ခေါ်) စင်ပြိုင်အာစီယံအဖွဲ့က Debbie Stothard ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေပါတယ်။ Debbie Stothard ကို RFA အဖွဲ့သား ဦးခင်မောင်ညိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-10
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး နေပြည်တော် သင်္ဂဟဟိုတယ်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ရေးရာကော်မတီ တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-09
နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ၂၀၁၃ ခုနှစ်အတွင်း နာရေးကူညီမှုပေါင်း တစ်သောင်းပြည့်တဲ့ အထိမ်းအမှတ် အစီအစဉ်ကို မနေ့က ကျင်းပခဲ့ပါတယ်။ မနေ့က အစီအစဉ်မှာ နာမည်ကြီး အနုပညာရှင်တွေ အပြင် Miss Myanmar 2012 နဲ့ Miss Supra Myanmar တို့ကလည်း ကူညီခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။
2013-10-09
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ အင်မတန်မှ အရေးကြီးပြီး မှန်မှန်ကန်ကန် မျှမျှတတစဉ်စားဖို့လိုမယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက စုစည်း တင်ပြထားပါတယ်။
2013-10-09
၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) က ကူညီခဲ့တဲ့ နာရေးကိစ္စ "တစ်သောင်း" ပြည့်သွားပြီလို့ သိရပါတယ်။ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကို RFA အဖွဲ့သား ကိုဝင်းနိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။