သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-07
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းကို ထုတ်လွှင့်ပေးမှာပါ။ ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ ကျနော်တို့ ဝိုင်းတော်သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-09-07
မလေးရှားနိုင်ငံအခြေစိုက် တရားမျှတမှုဆိုင်ရာ နိုင်ငံတကာလှုပ်ရှားမှု JUST အဖွဲ့ရဲ့ ဥက္ကဋ္ဌ Chandra Muzaffar ဟာ မနေ့က မန္တလေးမြို့မှာ ဘာသာပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-06
မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ ဘာသာရေးပွဲတွေမှာ မပါမဖြစ်အသုံးပြုကြတဲ့ ပစ္စည်းတစ်မျိုးကတော့ "ရွှေထီး" ဖြစ်ပါတယ်။ မန္တလေးမြို့က ရွှေထီးလုပ်ငန်းတွေရဲ့ အခြေအနေကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-09-06
အစိုးရသစ်တက်လာပြီးနောက်ပိုင်း လူ့အခွင့်အရေးအတွက် လှုပ်ရှားဆန္ဒပြသူတွေကို "စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)" နဲ့ ဖမ်းဆီးအရေးယူတာတွေ များလာနေပါတယ်။ ဒါ့ကြောင့် ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာတွေလည်း ပိုမိုများပြားလာနေပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2013-09-05
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီမှာရှိတဲ့ RFA ရုံးချုပ်မှာ ကျနော်တို့ ဝိုင်းတော်သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။ အခု ပထမပိုင်းကို ထုတ်လွှင့်ပေးလိုက်ပါတယ်။
2013-09-05
ရခိုင်လူမျိုးတွေရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ ရိုးရာယက်ကန်းလုပ်ငန်းကို ကျေးလက်ဒေသတွေမှာ အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ အရင်ကလုပ်ကိုင်ခဲ့ကြပေမယ့် ခုအခါမှာတော့ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီလို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-09-05
ထိုင်း - မြန်မာနယ်စပ် ချင်းမိုင်ခရိုင်၊ ဝမ်ဟင်မြို့နယ်က ကုန်းကျော် ရှမ်းဒုက္ခသည်စခန်းကို မြန်မာနိုင်ငံဘက်မှာ ပြန်လည်နေရာချထားဖို့ ကမ်းလှမ်းရာမှာ ဒုက္ခသည်တွေက ငြင်းဆန်နေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2013-09-05
သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ သက်တမ်း ၂ နှစ်ခွဲကျော် ကာလအတွင်း အပြောင်းအလဲတွေ အများအပြားရှိခဲ့ပေမယ့် အဲဒီအပြောင်းအလဲတွေက အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုရှိမရှိဆိုတာကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-09-04
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ ကျောက်သင်ပုန်းလုပ်ငန်းဟာ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာနေပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2013-09-04
ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ လာမယ့်ဘဏ္ဍာရေးနှစ် အသုံးစရိတ်ကို လူထုလိုအပ်ချက်အတိုင်း တင်ပြကြဖို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက တိုက်တွန်းလိုက်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-09-04
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နယ်လှည့်ခရီးသွား ရုပ်ရှင်ပွဲတော်ကို မန္တလေးမြို့မှာ စက်တင်ဘာလ ၃ ရက်နေ့က ပြသနေပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-04
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်ဟာ သူ့ရဲ့ မဲဆန္ဒနယ်မြေက ပြည်သူတွေနဲ့ ဒီနေ့တွေ့ဆုံပြီး အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် မခင်ပြည့်စုံ က တင်ပြထားပါတယ်။
2013-09-03
မြန်မာ အင်တာနက်ဘလော့ဂါအဖွဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ်နဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် အသိပညာဆွေးနွေးပွဲကို ရန်ကုန်မြို့က MICT ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ အင်တာနက် ဘလော့ဂါတွေက လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက သတင်းပေးပို့ထားပါတယ်။
2013-09-03
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ KNU ကရင် အမျိုးသား အစည်းအရုံး၊ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-09-03
ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မြို့တွင်းကိုပြေးဆွဲမယ့် Airport Shuttle အငှားကား ဝန်ဆောင်မှုလုပ်ငန်းကို စက်တင်ဘာလ ၁ ရက်နေ့မှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက စတင်ခဲ့ပါတယ်။ လက်ရှိ ပြေးဆွဲနေတဲ့ အငှားယဉ် Taxi ဝန်ဆောင်မှုလုပ်ငန်းတွေက သဘောမကျ ဖြစ်နေကြပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။