သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-27
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ မောင်ကုန်းကျေးရွာအနီးမှာရှိတဲ့ တကောင်းနီကယ်စက်ရုံက စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2014-12-26
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2014-12-26
RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2014-12-26
ဒီဇင်ဘာလ ၂၅ ရက်၊ ဒီနေ့ကျရောက်တဲ့ ခရစ္စမတ်ပွဲတော်ကို ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်… စတဲ့မြို့ရွာတွေမှာလည်း ကျင်းပကြပါတယ်။
2014-12-26
တိုင်းရင်းသားနိုင်ငံရေးပါတီ ၈ ပါတီနဲ့ ဖဲ့ွစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့- UNA ညီလာခံကို ရန်ကုန် ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
2014-12-26
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2014-12-26
ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေးနီစံမံကိန်း မှာ သေနတ် ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း (၅၇) နှစ် ဈာပနအခမ်းအနားကို ဒီနေ့ နေ့လည် ၂ နာရီမှာ ကျင်းပခဲ့ပါတယ်။ ဈာပနအခမ်းအနားကို ဆည်တည်း၊ ဇီးတောနဲ့ ကျောက်ဖြူတိုင်ကျေးရွာတွေ က ကျေးရွာသားတွေလည်း သွားရောက်ခဲ့ပါတယ်။
2014-12-25
လက်ပံတောင်းတောင်ဒေသမှာ ၂ဝ၁၄ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပဋိပက္ခကြောင့် သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာက တောင်သူဒေါ်ခင်ဝင်း ဟာ သေနတ် ကျည်ဆန်ကြောင့် သေဆုံး တာဖြစ်တယ်လို့ ဆားလင်းကြီးမြို့ဆေးရုံက မှုခင်းဆရာဝန်က အတည်ပြု ပြောလိုက်ပါတယ်။
2014-12-25
မကွေးတိုင်း ချောက်မြို့မှာ စည်ပင်ဌာနက ရေခွန်မီတာခငွေ တိုးမြှင့်ကောက်ခံတာကို မကျေနပ်တဲ့ အတွက် မြို့ခံတွေ ဒီဇင်ဘာလ(၂၄)ရက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-12-25
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ မန္တလေးတိုင်း အတွင်းမှာရှိတဲ့ ခရိုင် ၇ ခုက ပါတီဝင်တွေ၊ ဒေသခံတောင်သူတွေနဲ့ ဒီဇင်ဘာလ(၂၆)ရက် ဒီနေ့မနက်က တွေ့ဆုံခဲ့ပါတယ်။
2014-12-25
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။
2014-12-25
ရှမ်းပြည်တောင်ပိုင်းက ပအိုဝ်းလူမျိုးစုတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအခွင့်အရေး တွေအတွက် တောင်ကြီးမြို့မှာ ဒီဇင်ဘာလ(၂၄)ရက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-12-25
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နဲ့၊ စည်ပင်သာယာရေးကော်မတီဝင်တွေ၊ ဌာနမှူးတွေဟာ ဒီဇင်ဘာလ(၂၄)ရက် ဒီကနေ့ ရန်ကုန် မြို့တော်ခန်းမမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကိစ္စ တွေအပါအဝင် ကော်မတီ ရဲ့လုပ်ဆောင်ချက်တွေကို ရှင်းလင်းခဲ့ပါတယ်။
2014-12-24
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ၂ဝ၁၄ ဒီဇင်ဘာလ (၂၂) ရက်နေ့က ဖြစ်ပွားတဲ့ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ပြောပြချက်၊ လုံခြုံရေးဝန်ထမ်းတွေရဲ့ ပြောပြချက်တွေကို စုစည်းပြီး RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။
2014-12-24
ရန်ကုန်မြို့တော်ခန်းမရှေ့ အပေါက်ဝကို ပိတ်ဆို့ဆန္ဒပြနေတဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူတွေကို စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ (၁၈) အပါအဝင် တရားမဝင်စုဝေးမှု၊ မတရား တားဆီး ကန့်ကွက်မှု စတဲ့ ပုဒ်မတွေနဲ့ အနောက်ပိုင်း ခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။