သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-09
တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားကြတဲ့ စစ်မှုထမ်းတွေကို ဂုဏ်ပြုတဲ့အခမ်းအနား တစ်ခုကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဘက်မုဒ်က သူရဲကောင်းစစ်သည်ဗိမာန်မှာ စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုဝင်တွေက မနေ့က ပြုလုပ်ခဲ့ပါတယ်။
2014-12-09
ဒီဇင်ဘာလ ၅ ရက်နေ့က ကျရောက်တဲ့ “နိုင်ငံတကာ စေတနာ့ဝန်ထမ်းနေ့” အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက်က ဦးစီးပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ မနေ့က ကျင်းပခဲ့ ပါတယ်။
2014-12-09
နေပြည်တော် ကောင်စီနယ်မြေက ဒေသခံတောင်သူတွေကို ကျူးကျော်နေထိုင်သူတွေအဖြစ် စည်ပင်သာယာရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆို ထောင်ချနေတဲ့အမှုတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။
2014-12-06
မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေ တဲ့ နော်ဝေဘုရင် ဟာရယ်နဲ့ မိဖုရားဆွန်ယာ တို့ဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကို ရေကြောင်းကနေ ဒီဇင်ဘာလ ၅ ရက်နေ့မနက်ပိုင်းက ရောက်ရှိလာခဲ့ ပါတယ်။ ခရီးစဉ်အတွင်း သတင်းမီဒီယာတချို့ကိုသာ သတင်းယူခွင့်ပေးခဲ့ပါတယ်။
2014-12-06
နေပြည်တော်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပတဲ့ “ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ်” ကို သမ္မတဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် မိန်းခွန်းပြောကြားခဲ့ပါတယ်။
2014-12-06
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေဟာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ၈ လကျော်ကြာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ သင်္ဃန်းကျွန်း မိကျောင်းကန်ရပ်ကွက်က ဒေသခံ တွေကို ဒီဇင်ဘာလ ၄ ရက်နေ့က သွားရောက် အားပေးခဲ့ကြပါတယ်။
2014-12-06
ဆောင်းရာသီရောက်လာပြီဖြစ်တာကြောင့် ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အနွေးထည်တွေနဲ့ ခြုံစောင်တွေ လိုအပ်နေပါတယ်။
2014-12-06
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်က ဘန့်မိုင်ဆာမာ့ခီး ကချင်ကျေးရွာမှာ ကချင်ရိုးရာမနောပွဲတခုကို ကျင်းပနေပါတယ်။
2014-12-05
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ
2014-12-05
အစိုးရတပ်က KIO သင်တန်းကျောင်းကို လက်နက် ကြီးနဲ့ ပစ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးအင်အား စု အဖွဲ့အစည်း ၅၄ ဖွဲ့က ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီဇင်ဘာလ ၄ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့ပါတယ်။
2014-12-05
မန္တလေးတိုင်း ကျောက်ဆည်နဲ့ မြစ်သားမြို့က တောင်သူတွေဟာ စစ်တပ်ကသိမ်းထားတဲ့ စိုက်ပျိုးမြေတွေ ပြန်ရဖို့အတွက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2014-12-05
သတင်းမီဒီယာသမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့နဲ့ အစိုးရ၊ လွှတ်တော် စတဲ့အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေဆက်ဆံရေး လွယ်ကူအဆင်ပြေစေဖို့အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP က ဦးဆောင်ပြီး ဒီဇင်ဘာလ ၃ ရက် မနေ့က တောင်ကြီးမြို့မှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2014-12-05
ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့နေတာတွေကို ဖြေရှင်းတဲ့အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုင်းကားသီးသန့်သွားဖို့ လမ်းကြောင်းတွေသတ်မှတ်လိုက်ပြီး ကွန်ကရစ်တုံးတွေနဲ့ လမ်းတွေကိုပိုင်းခြားလိုက်ပါတယ်။ အဲ့ဒီလို ကွန်ကရစ်တုံးတွေ မြို့ထဲအတော်များများမှာ ခင်းလိုက်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုများလာပါတယ်။
2014-12-05
ကချင်ပြည်နယ်၊ မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းမှာ ကျောက်စိမ်းကုမ္ပဏီတွေက တန်ပို ကုန်တင်ယာဉ်ကြီးတွေ သွားလာနေတဲ့အတွက် လမ်းတွေပျက်စီးပြီး တခြားခရီးသည်တင်ယာဉ်တွေ အခက်အခဲ တွေ့နေကြပါတယ်။
2014-12-04
တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်က လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးအပေါ် တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယက အစည်းအဝေးမှတ်တမ်းကို သက်သေခံ အဖြစ် တင်ပြလျှောက်ထားချက်ကို ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးက ၂ဝ၁၄ ဒီဇင်ဘာလ ၃ ရက်နေ့က ပယ်ချလိုက်ပါတယ်။