သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-31
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး Hugo Swire ဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိသျှသံရုံး စာကြည့်တိုက်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ Mr. Hugo Swire ပြော သွားတဲ့အထဲက တချို့ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ကောက်နှုတ်တင်ပြထားပါတယ်။
2014-01-31
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်နေတဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုအောင်မိုးမြင့်က တင်ပြထားပါတယ်။
2014-01-31
မတ္တရာမြို့နယ်မှာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က သမဝါယမဝန်ကြီးဌာနက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ဧက ၆ ရာကျော် ပြန်လည်ရရှိဖို့အတွက် ကျေးရွာ ၈ ရွာက မူလလယ်ပိုင်ရှင် တောင်သူတွေ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-01-31
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂရုံး သံအမတ်ကြီး Roland Kobia ဦးဆောင်တဲ့ EU သံတမန်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ စစ်တွေမြို့ အနောက်ဘက်မှာရှိတဲ့ သက်ကယ်ပြင်နဲ့ သဲချောင်း မွတ်စလင် ဒုက္ခသည်စခန်းတွေကို ဒီကနေ့ သွားရောက်ခဲ့ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-01-31
အခုတခါ RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-01-31
ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီကို ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ပေးအပ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-01-30
အခုရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့ နေရာအတော်များများမှာ မီးလောင်မှုတွေ များပြားလာနေပါတယ်။ မနေ့ညပိုင်းကလည်း ရွှေဂုံတိုင်နဲ့ သီရိမင်္ဂလာဈေးဟောင်းမှာ မီးလောင်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-01-30
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပလောင်တိုင်းရင်းသား လူငယ်တွေဟာ စီးပွားရေး အကြပ်အတည်းကြောင့် တရုတ်နိုင်ငံဘက်ကို သွားရောက်အလုပ်လုပ်ကိုင်သူတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာနေပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2014-01-30
ဥရောပသမဂ္ဂ EU အဖွဲ့က သံအရာရှိတွေဟာ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး မကြာသေးခင်က ပြဿနာဖြစ်ခဲ့တဲ့ မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာကို သွားရောက်ကြမယ်လို့ သိရပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-01-30
ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယနိုင်ငံများရုံး အာရှရေးရာဆိုင်ရာ ဒုတိယဝန်ကြီး Mr. Hugo Swire ဟာ နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်း တင်ပြထားပါတယ်။
2014-01-29
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့နဲ့ ပတ်သက်ပြီး "မွန်းတည့်နေ" ဂျာနယ်မှာ ဖော်ပြခဲ့တဲ့သတင်းဟာ လွဲမှားနေတဲ့အတွက် ဂျာနယ်အနေနဲ့ ကျေနပ်အောင် မတောင်းပန်ရင် တရားဥပဒေလမ်းကြောင်းအရ ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။
2014-01-29
ပဲခူးတိုင်းအတွင်း တည်ဆောက်နေတဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းကြောင့် နေအိမ်ပြောင်းရွှေ့ခံရသူတွေထဲက မြေနေရာ မရရှိသူတချို့ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2014-01-29
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က လယ်သမားတွေဟာ အခုနှစ်အတွင်း စပါးအထွက်နှုန်း ကျဆင်းလာတဲ့အပြင် စပါးဈေးကွက်လည်း ကျဆင်းနေတာကြောင့် ဘဏ်ချေးငွေတွေပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေကြ ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-01-29
UWSA ဝပြည် သွေးစည်းညွတ်ရေး တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးပြဿနာတွေကို အားလုံးမျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းနိုင်တဲ့ အချိန်ရောက်မှသာ တက်ရောက်ဆွေးနွေးမှာ ဖြစ်တယ်လို့ UWSA ရဲ့ သဘောထားကို ဒီနေ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်နပ်က ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-01-29
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒုချီးရာတန်းကျေးရွာ ပဋိပက္ခအပါအဝင် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းတွေကို ဒီကနေ့ တွေ့ဆုံရှင်းပြခဲ့ပါတယ်။