သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-31
သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ထိပ်သီးနိုင်ငံရေး ခေါင်းဆောင် ၁၄ ဦး ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-10-31
နှစ်ပေါင်းများစွာ ထိုင်းမြန်မာနယ်စပ်မှာ ရပ်တည်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ အခုဆိုရင် တရားဝင် မှတ်ပုံတင်ကျပြီ ဖြစ်ပါတယ်။
2014-10-31
မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ မျိုးစောင့်ဥပဒေ ပြဌာန်းရေးဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုဇော်တူး တောင်တွင်းကြီးမြို့ကနေ သတင်းပေးပို့ထားပါတယ်။
2014-10-31
သောကြာနေ့တိုင်း ထုတ်လွှင့်တဲ့ မှတ်မှတ်သားသားစကားများ အစီစဉ်ကို ထုတ်လွှင့်ပါမယ်။ RFA အဖွဲ့သား ဦးကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-10-30
ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမူ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို ကျောက်တံတား တရားရုံးက ပုဒ်မ ၅၀၅( ခ)/ ၃၄ နိုင်ငံတော်အကြည် ညိုပျက်စေအောင် ပူးပေါင်းကြံ စည်မူနဲ့ထောင်ဒဏ် ၂ နှစ် ဒီနေ့ ချမှတ်လိုက်ပါတယ်။
2014-10-30
မကွေးတိုင်းမှာ နိုင်ငံရေးနဲ့လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ဒေသခံ အာဏာပိုင်တွေက ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုနေတာဟာ သိသိသာသာများပြားလာနေတယ်လို့သိရပါတယ်။
2014-10-30
ကလေးစစ်သားအသုံးပြုမူ ပပျောက်ရေးအတွက် မြန်မာအစိုးရ နဲ့ကုလသမဂ္ဂအဖွဲ့ အစည်းတွေ အကြား သဘောတူစာချုပ်တွေရှိခဲ့ပြီး လက်တွေ့မှာ ကလေးစစ်သားတွေကို တပ်မတော်က မိဘတွေထံပြန်လည်အပ်နှံနေပေ မယ့် အရေအတွက်ဟာ နည်းနေသေး တယ်လို့ ပြောကြပါတယ်။
2014-10-30
တရုတ်နိုင်ငံ ဟောင်ကောင်မှာ ပူလစ်ဇာဆုရှင်တွေရဲ့ တွေ့ဆုံပြီး စာပေနဲ့စာနယ်ဇင်း အရေးသားဆိုင်ရာ ဆွေးနွေးပွဲတခု ကျင်းပခဲ့တဲ့အကြောင်း ဟောင်ကောင်မှာ ရောက်နေတဲ့ မခက်မာက ဆက်ပြီး တင်ပြပေးမှာပါ။
2014-10-30
မျိုးစောင့်ဥပဒေပြဌာန်းပေးဖို့ မန္တလေးမှာရှိတဲ့ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေနဲ့ မျိုးစောင့်ဥပဒေ ပြဌာန်းရေးလိုလားသူတွေက အောက်တိုဘာ ၃၀ ရက်နေ့က စီတန်းဆန္ဒပြခဲ့ကြပါတယ်။ ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-10-30
မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံ ကို ဒီကနေ့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ခန်းမမှာ ကျင်းပခဲ့ပြီး ညီလာခံမှာ သမဂ္ဂအဖွဲ့ဝင် လယ် သမား တွေရဲ့အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဆွေးနွေးနေကြပါတယ်။
2014-10-29
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးပေးဖို့ ၈၈ မျိူးဆက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲပြု လုပ် တောင်းဆိုခဲ့ကြတာနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြ ထားတာကိုလည်း ဆက်လက်ကြည့်ရှုပါ။
2014-10-29
ငွေကျပ် သန်းပေါင်း ၆၀၀၀ ကျော်သုံးစွဲမယ့် ဗိုလ်ရှုခံ အဆောက်အအုံ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ အကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးစိုးတင့်က မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့ပါတယ်။
2014-10-29
မြန်မာနိုင်ငံက အမျိုးသမီးထုထဲမှာ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ သိရှိနားလည်မှု အားနည်း နေပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေတဲ့အတွက် အမျိုးသမီး အခွင့်အရေးတွေကို ဥပဒေပြုအကာအကွယ်ပေးဖို့ အမျိူးသမီးအရေးလှုပ်ရှားသူတွေက လိုလားနေကြပါတယ်။
2014-10-29
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell ဟာ ကချင်ပြည်နယ် မှာ ၃ ရက်ကြာလေ့လာခဲ့တဲ့ ခရီးစဉ်အပြီး မနေ့က မြစ်ကြီးနားမြို့က မထွက်ခွာမီ RFA ကသီးသန့် တွေ့ဆုံခွင့်ရ ခဲ့ပါတယ်။
2014-10-28
မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် ခလရ ၂၀၈ တပ်မှာ ထိမ်းသိမ်းထားစဉ် သေဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးအမူကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူပေးဖို့ မနေ့ညပိုင်းက မန္တလေးမြို့ မှာ နိုင်ငံရေးအင်အားစုတွေ၊ လူမှုရေးအသင်းအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။