သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-29
ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဒေသတွေက ဦးစီးအဖွဲ့ဝင်တွေရဲ့ လစာငွေကို တစ်လ ကျပ် ၁ဝ သိန်းချီးမြှင့်ဖို့ နိုဝင်ဘာလ ၂၈ ရက် ဒီနေ့ ကျင်းပတဲ့ ပြည်တော်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2014-11-29
မန္တလေးမြို့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ မန္တလေးတိုင်း တက္ကသိုလ်ကျောင်းတွေက ပါမောက္ခချုပ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-11-29
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက် တဲ့ ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး တိုက်တွန်းချက် ကို အစိုးရအဖွဲ့က ငြင်းဆိုလိုက်ပါတယ်။
2014-11-29
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်အရှေ့ပိုင်း သုခရိပ်မြုံဂေဟာက HIV ရောဂါ ကူးစက်ခံထားရတဲ့ ကလေးငယ်တွေကို စိတ်ပိုင်း ဆိုင်ရာ မြှင့်တင်ပေးပြီး၊ ရန်ပုံငွေရှာဖွေပေးတဲ့ ဂီတဖျော်ဖြေပွဲတစ်ခုကို ကန်တော်ကြီး သဘာဝဥယျာဉ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2014-11-29
မှတ်မှတ်သားသားစကားများသောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2014-11-27
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ နေပြည်တော်မှာ ၂ဝ၁၄ နိုဝင်ဘာ လ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြု လုပ်ခဲ့ပါတယ်။
2014-11-27
ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲအတွက် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို တိုင်းရင်းသားကိုယ်စားလှယ်တွေက လျှို့ဝှက် မဲပေးစနစ်နဲ့ ဒီနေ့ ရွေးချယ်လိုက်ပါတယ်။
2014-11-27
RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-11-27
လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို မန္တလေးခရိုင် ဗကသများ အဖွဲ့ချုပ်က ဦးဆောင်ပြီး မန္တလေးမြို့မှာ ၂ဝ၁၄ နိုဝင်ဘာလ ၂၆ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2014-11-27
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာမြို့က ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ တိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦးအတွက် အောက်မေ့သတိရ ခြင်းနဲ့၊ တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး ဆုတောင်းပွဲကို ရန်ကုန် စမ်းချောင်းမြို့နယ်က ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှာ ၂ဝ၁၄ နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2014-11-26
သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံရေးပါတီ ၆၇ ပါတီက ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်တိုင်း လွှတ်တော် အဆောက်အဦးမှာ ၂ဝ၁၄ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
2014-11-26
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ နိုဝင်ဘာလ ဒီကနေ့ (၂၆) ရက်နေ့ နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး၊ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သဘောထားနဲ့၊ ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးအရေး သွားရောက်ဖြေရှင်းတဲ့ ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။
2014-11-26
နိုဝင်ဘာလ ၂၅ ရက်နေ့က ကျရောက်တဲ့ “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
2014-11-26
နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာတဲ့အခါမှာ တင်ပြနိုင်ဖို့ အတွက် နိုင်ငံရေး ပါတီ ၅၆ ပါတီက ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တခုကို အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
2014-11-26
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သူ မခက်မာက စီစဉ်တင်ဆက်ထားပါတယ်။