သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-29
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာမှာ လယ်မြေတွေကို ခြံစည်းရုံးလာခတ်တဲ့ ကုမ္ပဏီက အလုပ်သမားတွေနဲ့ လယ်ပိုင်ရှင်တွေ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-03-29
၂ဝ၁၄ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ပထမအကြိမ်လွှတ်တော် အစည်းအဝေးတွေရဲ့ နဝမအကြိမ်မြောက် အစည်းအဝေးတွေ မတ်လ ၂၆ ရက်နေ့က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီလွှတ်တော်အစည်းအဝေးတွေမှာ ဘာတွေ ထူးခြားတိုးတက်မှု ရှိခဲ့ပါသလဲ...။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သုံးသပ်ချက်အမြင်တွေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2014-03-29
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မကွေးတိုင်း ပွင့်ဖြူမြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတ
2014-03-29
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက မိုးဗြဲမြို့မှာ ခမရ (၄၂၂) က တပ်စခန်းလုံခြုံရေး အကြောင်းပြချက်နဲ့သိမ်းဆည်းထားတဲ့ မြေဧက ၇ ရာကျော်ကို ပြန်ပေးဖို့ ဒေသခံလယ်သမားတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-03-29
အစိုးရက လာမယ့်ဧပြီလ ၁ ရက်နေ့က စပြီး လျှပ်စစ်မီတာခတွေ တိုးမြင့်ကောက်ခံမယ်လို့ ကြေညာလိုက်တဲ့အတွက် မီတာခတွေ တိုးမကောက်ဖို့ မနေ့ညက မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒပြသူတွေထဲက ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-03-29
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ NGO တွေ ရုံးစိုက်တဲ့နေအိမ်တွေကို ဒေသခံလူအုပ်စုက အကြမ်းဖက်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2014-03-28
ဒီနှစ်ကျင်းပမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ၂၀၁၅ ရွေးကောက်ပွဲကိုပါ ပါဝင်ယှဉ်ပြိုင် သွားမှာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ပါတီနှစ်ပတ်လည် မြို့နယ်စုံညီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူ တင်ပြထားပါတယ်။
2014-03-28
ရခိုင်ပြည်နယ်က ဒေသတချို့ကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံထဲ ထည့်သွင်းဖို့ ရေးသားထားတဲ့ Dhaka Tribune သတင်းစာပါဆောင်းပါးကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေ မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီးနောက် ဒီကနေ့ မန္တလေးမြို့မှာလည်း ဆက်လက်ပြုလုပ်ကြပါတယ်။ ဒီအကြောင်းနဲ့ပါတ်သက်ပြီး အာအက်အေ အဖွဲ့သား-ဦးတင်အောင်ခိုင်- က တင်ဆက်ထားပါတယ်။
2014-03-28
မတ်လ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားအပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။ RFA အဖွဲ့သူ မခက်မာက တင်ပြထားပါတယ်။
2014-03-28
ဧပြီလ ၁ ရက်နေ့မှာ အစိုးရက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာထား တဲ့အတွက် မနေ့ညက ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း က တင်ပြထားပါတယ်။
2014-03-28
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ လမ်းဘေးမြေအောက်ရေဆိုးမြောင်းတွေကနေ တရားမဝင် အကြော်ခံဆီထုတ်လုပ်မှုကို RFA လွတ်လပ်တဲ့အာရှအသံ ကန်တုံဌာနက စုံစမ်းထောက်လှမ်းပြီး ထုတ်လွှင့်ဖော် ပြခဲ့ပါတယ်။
2014-03-27
ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ဆန္ဒပြပွဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhakka Tribune သတင်းစာမှာ... ရခိုင်ပြည်နယ်က ဒေသတချို့ကို လူထုဆန္ဒခံယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးနဲ့ပတ်သက်လို့ ရန်ကုန်မြို့က သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ကို သွားရောက် ကန့်ကွက်ခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ဦးသိန်းအောင်က တင်ပြထားပါတယ်။
2014-03-27
အစိုးရသက်တမ်းသုံးနှစ်ပြည့် သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ အမြင်ကို အခုထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-03-27
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ကျေးရွာ ၂ ရွာမှာ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းတရင်းနဲ့ အကြပ်ကြီးသင်တန်းကျောင်းက အိမ်တွေဝင်ရောက်ဖျက်ဆီးပြီး မောင်းထုတ်လိုက်တဲ့အတွက် မိသားစုတွေဟာ အနီးအနားမှာ ရွက်ဖျင်တဲထိုးပြီး နေထိုင်နေကြရပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က စုစည်း တင်ပြထားပါတယ်။
2014-03-27
သမ္မတဦးသိန်းစိန်ဟာ အစိုးရသက်တမ်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စု လွှတ်တော် မှာ ဒီနေ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြ ထားပါတယ်။