သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-30
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြည်သူ့သံတမန်ရေးရာ တွဲဖက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Richard Stengel ဟာ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး မနေ့က ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စာဒသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2014-04-30
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ရခိုင်အမျိုးသားညီလာခံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက် နေ့အထိ ငါးရက်ကြာ ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားပါတယ်။
2014-04-30
UNICEF လို့ခေါ်တဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုကို ရန်ကုန်မြို့ Micasa ဟိုတယ်မှာ ဒီကနေ့ ညနေပိုင်း က ကျင်းပခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-04-30
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ သာဂရ သရက်တောဘုန်းကြီးကျောင်းက စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှာ လာရောက်ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေဟာ အသက်ရှင်သန် ရပ်တည်ရေးအတွက် တနိုင်တပိုင် ပယင်းကျောက်သွေးလုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-04-30
၈၈ မျိုးဆက် (ပွင့်လင်းလူ့အဖွဲ့အစည်း) က ကိုမြအေး ဦးဆောင်တဲ့ "ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက် ဖော်ဆောင်ရေးကော်မတီ" ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-04-30
အမေရိကန် တွဲဖက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Richard Stengel ဟာ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မနေ့က ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စားသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2014-04-30
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့မှာ ရခိုင်တိုင်းရင်းသားပါတီတွေ အဖွဲ့အစည်းတွေနဲ့၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေအပါဝင် စုစုပေါင်းတထောင်ကျော် တက်ရောက်နေတဲ့ ရခိုင်အမျိုးသားညီလာခံကို ဒီနေ့ လေးရက်မြောက် နေ့အဖြစ် ကျင်းပနေပါတယ်။
2014-04-30
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းထားတဲ့ "တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့- NCCT" ရဲ့ ဆွေးနွေးပွဲကနေ အစိုးရတပ်ဖွဲ့တွေနဲ့ စစ်ရေးဆိုင်ရာ လိုက်နာကျင့်သုံးရမဲ့အချက်တွေ ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုင်းအခြေစိုက် RFA သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။
2014-04-30
ထားဝယ်ခရိုင် လောင်းလုံမြိုနယ်၊ ညင်းမော်ကျေးရွာအုပ်စုမှာ တည်ဆောက်မယ့် ရေနံချက်စက်ရုံကို ဒေသခံတွေက ဒီနေ့လောင်းလုံမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-04-30
ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်နဲ့ လူပေါင်း ၂ဝ လောက်ဟာ ဧပြီလ ၂၈ ရက်၊ မနေ့က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ ပြည်ထောင်စုအစိုးရအပေါ် အယုံအကြည်မရှိကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။ ကိုထင်ကျော်နဲ့အဖွဲ့ဟာ မန္တလေးမြို့နဲ့ ရန်ကုန်တိုင်း အတွင်းက တခြားမြို့နယ်တွေမှာလည်း အလားတူ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ ကိုထင်ကျော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-04-30
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲမှာ တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ပေးခဲ့ရတဲ့ ကျေးရွာ ၂၃ ရွာကဒေသခံတွေဟာ နေရာသစ်မှာ သောက်သုံးရေရှားပါးပြီး စိုက်ပျိုးမြေ မရှိတဲ့အတွက် မူလကျေးရွာတွေမှာ ပြန်လည်နေထိုင်ကြသူတွေ ရှိလာပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က အဲ့ဒီကျေးရွာတွေကို သွားရောက်သတင်းယူပြီး တင်ပြထားပါတယ်။
2014-04-30
မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ တည်ဆောက်ထား တဲ့ ရေလှောင်တမံတွေကြောင့် ကျေးရွာအများအပြား ရေနစ်မြုပ်ပြီး လယ်ယာမြေ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပွားနေပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2014-04-28
နှစ်တရာကျော် သက်တမ်းရှိပြီဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးကို ဗြိတိန်နိုင်ငံက ပညာရှင်တွေနဲ့ ပြင်ဆင်မွမ်းမံသွားမယ်လို့ သိရပါတယ်။ ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနဲ့ အဆင့် မြှင့်တင်ရေးကော်မတီဝင် ရန်ကုန်ဆေးရုံအုပ် ဒေါက်တာဒေါ်ပပကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံ မေးမြန်းထားပါတယ်။
2014-04-28
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ဆွေးနွေးပွဲ ပြုလုပ်နေ ပါတယ်။ RFA သတင်းထောက် ကိုအောင်မိုးမြင့်က ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။
2014-04-28
သတင်းမီဒီယာသမားတွေ လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေး နဲ့ သတင်းသမားတွေကို ဥပဒေအရ အကာအကွယ်ပေးရေး အတွက် ဆွေးနွေးကြမယ့် ညီလာခံကို ရန်ကုန်မြို့မှာ မကြာခင် ကျင်းပသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းပေါ်က Home Media ရုံးခန်းမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။