သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေကို ရှင်းလင်းပြောကြားခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တင်ပြထား ပါတယ်။
2014-05-30
၂ဝဝ၈ ဖွဲ့စည်းပုံအခြခံဥပဒေမှာ ပြင်ဆင်၊ ပယ်ဖျက်သင့်တယ်လို့ ယူဆပြီး လွှတ်တော်ကို တင်ပြ ထားတဲ့ အချက် ၁၆၈ ချက်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲက အချက်တချို့နဲ့ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-05-30
ရှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့မှာ အစိုးရဌာနဆိုင်ရာက သိမ်းဆည်းထားတဲ့ စိုက်ပျိုးမြေတွေထဲက အသုံးမပြုပဲ ပိုလျှံတဲ့မြေတွေကို မူလပိုင်ရှင်တွေလက်ထဲ အခမ်းအနားနဲ့ ပြန်ပြီး လွှဲပြောင်းပေးခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-05-30
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) မပြင်ဆင်ဖို့ လှုံဆော်တဲ့ လက်ကမ်းစာစောင်တွေကို မန္တလေး မြို့နယ် ၅ မြို့နယ်မှာ ဒီနေ့မနက်အစောပိုင်းက ဖြန့်ဝေခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-05-30
နိုင်ငံတကာ စာရေးဆရာ ကဗျာဆရာနဲ့ ထုတ်ဝေသူတွေ စုစည်းထားတဲ့ PEN International အဖွဲ့ဝင် Pen Myanmar အဖွဲ့ရဲ့ ရုံးခန်းဖွင့်ပွဲကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ Pen Myanmar အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ရသစာပေ ဖွံ့ဖြိုးတိုးတက်ရေးအပြင် သတင်းမီဒီယာတွေကို စောင့်ကြည့်ပြီး အမုန်းတရား ပွားစေ တဲ့ အရေးအသားတွေကို စောင့်ကြည့်လေ့လာသွားမယ်လို့ ပြောပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း က တင်ပြထားပါတယ်။
2014-05-30
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ မှတ်မှတ် သားသား စကားများ အစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးအောင်ကို၊ နေပြည်တော်ဆန္ဒပြသူတဦးတို့ပြောကြားချက်တွေနဲ့ ၊ အမေရိကန်သမ္မတဘားရတ်အိုဘားမားရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြောကြားချက်တွေကို ကောက်နှုတ် တင်ပြထားပါတယ်။ RFA အဖွဲ့သား ကိုကျော်မင်းထွန်း အပတ်စဉ် စီစဉ်တင်ဆက်ထားပါတယ်။
2014-05-29
တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့် ကြောင်း ပြည်သူ့လွှတ်တော် "တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာ- အသနားခံစာများ စိစစ်ရေး ကော်မတီ" ဥက္ကဋ္ဌ သူရဦးအောင်ကိုက သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-05-29
ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်၊ ဘော်ဆိုင်းဒေသမှာ သတ္တုတူးဖော်နေတဲ့ တရုတ်နိုင်ငံ အခြေစိုက် Good Plus Star ကုမ္ပဏီက တရုတ်နိုင်ငံသားတွေကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ကလော မြို့နယ်တရားရုံးက ဒီနေ့ အမိန့် ချမှတ်လိုက်ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-05-29
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာ အုပ်စု က တောင်သူတွေဟာ စီမံကိန်းသီးနှံတွေကို မစိုက်တော့ ဘဲ ငြင်းဆန်လိုက်ပြီး တောင်သူတွေအတွက် အကျိုးအမြတ်ဖြစ်စေတဲ့ ပဲသီးနှံကိုသာ စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလို ဆုံးဖြတ်ခဲ့တဲ့ အတွက် တောင်သူတွေ အတော်များများ တရားစွဲခံထားရပါတယ်။
2014-05-29
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမ ကြီးဟာ ဒေသချင်းဆက်သွယ်ရာမှာ အရေးပါတဲ့ လမ်းတခု ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း ဖောက်လုပ် ထားတဲ့ လမ်းပိုင်းတွေမှာ မြစ်ကြီးနားကနေ မိုးကောင်းအထိ သွားလာရေး အဆင်ပြေပေမယ့်၊ မိုးကောင်းကနေ နန့်စီးအောင်အကြားမှာ လမ်း၊ တံတားတွေ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2014-05-29
ရန်ကုန်တိုင်း ကြည့်မြင်တိုင်တဘက်ကမ်းက မြို့နယ်တွေမှာ သောက်သုံးရေအခက်အခဲ ကြုံနေရတဲ့ အတွက် ရေလှူဒါန်းသူတွေကို အားကိုးပြီး သောက်သုံးရေပြဿနာကို ဖြေရှင်းနေကြရပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
2014-05-27
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒီနေ့ နေပြည်တော် ဥတ္တရသီရိမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပြီး ဒေသခံလူထုဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုနေမျိူးထွန်း တင်ပြထားပါတယ်။
2014-05-27
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် တိုင်းရင်းသားပါတီတွေက လည်း ပူးပေါင်းပါဝင်သွားမယ်လို့ ဒီနေ့ ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့ အစည်းရုံးခန်းမှာကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲမှာ ပြောပါတယ်။ အာအက်ဖ်အေ သတင်းထောက် မစန်းမော်အောင် တင်ပြထားပါတယ်။
2014-05-27
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတဲ့ လူထုဆန္ဒလက်မှတ်ကောက်ခံ မှုကို နိုင်ငံအနှံ့မှာ ဒီနေ့ စတင်လိုက်ပါတယ်။ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်က လက်မှတ် ရေးထိုးပွဲကို အနုပညာရှင်တွေလည်း လာရောက် လက်မှတ်ရေးထိုးကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုနေမျိူးထွန်း တင်ပြထားပါတယ်။
2014-05-27
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ရေး အစီအစဉ် ကို မန္တလေးမြို့မှာ ဒီကနေ့ စတင်ကြပါတယ်။ ဒီအကြောင်း အာအက်အေအဖွဲ့သား ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။