သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-30
PR (ခေါ်) အချိုးကျကိုယ်စားပြုစနစ်ကို လာမယ့်ရွေးကောက်ပွဲတွေမှာ ကျင့်သုံးဖို့အဆိုကို ပြည်သူ့ လွှတ်တော်မှာ သုံးရက်ကြာ ဆွေးနွေးခဲ့ကြပြီးနောက်၊ မြန်မာနိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲစနစ်က သင့်တော်သလဲ ဆိုတဲ့အပေါ် ဆွေးနွေးအကြံပြုရမယ့် ကော်မတီတခု ဖွဲ့စည်းဖို့ လွှတ်တော်က ဆုံးဖြတ်လိုက် ပါတယ်။
2014-07-30
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်အဖြစ် “မဟာမှိုင်းအလွန် နှစ်ငါးဆယ်” လို့အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ လောကနတ်ပန်းချီပြခန်းမှာ ဇူလိုင်လ ၂၈ ရက်နေ့က စတင် ပြသနေပါတယ်။
2014-07-30
မြန်မာနိုင်ငံမှာ တနှစ်ကို လူပေါင်း ၈ ထောင်ကျော် မြွေကိုက်ခံနေရပြီး၊ မြွေကြောင့် တနှစ်ကို လူတထောင်ဝန်းကျင် သေဆုံးနေရတယ်လို့ သိရပါတယ်။
2014-07-30
ရခိုင်ပြည်နယ်လွှတ်တော်- ဥပဒေပြုရေးကော်မတီက ရေးဆွဲထားတဲ့ “ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေ” (မူကြမ်း) ကို ဒီကနေ့ သမိုင်းသုတေသီတွေက ဆွေးနွေးခဲ့ကြပါတယ်။
2014-07-29
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်ညပိုင်းက အစိုးရတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်- TNLA အကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေ ဟာ နမ့်ခမ်းမြို့မှာ ယာယီ စစ်ဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ပြီး ခိုလှုံနေကြရပါတယ်။
2014-07-29
လာမယ့်ရွေးကောက်ပွဲတွေမှာ PR (ခေါ်) အချိုးကျကိုယ်စားပြု စနစ် ကျင့်သုံးရေးအဆိုနဲ့ ပတ်သက်ပြီး ပြည်သူလွှတ်တော်မှာ ဒီကနေ့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
2014-07-29
စကိတ်စီးတဲ့ အားကစားနည်းဟာ မြန်မာနိုင်ငံမှာ အစပျိုးတဲ့အဆင့်မှာသာ ရှိနေပြီး တရားဝင် အားကစားတခုအဖြစ် သတ်မှတ်ထားတာ မရှိသေးပါဘူး။ လူငယ်တွေ အတော်များများကတော့ စကိတ်စီး ခြင်းကို အားကစားနည်းတခုအဖြစ် အစိုးရက အသိအမှတ်ပြုဖို့ လိုလားနေကြပါတယ်။
2014-07-29
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ ဆေးမင်ကြောင် (ခေါ်) Tatoo ထိုးတဲ့ဓလေ့ဟာ မြန်မာနိုင်ငံက လူလတ်ပိုင်းလူငယ်ပိုင်းတွေကြားမှာ ခေတ်စားလာနေပါတယ်။
2014-07-29
အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ၆၃ ကြိမ်မြောက် ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် မယ့် မြန်မာအလှမယ်ရွေးချယ်ပွဲကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့ပါ တယ်။
2014-07-28
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စ Yanghee Lee က… ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင်တွေအကြား ရာသက်ပန် ခွဲခြားမှှု ဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မိကြောင်း ဇူလိုင်လ ၂၆ ရက် ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2014-07-28
နယ်စည်းမခြား ဆရာဝန်များအဖွဲ့- MSF ကို ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက် အကူအညီ ပေးဖို့ ဖိတ်ခေါ်ရတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေက စစ်တွေမြို့မှာ ရပ်မိရပ်ဖ တွေကို ရှင်းပြခဲ့ပါတယ်။
2014-07-28
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများ ကွန်ယက်အဖွဲ့ဝင် ၃ ရာကျော်လောက် ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ မြေနီကုန်းပန်းခြံကနေ ဗဟန်းမြို့နယ်က ဗိုလ်စိန်မှန် ကွင်းကို လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-07-28
သတင်းမီဒီယာတွေ စုစည်းကျင်းပတဲ့ ပထမဆုံးအကြိမ် မီဒီယာဖိုရမ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန် မြို့ ယုဇနဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2014-07-28
သတင်းမီဒီယာတွေကို ဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့အတွက် တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2014-07-25
ရှမ်းပြည်နယ် တောင်ကြီးမြို့က အမှတ် ၄ အခြေခံ ပညာအထက်တန်းကျောင်းဟာ ၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ရှမ်းပြည်နယ်ရဲ့ အောင်ချက်အကောင်းဆုံးကျောင်း ဖြစ် တယ်လို့ သိရပါတယ်။