သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-10
၆၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို တအာင်းအမျိုးသမီးအဖွဲ့ TWO နဲ့ Equal Myanmar အဖွဲ့ ပူးပေါင်းပြီး လားရှိုးမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-12-09
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်က ဝမ့်ဝ ဒုက္ခသည်စခန်းနဲ့၊ မိုင်းရှူးမြို့နယ်က ဟိုက်ပါ ဒုက္ခ သည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ၈၈ မျိုးဆက်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးခဲ့ ပြီး ငွေကြေး၊ အဝတ်အထည်တွေနဲ့ စားစရာတွေ လှူဒါန်းခဲ့ပါတယ်။
2015-12-09
ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ စိတ်ဓာတ်မြှင့်တင်ဖို့၊ မြေမြုပ်မိုင်းနဲ့ ပတ်သက်တဲ့ အသိပညာတွေ ရရှိစေဖို့အတွက် ရှမ်းလူငယ်ကွန်ရက်အဖွဲ့တွေနဲ့ ကုလသမဂ္ဂ UNICEF အဖွဲ့တွေ ပူးပေါင်းပြီး ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေက ပညာပေးဆွေးနွေးခဲ့ပါတယ်။
2015-12-09
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၂ ရုံက အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံအခြေစိုက် Oxfam ဆင်းရဲနွမ်းပါးမှုနဲ့ မတရားမှု ဖြေရှင်းပေးရေးအဖွဲ့နဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး သုတေသနပြုလုပ်ထားတဲ့ အစီရင်ခံစာကို ရှင်းပြခဲ့ပါတယ်။
2015-12-09
အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု ပိတ်ဆို့ထားတာကို ၆ လ ယာယီရုပ်သိမ်းလိုက်ကြောင်း ပြီးခဲ့တဲ့နှစ်ရက်လောက်က ကြေညာလိုက်ပါတယ်။အခုလို ရုပ်သိမ်းပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ အချိန်ကာလကို ထပ်တိုးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2015-12-09
ကမ္ဘာလှည့်ခရီးသည်တွေ အရောက်များတဲ့ ပုဂံဒေသမှာ ခရီးသွားတွေ စိတ်ဝင်စားကြတဲ့အထဲမှာ မီးပုံးပျံ စီးပြီး ပုဂံရှုခင်းကို ကြည့်ကြတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မီးပုံးပျံစီးဖို့အတွက် တယောက်ကို အမေရိကန်ဒေါ်လာ ၃၈ဝ နှုန်းနဲ့ ကုမ္ပဏီ ၃ ခုက ဝန်ဆောင်မှု ပေးနေပါတယ်။
2015-12-09
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လာရောက်လေ့လာတဲ့ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးပါတီ Viet Tan ခေါင်းဆောင်တွေအပါအဝင် အဖွဲ့ဝင် ၁၄ ဦးဟာ မြန်မာနိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေနဲ့၊ လူ့အခွင့်အရေးအဖွဲ့တချို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2015-12-09
သတင်းမီဒီယာသမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဆွေးနွေးကြတဲ့ "ဒစ်ဂျစ်တယ်ဘဝတွေထဲက ဒစ်ဂျစ်တယ် အန္တရာယ်များ" ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက် မနေ့က ရန်ကုန်မြို့ ParkRoyal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2015-12-09
ကရင်နီပြည်နယ် မြို့နယ်အဆင့် ပဏာမညီလာခံကို ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP က ဦးဆောင်ပြီး လွိုင်ကော်မြို့မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
2015-12-09
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-12-08
ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ပေးဖို့ ရှမ်းလူငယ်အဖွဲ့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ှမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-12-08
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး- NCA သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ သဘောတူညီချက်ရယူရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
2015-12-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နေပြည်တော် စည်ပင်ဝင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ် တည်းခိုဆောင်မှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ဆုံခဲ့ ပါတယ်။
2015-12-08
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်မြန်မာပြည်က ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ပျဉ်းမနားမြို့ မေခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။
2015-12-08
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီက တင်သွင်းထားတဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်ကို ဒီဇင်ဘာလ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ပါတယ်။