သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-31
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အကြောင်း အမျိုးမျိုးကြောင့် မဲမပေးနိုင်သူတွေဟာ အောက်တို ဘာ ၂၉ ရက်ကစပြီး လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင်မဲပေးရမှာ ဖြစ်ပါတယ်။
2015-10-31
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ်ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသားစကားများ” အစီအစဉ်ဖြစ်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးဌေးဦး၊ ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်း၊ NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ စတဲ့ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်းစားစရာပြောကြားချက်တချို့ကို စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-10-31
အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း- လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းဟာ မနေ့ညက သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေစဉ် ဓါးနဲ့ ခုတ်ခံရပြီး ရန်ကုန်ဆေးရုံးကြီးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
2015-10-31
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနိုင်ရဖို့အတွက် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ တောင်ကုတ်မြို့မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ RFA သတင်းထောက် မရွှေရည်မဉ္ဇူက တင်ပြထားပါတယ်။
2015-10-31
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁ ဦး ရှိပါတယ်။
2015-10-31
တိုင်းရင်းသားဒေသတွေက မြေယာပြဿနာတွေအကြောင်းကို လေ့လာပြုစုထားတဲ့ ''တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည်" လို့အမည်ပေးထားတဲ့ အကြံပြုစာတမ်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်လိုက်ပါတယ်။
2015-10-31
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ညက သာသနာ ၂၅ဝဝ စေတီတော်မှာ ဆီမီးတစ်ထောင်- ပန်းတစ်ထောင် ပူဇော်ပွဲနဲ့ ရှင်ဥပဂုတ္တ ဖောင်တော် ရေမျှာပူဇော်ပွဲကို ကျင်းပခဲ့ပါတယ်။
2015-10-30
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကကိုယ်စား လှယ်လောင်း လေးဦးဟာ သံဖြူဇရပ်မြို့နယ်ကနေ ကျိုက္ခမီမြို့နယ်အထိ ကားတွေနဲ့စီတန်းလှည့်လည် ပြီး ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။
2015-10-30
လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေပေးနိုင်ဖို့ မကွေးမြို့မှာ အောက်တိုဘာလ ၂၈ ရက်နေ့က စပြီး မဲရုံတွေမှာ မဲပုံးတွေ ပြင်ဆင် ချထားပေးခဲ့ပါတယ်။
2015-10-30
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်ရဲ့ဈာပန တုန်းက မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်းတရာကို ရန်ကုန်မြို့ နဝဒေးလမ်းမှာရှိတဲ့ Think Art gallery မှာ သုံးရက်ကြာ ပြသနေပါတယ်။
2015-10-30
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ကနေ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း မလိခဦးလှချစ်နဲ့၊ တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးမင်းအောင်တို့ဟာ တောင်ဥက္ကလာပ မြို့နယ်မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-30
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ-လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရင် လျှပ်စစ်မီတာပုံးတွေ ချထားပေးမယ်ဆိုပြီး ဒေသခံတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ခေါ်ယူပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2015-10-30
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာမှာ လာမယ့်ရွေးကောက်ပွဲနေ့ မဲပေးတဲ့အခါ မဲဆန္ဒရှင်တွေ အမှားအယွင်း မရှိဖို့အတွက် လက်တွေ့ သရုပ်ပြခဲ့ကြပါတယ်။
2015-10-29
နိုင်ငံကျော် အနုပညာရှင်တွေဟာ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဖျော်ဖြေရေး အစီအစဉ်နဲ့ မဲဆွယ်ပေးခဲ့ကြ ပါတယ်။
2015-10-29
နိုင်ငံရေးပါတီတွေကနေ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေလည်း အတော်များများ ပါဝင်ကြပါတယ်။ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲရောက်ဖို့အတွက် ကိုယ်စားလှယ် တစ်ဦးချင်းစီအလိုက် ကြိုးပမ်းနေတာတွေ ရှိသလို သူတို့တတွေ အရွေးခံရဖို့အတွက် နှိုးဆော်တာတွေလည်း ရှိနေပါတယ်။