သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-30
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်တွင်း မှာ နေရာရရှိထားတဲ့ နိုင်ငံရေး ပါတီ ၁၉ ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မေလ ၂၉ ရက်နေ့ က နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2015-05-30
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နေပြည်တော် MICC 2 ခန်းမမှာကျင်းပတဲ့ ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်ပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2015-05-30
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်သောင်တင်နေတဲ့ လှေစီးရွေ့ပြောင်းဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ နိုင်ငံ ၁၇ နိုင်ငံ က အရာရှိတွေ တက်ရောက် တဲ့ ရွေ့ပြောင်းဒုက္ခသည်များအရေး အထူးအစည်းအဝေး တရပ်ကို ထိုင်းအစိုးရကကြီးမှူးပြီး ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
2015-05-30
၂၀၁၄ ခုနှစ် လူဦးရေ နဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မ အစီရင်ခံစာကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာမှာ မေလ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
2015-05-30
သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-05-28
မီဒီယာတွေကို သတင်းဓာတ်ပုံနဲ့ ရုပ်သံရိုက်ကူးခွင့် ပိတ်ပင်လိုက်တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ် တချို့ရဲ့ အမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထား ပါတယ်။
2015-05-28
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်နဲ့ နမ့်စန်မြို့နယ်အတွင်း ရှမ်းပြည်တပ် မတော်တောင်ပိုင်း RCSS/SSA အဖွဲ့က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေတဲ့အတွက် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-05-28
အခုဆက်ပြီး “ကျေးလက်ပြည်သူတဦးရဲ့ တနေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ၊ ပြင်စာကျေးရွာမှာ ပြည်တွင်းစစ်ဒဏ်ခံရတဲ့ မိဘမဲ့ တိုင်းရင်းသားကလေးငယ်တွေကို မိဘမဲ့ဂေဟာ ဖွင့်လှစ်စောင့်ရှောက်နေသူ စာရေးဆရာကြီးတစ်ဦးနဲ့ တနေ့တာ တွေ့ဆုံခဲ့တဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-05-28
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ” ကို ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2015-05-28
မွန်ပြည်နယ်မှာ အစိုးရပိုင်သင်္ဘောတွေနဲ့ ကူးတို့ရေယာဉ်တွေ ပြေးဆွဲတာ ရပ်နားလိုက်တဲ့အတွက် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ် ဘီလူးကျွန်းကို သွားလာကြတဲ့ ခရီးသည်တွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။
2015-05-28
မြန်မာ့ရုပ်သေးပညာ ပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မြန်မာနိုင်ငံ ရုပ်စုံသဘင်အသင်းကဦးစီးပြီး မန္တလေးမြို့က မြမန္တလာဟိုတယ်မှာ မေလ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့ပါတယ်။
2015-05-28
အမျိုးဘာသာ သာသနာ ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) က အစိုးရ ကို တောင်းဆိုထားတဲ့ မျိုးစောင့်ဥပဒေ လေးခုထဲ က… မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2015-05-28
ရိုဟင်ဂျာဆိုတာ မရှိကြောင်းနဲ့ လှေစီးဒုက္ခသည်တွေကို လက်မခံဖို့အတွက် မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခ ဦးဆောင်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်း ၂ဝ လောက် ရန်ကုန်မြို့ ကျိုက္ကဆံ လူထုဟစ်တိုင်ကွင်းမှာ ဒီကနေ့ ဟောပြောပွဲကျင်းပခဲ့ကြပါတယ်။
2015-05-28
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးတွဲပြီး နိုင်ငံရေးပူးတွဲကြေညာချက်စာတမ်း ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာစာတမ်းနဲ့ပတ်သက်ပြီး ရန်ကုန် ဗဟန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ် မှာ နှစ်ဖက်ခေါင်းဆောင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-05-28
၂ဝ၁၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့က ချီးမြှင့်တဲ့ ၄၅ ကြိမ် မြောက် Florence Nightingale ဆုကို မြန်မာနိုင်ငံက အထက်တန်းသူနာပြု ကိုစ,နိုင်နိုင်ထွန်းက ရရှိခဲ့ပါတယ်။